ဗန်းမော်တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းနဲ့ အပြင်းအထန် ခုခံနေ
ကချင်တပ်မတော်- KIA နဲ့ ပူးပေါင်းတပ်တွေ ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ကချင်ပြည်နယ် ဗန်းမော် မြို့သိမ်းတိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်းသုံးကာ အပြင်းအထန် ခုခံနေတယ်လို့ KIA ရဲ့ ပြောခွင့်ရသူ ဗိုလ်မှူးကြီး နော်ဘူက ရွှေဖီမြေကို ပြောပါတယ်။