လားရှိုး ပြည်သူ့ဆေးရုံမှာ ကိုဗစ်ကာကွယ်ဆေး ထိုးပေးနေ

စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်နေတဲ့ ရှမ်းမြောက်က လားရှိုးပြည်သူ့ဆေးရုံကြီးမှာ ကိုဗစ်ကာကွယ်ဆေးတွေ ထိုးနှံပေးနေတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

BPLA စစ်သင်တန်းဆင်းပွဲ တအာင်းဒေသမှာ ကျင်းပ၊ ‌၁၀၂၇ စစ်ဆင်ရေးအတွင်း ကျဆုံးခဲ့သူရဲ့ညီမ လက်ဖြောင့်ဆု ရရှိခဲ့

ဗမာပြည်သူ့လွတ်မြောက်ရေး တပ်တော်- BPLA ရဲ့ အခြေခံ စစ်ပညာသင်တန်း အပတ်စဉ် ၉ သင်တန်းဆင်းပွဲ အခမ်းအနားကို တအာင်းဒေသတစ်နေရာမှာ ကျင်းပခဲ့ပြီး ၁၀၂၇ စစ်ဆင်ရေးအတွင်း ကျဆုံးသွားတဲ့ ရဲဘော် အောင်ပိုင်ရဲ့ ညီမဖြစ်သူက လက်ဖြောင့်ဆု ရရှိခဲ့တယ်လို့ BPLA က ထုတ်ပြန်လာပါတယ်။

ငဖဲက စစ်ကောင်စီရဲ့ တပ်စခန်းတစ်ခုကို CDF -Asho က သိမ်းပိုက်၊ စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိ

မကွေးတိုင်း ငဖဲမြို့နယ် နတ်ရေကန်လမ်းဟောင်း ခွန်ဇူရွာက စစ်ကောင်စီရဲ့ ကာကင်းစခန်းတစ်ခုကို ချင်းကာကွယ်ရေးတပ် – အရှိုက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ CDF -Asho က ဒီနေ့ ဇွန်လ ၂၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။

နောင်ချိုမြို့နယ်က စစ်ရှောင် ၁ ထောင်ကျော်အတွက် အရေးပေါ် အကူအညီလိုအပ်

တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ်က လူပေါင်း ၁ ထောင်ကျော်ဟာ စစ်ဘေးရှောင်နေရတာကြောင့် အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။

KIA သိမ်းပိုက်ရရှိထားတဲ့ နယ်မြေမှာ အိမ်ထောင်စုနဲ့ မှတ်ပုံတင် ပြုလုပ်ပေး

ကချင်တပ်မတော်-KIA သိမ်းပိုက်ရရှိထားတဲ့ နယ်မြေမှာ အိမ်ထောင်စုနဲ့ မှတ်ပုံတင် စတင်ပြုလုပ်ပေး‌နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ထောင်ဖောက်ပြေးတဲ့ တရုတ် အကျဉ်းသားတစ်ဦးကို UWSAက သေဒဏ်ချမှတ်ပြီး ချက်ချင်းကွပ်မျက်

ထောင်ဒဏ်တစ်သက် ချမှတ်ခံရပြီး ထောင်ဖောက်ပြေးတဲ့ အကျဉ်းသားတစ်ဦးကို သေဒဏ်ချမှတ်ပြီး ချက်ချင်းးကွပ်မျက်ခဲ့တယ်လို့ “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်-UWSA က ဇွန်လ ၁၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။

နယ်မြေဒေသနဲ့ မျိုးနွယ်စုအရေးကို တော်လှန်ရေးအလွန်ကာလ ဖြေရှင်းဖို့ချင်းကာကွယ်ရေးတပ် ၁၈ ဖွဲ့ ပူးတွဲထုတ်ပြန်

နယ်မြေဒေသနဲ့ မျိုးနွယ်အရေးကို တော်လှန်ရေးအလွန်မှာ ဖြေရှင်းဖို့ ချင်းတော်လှန်ရေးတပ် ၁၈ ဖွဲ့က မနေ့ ဇွန်လ ၁၉ ရက်နေ့က ပူးတွဲထုတ်ပြန်ထားပါတယ်။

လားရှိုးမြို့ရှိ လက်သည်းပြင်ဆိုင်တစ်ဆိုင် ဖောက်ထွင်းခံရပြီး ဆိုင်ကယ်နဲ့ အလှပြင်ပစ္စည်းအများအပြားပါသွား

စစ်ကောင်စီတပ် ပြန်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာရှိတဲ့ လက်သည်းပြင်ဆိုင်တစ်ဆိုင်မှာ သူခိုးက ဖောက်ထွင်းသွားလို့ ဆိုင်ကယ်နဲ့ တခြားပစ္စည်းပါသွားခဲ့တယ်လို့ ဆိုင်ပိုင်ရှင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

မူဆယ်ရှိ ကျားဖြန်ရုံတွေကို စစ်ကောင်စီတပ်က လိုက်လံစီးနင်းပြီးနောက် ကျားဖြန်ရုံတွေ နေရာပြောင်းရွှေ့ လုပ်ကိုင်နေ

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ စစ်ကောင်စီတပ်က ကျားဖြန်ရုံတွေကို လိုက်လံစီးနင်းပြီးနောက် ကျားဖြန်ရုံတွေက နေရာပြောင်းရွှေ့ပြီး လုပ်ကိုင်နေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

မိုင်းပေါက်မှာ မြေရှားသတ္တုတူးဖော်မှုက ဒေသခံတွေကို ထိခိုက်စေတာကြောင့် ရပ်တန့်ပေးဖို့ SHRF ပြော၊ UWSAနယ်မြေမှာ မြေရှားသတ္တု ၈ဆထိ တိုးချဲ့လုပ်ဆောင်နေတယ်လို့ ဆို

ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော်- UWSA ထိန်းချုပ်ဒေသဖြစ်တဲ့ မိုင်းပေါက်မြို့မှာ မြေရှားသတ္တုတူးဖော်မှုက ဒေသခံတွေကို ထိခိုက်စေတာကြောင့် ရပ်တန့်ပေးဖို့ SHRF က တောင်းဆိုထားပါတယ်။