နောင်ချိုမှာ မိုင်းနင်းမိရာကနေ အမျိုးသား ၄ ဦး ထိခိုက်ဒဏ်ရာရ

တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ်မှာ အမျိုးသား ၄ ဦးက မိုင်းနင်းပြီး ဒဏ်ရာရထားတယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

နောင်ချိုမှာ စစ်ကောင်စီတပ်နဲ့ TNLAတို့အကြား တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်က အဆိပ်ငွေဗုံးအများအပြားနဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေ

တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ TNLAတို့ကြား တိုက်ပွဲဆက်လက်ဖြစ်ပွါးနေပြီး တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်ပါတယ်။

မူဆယ်က လောင်းကစားရုံမှာ ရိုက်နှက်ခံရလို့ ထွက်ပြေးလာတဲ့ မိန်းကလေးငယ်နှစ်ဦးက ရဲစခန်းကို အကူအညီတောင်းခံပေမဲ့ ကူညီပေးတာမရှိ

တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့က လောင်းကစားရုံတစ်ခုမှာ ရိုက်နှက်နှိပ်စက်ခံရလို့ ထွက်ပြေးလာတဲ့ မိန်းကလေးငယ်နှစ်ဦးဟာ မူဆယ်မြို့မရဲစခန်းကို သွားရောက်အကူအညီတောင်းခံခဲ့ပေမဲ့ ကူညီပေးတာမရှိဘူးလို့ မိန်းကလေးငယ်နှစ်ဦးက ပြောပါတယ်။

လားရှိုး-နမ္မတူလမ်းခွဲမှာ စစ်ကောင်စီတပ်က ကုန်ကားသမားတွေထံ ငွေသိန်းချီ တောင်းခံ

စစ်ကောင်စီတပ် ပြန်ပြီးထိန်းချုပ်နေတဲ့ လားရှိုးမြို့အထွက် နမ္မတူလမ်းခွဲမှာ ဖြတ်သန်းသွားလာတဲ့ ကုန်ကားသမားတွေဆီက စစ်ကောင်စီတပ်က ငွေသိန်းချီ တောင်းခံ‌နေတယ်လို့ လားရှိုးမြို့မှ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဖားကန့်မြို့နယ် ဆွတ်ငိုင်ယန်ရွာမှာ လက်နက်ကြီးစ ထိမှန်ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦး ဒဏ်ရာရ

ဖားကန့်မြို့နယ် မှော်ဝမ်းလေး ဆွတ်ငိုင်ယန်ရွာက ကိုယ်ဝန်ဆောင်အမျိုး ၁ ဦး လက်နက်ကြီးစ ထိမှန်တာကြောင့် ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ကျုံဒိုးမြို့နယ် ကော့ဘော်ကျေးရွာမှာ ရက်လည်လုပ်‌နေချိန် လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ ကလေး ၂ ဦးနဲ့ မိခင်အပါအဝင် ၆ ဦး သေဆုံး

ကရင်ပြည်နယ် ကျုံဒိုးမြို့နယ် ကော့ဘော်ကျေးရွာမှာ ရက်လည်ပြုလုပ်တဲ့ အိမ်ပေါ်ကို လက်နက်ကြီးကျပေါက်ကွဲလို့ ကလေး ၂ ဦး၊ မိခင် ၁ ဦး နဲ့ အမျိုးသား ၃ ဦး စုစုပေါင်း ၆ဦး သေဆုံးခဲ့တယ်လို့ ဒေသခံအမျိုးသမီးက ရွှေဖီမြေကို ပြောပါတယ်။

ရပ်စောက်မြို့နယ် အင်တော လွယ်ဟောင်းရွာမှာ စစ်ကောင်စီတပ်က ရွာခံအားလုံးကို မောင်းထုတ်ပြီး ရွာထဲ တပ်စွဲနေ

ရှမ်းတောင် ရပ်စောက်မြို့နယ် အင်တောမြို့က လွယ်ဟောင်းကျေးရွာမှာ စစ်ကောင်စီတပ်က ရွာခံအားလုံးကို မောင်းထုတ်ပြီး ရွာထဲ တပ်စွဲထားတယ်လို့ ဖြစ်စဉ်သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

လားရှိုးအနီး ဟိုပိတ်မှာ သူခိုး ၄ ဦးကို MNDAA ဖမ်းဆီး

ကိုးကန့်တပ် ထိန်းချုပ်ထားတဲ့ လားရှိုးမြို့အနီးရှိ ဟိုပိတ်ရွာဈေးမှာ ကားစီးလာတဲ့ သူခိုး ၄ ဦးကို ဖမ်းဆီးရမိခဲ့တယ်‌လို့ ဟိုပိတ်မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

သိန္နီမြို့က ကျေးရွာတချို့မှာ MNDAA လူသစ် စုဆောင်းဖို့ အစည်းအဝေး စခေါ်နေ၊ လူမျိုးမရွေး ခေါ်ယူမယ်လို့ဆို

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ သိန္နီမြို့ရှိ ကျေးရွာတချို့မှာ MNDAA က တပ်သားသစ် ခေါ်ဖို့အတွက် ကျေးရွာဥက္ကဌနဲ့ အုပ်ချုပ်ရေးမှူးကို အစည်းအဝေး ခေါ်ခဲ့ကြောင်း ကောင်းဟော်ရွာခံ အမျိုးသမီးတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

လုံးခင်းမှာ ဒေသခံတစ်ဦး ထပ်မံ ပစ်ခတ်ခံရ၊ ၃ ရက်အတွင်း လုံးခင်းအုပ်စုမှာ လူ ၈ ဦးခန့် ပစ်သတ်ခံရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းမှာ မနေ့ ဇွန်လ ၁၄ ရက် ညနေပိုင်းက ဒေသခံတစ်ဦး ထပ်မံ ပစ်ခံရပြီး ၃ ရက်အတွင်း လုံးခင်းအုပ်စုမှာ လူ ၈ ဦးခန့် ပစ်သတ်ခံရကြောင်း ဒေသခံတွေဆီက သိရပါတယ်။