အမ်း-ပဒါန်း ကားလမ်းမပေါ်ရှိ စစ်တပ်စခန်းကုန်းတစ်ခုကို CDF Asho သိမ်းယူ၊ဒေသခံ ၁၆ ဦး ဖမ်းဆီးခံရ
မကွေးတိုင်း ငဖဲမြို့နယ် ပဒါန်းမြို့အနောက်ဘက် အမ်း-ပဒါန်း ကားလမ်းမပေါ်ရှိ စစ်ကောင်စီ တပ်စခန်းကုန်းတစ်ခုကို ချင်းဒေသ ကာကွယ်ရေးတပ်- အရှို (CDF-Asho)က သိမ်းယူပြီး တစ်ရက်အကြာမှာ အဲအနီးနားက ဒေသခံ ၁၆ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်က ဖမ်းဆီးသွားခဲ့တယ်လို့ CDF Asho မှ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။