နမ့်လန်မှာရှိတဲ့ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်မှာ တအာင်းလူငယ် ၃ ဦးကို ဖမ်းဆီး၊ တစ်ဦးကို ငွေ ၄ သိန်း တောင်းပြီး ပြန်လွှတ်ပေး

ရှမ်းမြောက် သီပေါမြို့နယ် နမ့်လန်မြို့မှာရှိတဲ့ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တစ်ခုမှာ တအာင်းလူငယ် ၃ ဦးကို ဖမ်းဆီးကာ တစ်ဦးကို ငွေ ၄ သိန်း တောင်းပြီး ပြန်လွှတ်ပေးခဲ့ပါတယ်။

ရှမ်းတောင်မှာ PNO က ကရင်နီပြည်က အရပ်သားကို ပစ်မှတ်ထား ဖမ်းဆီးသတ်ဖြတ်နေတယ်လို့ BWIC ပြော၊ ၈ လအတွင်း အရပ်သား ၂၇ ဦး ဖမ်းဆီးခံရပြီး ၅ ဦး သတ်ဖြတ်ခံရ

ရှမ်းတောင်မှာ ပအိုဝ်းပြည်သူ့စစ်- PNO က ကရင်နီပြည်နယ်က အရပ်သားတွေကို ပစ်မှတ်ထား ဖမ်းဆီးသတ်ဖြတ်နေတယ်လို့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မှတ်တမ်း တင်နေတဲ့ Burma War Crime Investigation- BWCI အဖွဲ့က ပြောပါတယ်။

ပြင်ဦးလွင် ရေချမ်းအိုးရွာက လူနေအိမ် ၁ ထောင်နိီးပါးကို စစ်ကောင်စီတပ်က အင်အားသုံး ဖြိုဖျက်နေ

မန္တလေးတိုင်း ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး ၁၂ ရေချမ်းအိုးရွာက နေအိမ်ပေါင်း ၁ ထောင်နီးပါးကို စစ်ကောင်စီတပ်က ဒီနေ့မနက်ပိုင်းမှာ စက်ယန္တရားကြီး အသုံးပြုပြီး အင်အားသုံး ဖြိုဖျက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မူဆယ်မှာ ကားတစ်စီး ဓာတ်တိုင် ဝင်တိုက်ရာကနေ တိမ်းမှောက်၊ တစ်ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

ရှမ်းမြောက် မူဆယ်မြို့နယ်မှာ ကားတစ်စီး ဓာတ်တိုင်တစ်ခု ဝင်တိုက်မိရာကနေ တိမ်းမှောက်လို့ ၁ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

လက်ပံတန်းမှာ စစ်မှုထမ်းစာရင်းကို ထွေအုပ်ရုံးသို့ သွားပို့တဲ့ အုပ်ချုပ်ရေးမှူး လမ်းမှာ ပစ်သတ်ခံရ

ပဲခူးတိုင်း လက်ပံတန်းမြို့နယ် မှော်အင်းအုပ်စု မှော်အင်းရွာက အုပ်ချုပ်ရေးမှူး သန်းဦးဆိုသူဟာ ထွေအုပ်ရုံးသို့ စစ်မှုထမ်းစာရင်း သွားပို့စဉ် လမ်းမှာ ပစ်သတ်ခံခဲ့ရပါတယ်။

ထိုင်း-မြန်မာနယ်စပ်ရှိ ကျားဖြန် လုပ်ငန်းလုပ်ကိုင်နေသူ ၂ ထောင်ကျော်ကို ဖမ်းဆီးနိုင်ခဲ့ကြောင်း စစ်ကောင်စီ ပြော

ထိုင်း-မြန်မာနယ်စပ်ရှိ မြဝတီ၊ ရွှေကုက္ကိုလ်နဲ့ KK park စတဲ့နေရာမှာရှိတဲ့ အွန်လိုင်း ငွေလိမ်ဂိုဏ်းမှာ လုပ်ကိုင်နေသူ (၂,၂၀၀)ကျော်ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ စစ်ကောင်စီက မနေ့ ဖေဖော်ဝါရီ ၂၃ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

နောင်ချိုမှာ စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံး အသုံးပြုနေတယ်လို့ TNLA ပြော

တအာင်းတပ်- TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ် တိုက်ပွဲမှာ စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံး ကြဲချတိုက်ခိုက်ခဲ့လို့ TNLA တပ်သား ၁၀ ဦး ဒဏ်ရာ ရခဲ့တယ်လို့ TNLA က ဒီနေ့ ဖေဖော်ဝါရီ ၂၄ ရက်မှာ ထုတ်ပြန်လာပါတယ်။

သီပေါမှာ အမျိုးသားတစ်ဦးက မိသားစုဝင်ကို ဓားနဲ့ခုတ်လို့ ၂ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရ

သီပေါမြို့နယ် စံဖိတ်ရွာမှာ အမျိုးသားတစ်ဦးက မိသားစုဝင်ကို ဓားနဲ့ခုတ်လို့ ၂ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာ ရခဲ့ပါတယ်။

ဟားခါးမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးနှစ်ဦးအပါအဝင် ၅ ဦးဒဏ်ရာရ

ချင်းပြည်နယ် ဟားခါးမြို့နယ် Halta ရွာမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးနှစ်ဦးအပါအဝင် ၅ ဦး ဒဏ်ရာရပြီး လူနေအိမ် ၄ လုံးထက်မနည်း ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ ယာဉ်တန်းကို အရှို CDF က တိုက်ခိုက်လို့ ၇ ဦး သေဆုံးပြီး ကား ၂ စီး ပျက်စီး၊ CDF ဘက်ကတစ်ဦး ကျဆုံး

မကွေးတိုင်း ငဖဲမြို့နယ်ရှိ စစ်ကောင်စီရဲ့ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်ကနေ လက်နက်တွေ သယ်လာတဲ့ စစ်ကောင်စီယာဉ်တန်း ၄ စီးကို ချင်းကာကွယ်ရေးတပ် CDF-Asho က ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦး သေဆုံးပြီး ကား ၂ စီး ပျက်စီးခဲ့ကြောင်း ထုတ်ပြန်လာပါတယ်။