လားရှိုးမှာ ၅ နှစ်အောက် ကလေးငယ်တွေကို ကာကွယ်ဆေး အခမဲ့ ထိုးပေးနေ

ကိုးကန့်တပ်မတော်- MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ ၅ နှစ်အောက် ကလေးငယ်တွေကို ကာကွယ်ဆေး အခမဲ့ ထိုးပေးနေတယ်လို့ လားရှိုးပြန်လည်ထူထောင်ရေးက မနေ့ ဖေဖော်ဝါရီ ၁၆ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

ကရင်ဒေသမှာ စစ်ကောင်စီတပ် ဗုံးကြဲလို့ ဒေသခံ ၅ ဦး ဒဏ်ရာ ရ

ကရင်အမျိုးသား အစည်းအရုံး- KNU ရဲ့ ကော်သူးလေ အုပ်ချုပ်နယ်မြေ ဒူးသထူ (သထုံ)ခရိုင် ဘီးလင်းမြို့နယ်မှာ စစ်ကောင်စီတပ်က လေယာဥ်နဲ့ ဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၅ ဦး ထိမှန်ဒဏ်ရာ ရခဲ့တယ်လို့ KNU က မနေ့ ဖေဖော်ဝါရီ ၁၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ထိုင်း-မြန်မာနယ်စပ်ရှိ အွန်လိုင်း ငွေလိမ်ဂိုဏ်းမှာ လုပ်ကိုင်နေသူ ၁ ထောင်ကျော်ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ စစ်ကောင်စီ ပြော

ထိုင်း-မြန်မာနယ်စပ်ရှိ မြဝတီ၊ ရွှေကုက္ကိုလ်နဲ့ KK Park စတဲ့နေရာက အွန်လိုင်း ငွေလိမ်ဂိုဏ်းမှာ လုပ်ကိုင်နေသူ (၁,၀၃၀)ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ စစ်ကောင်စီက ဒီနေ့ ဖေဖော်ဝါရီ ၁၇ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။

ကွတ်ခိုင်မှာ ပိုင်ရှင်မဲ့ အမျိုးသားအလောင်း တွေ့

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့မှာ ပိုင်ရှင်မဲ့အမျိုးသားအလောင်းတစ်လောင်း‌ တွေ့ရှိခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

အင်းစိန်ထောင်က ရိုဟင်ဂျာ ၉၀၀ ကျော်ကို စစ်ကောင်စီက ရှေ့တန်း ပို့ဆောင်မယ်

ရန်ကုန်တိုင်း အင်းစိန် အကျဉ်းထောင်က ရိုဟင်ဂျာ ၉၀၀ ကျော်ကို မနေ့ ဖေဖော်ဝါရီ ၁၆ ရက် မနက် ၆ နာရီခန့်မှာ ရှေ့တန်းကို ပို့ဆောင်ဖို့ လာရောက် ခေါ်ယူသွားတယ်လို့ ထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ကူမင်းမှာ စစ်ကောင်စီနဲ့ TNLA ဆွေးနွေးနေချိန် နောင်ချိုမှာ နှစ်ဖက်တပ်အကြား တိုက်ပွဲ ပြင်းထန်နေ

တရုတ်ရဲ့ စီစဥ်ပေးမှုနဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့မှာ စစ်ကောင်စီနဲ့ တအာင်းတပ်မတော်- PSLF/TNLA တို့ ဆွေးနွေးနေချိန် နောင်ချိုမြို့နယ်မှာ နှစ်ဖက်တပ်အကြား တိုက်ပွဲ ပြင်းထန်နေတယ်လို့ ရှေ့တန်း စစ်မြေပြင်မှာ ရှိနေသူတွေက ပြောပါတယ်။

ကျောင်းဆရာဘဝကနေ စစ်သင်တန်း မတက်ရဘဲ ရှေ့တန်း ထွက်ရပြီး ကျဆုံးခဲ့တဲ့ ကျောင်းဆရာ မိုင်းအိုက်လေးရဲ့ နာရေး

ကျောင်းဆရာဘဝကနေ တအာင်းတပ်မတော်- PSLF/TNLA ရဲ့ တပ်သား စုဆောင်းတာ ခံရပြီး စစ်သင်တန်း မတက်ရဘဲ ရှေ့တန်း ထွက်ခဲ့ရကာ ကျဆုံးသွားတဲ့ ကျောင်းဆရာ မိုင်းအိုက်လေးရဲ့ နာရေးမြင်ကွင်း ဖြစ်ပါတယ်။

ရန်ကုန်က ဘာဒါဈေးကြီး ညသန်းခေါင်မှာ မီးအကြီးအကျယ် လောင်ကျွမ်း၊ ဆိုင်ခန်း ၄၀၀ ခန့် ဆုံးရှုံး

ရန်ကုန်တိုင်း လှိုင်မြို့နယ် အင်းစိန်လမ်းမပေါ်က ဘာဒါဈေးကြီးမှာ မီးအကြီးအကျယ် လောင်ကျွမ်းမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပါဝါအိတ်ဇော တပ်လို့ဆိုပြီး ကျောက်မဲမြို့ ရဲတပ်ဖွဲ့ဝင်က ဒဏ်‌ငွေ ၁ သိန်းခွဲ ဆောင်ခိုင်းပြီး ရိုက်နှက်တာ ရှိနေ၊ ဒဏ်ကြေး မဆောင်ခိုင်းသေးဘဲ လူမှုရေးပြစ်ဒဏ်သာ ပေးကြောင်း တာဝန်ရှိသူ ပြော

ရှမ်းမြောက် ကျောက်မဲမြို့တွင်းမှာ ဆိုင်ကယ် ပါဝါအိတ်ဇော တပ်လို့ဆိုပြီး တအာင်းတပ်မတော်- PSLF/TNLA ရဲ့ ရဲတပ်ဖွဲ့က ဒဏ်ငွေ ၁ သိန်းခွဲ ဆောင်ခိုင်းခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။

တွေ့ဆုံဆွေးနွေးဖို့ သွားနေချိန် စစ်ကောင်စီတပ်က နောင်ချိုမြို့နယ်ကို လက်နက်ကြီးနဲ့ လေကြောင်း ၁၈၀ ကြိမ် နီးပါး တိုက်ခိုက်ခဲ့ကြောင်း TNLA ထုတ်ပြန်

တရုတ်နိုင်ငံ ကူမင်းမြို့မှာ TNLA က ဆွေးနွေးပွဲ သွားနေချိန် စစ်ကောင်စီတပ်က TNLA ထိန်းချုပ်‌ထားတဲ့ နယ်မြေကို လက်နက်ကြီးနဲ့ လေကြောင်း ၁၇၅ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မနေ့ ဖေဖော်ဝါရီ ၁၅ ရက်မှာ TNLA က ထုတ်ပြန်ထားပါတယ်။