ညီနောင်မဟာမိတ် ၃ ဖွဲ့ ထိန်းချုပ်ထားတဲ့ ကျင်စန်းကျော့နယ်စပ်ဂိတ်မှာ ကုန်သွယ်မှုတွေ ပိုလုပ်လာ

ညီနောင်မဟာမိတ် ၃ ဖွဲ့ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် တရုတ်- မြန်မာနယ်စပ် မူဆယ် ၁၀၅ မိုင် ကျင်စန်းကျော့နယ်စပ်ဂိတ်မှာ ကုန်သွယ်မှုတွေ ​ပိုမိုလုပ်ဆောင်လာကြတယ်လို့ ၁၀၅ မိုင်ရှိ နယ်စပ်ကုန်သည်တွေဆီက သိရပါတယ်။

ဖားကန့်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ၂ ဦးဒဏ်ရာရ

ကချင်ပြည်နယ် ဖားကန့်မြို့ မှော်ဝမ်းလေး၊ မှော်ဝမ်းကြီးကျေးရွာမှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးလာကြဲချမှုကြောင့် ၂ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ ဖားကန့်ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

အောင်ပန်းမှာ ကား ၂ စီး ယာဉ်တိုက်မှုဖြစ်ပွားပြီး ကားပေါ်လိုက်ပါလာတဲ့လူ ၁၀ ဦးဒဏ်ရာရ

ရှမ်းတောင် အောင်ပန်းမြို့မှာ ကားနှစ်စီး ယာဉ်တိုက်မှုဖြစ်ပွားပြီး ကားပေါ်လိုက်လာတဲ့လူ ၁၀ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အောင်ပန်းနာ‌ရေးကူညီမှုအသင်းဆီက သိရပါတယ်။

မိုင်းလုံ- ကျောက်မဲကြားက နမ့်ကော်တံတားကျိုးကျ

တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ မိုင်းလုံ- ကျောက်မဲကြားမှာရှိတဲ့ နမ့်ကော်တံတားဟာ ကျိုးကျပျက်စီးသွားခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

စစ်ကိုင်း သလွန်ဖြူရွာမှာ စစ်တပ်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံ အမျိုးသမီး ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ်အနောက်ဘက်ခြမ်း သလွန်ဖြူရွာမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ရမ်းသမ်း ပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီး ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာ ရခဲ့ပါတယ်။

လားရှိုးမှာ လိုင်စင်မဲ့ကားတွေကို ရှောင်တခင် ဖမ်းဆီးတာတွေ ရှိနေ

စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ လိုင်စင်မဲ့ ကားတွေကို ရှောင်တခင် ဖမ်းဆီးနေတာတွေ ရှိနေတယ်လို့ လားရှိုးမြို့ခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

နှစ်ဖက်တပ်အကြားက အငြင်းပွားမှုတွေကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းဖို့ SSPP နဲ့ MNDAA သဘောတူ

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နဲ့ ကိုးကန့်တပ်မတော် MNDAA အကြား ပစ်ခတ်မှုဖြစ်ပွားပြီးနောက် နှစ်ဖက်တပ်ခေါင်းဆောင်တွေက တွေ့ဆုံခဲ့ကြပြီး အငြင်းပွားမှုတွေကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ဖြေရှင်းဖို့ သဘောတူခဲ့ကြတယ်လို့ ကိုးကန့်တပ်က ထုတ်ပြန်ပါတယ်။

ထီးလင်းမြို့မရဲစခန်းက နိုင်ငံရေးကြောင့် ဖမ်းဆီးခံရတဲ့ အကျဥ်းသား ၁၃ ဦး ထွက်ပြေးလွတ်မြောက်

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့မရဲစခန်းမှာ အကျဥ်းကျနေတဲ့ အကျဥ်းသား၊ သူ ၁၃ ဦးဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့မှာ အကျဉ်းထောင်ကနေထွက်ပြေ လွတ်မြောက်လာခဲ့တယ်လို့ ဖြစ်စဥ်သိရှိသူတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ပုလဲမြို့နယ် ကန့်ဒေါင့်ရဲစခန်းကို PLAနဲ့ ပူးပေါင်းအဖွဲ့တို့ တိုက်ခိုက်သိမ်းပိုက်

ပုလဲမြို့နယ် ကန့်ဒေါင့်ရဲစခန်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLAနဲ့ ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ရရှိထားတယ်လို့ PLAက ထုတ်ပြန်ထားပါတယ်။

နောင်ချို အုမ္မသီးလမ်းခွဲမှာ စစ်ကောင်စီတပ်က ပစ်ခတ်လို့ ခရီးသည်အမျိုးသားတစ်ဦး သေဆုံး

တိုက်ပွဲပြင်းထန်နေတဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ် အုမ္မသီးလမ်းခွဲမှာ စစ်ကောင်စီတပ်က ခရီးသည် အရပ်သားတစ်ဦးကို ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။