လေကြောင်း တိုက်ခိုက်မှုကြောင့် စဉ့်ကူးမြို့နယ်က အမျိုးသမီးတစ်ဦး ဒဏ်ရာရ၊ နေအိမ်တွေလည်း ထိမှန်ပျက်စီး

မန္တလေးတိုင်း စဉ့်ကူးမြို့နယ်ကို စစ်ကောင်စီတပ်က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့ကြောင်း မြေပြင်အခြေအနေသိရှိသူတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

မူဆယ်မြို့ရှိ ကျားဖြန်ရုံတစ်ခုမှ တရုတ်အမျိုးသားတစ်ဦး ပစ်သတ်ခံရ

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မူဆယ်မြို့ရှိ ကျားဖြန်ရုံတစ်ခုမှ တရုတ်အမျိုးသားတစ်ဦး ပစ်သတ်ခံရတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

နောင်ချို သံဘိုရွာ မိနစ်ပိုင်းအတွင်း ဗုံးအလုံး ၅၀ နီးပါး ကြဲချတိုက်ခိုက်ခံရ

ရှမ်းမြောက် နောင်ချိုမြို့နယ် သံဘိုကျေးရွာကို ၂၄ မိနစ်အတွင်း စစ်ကောင်စီတပ်က Y-12 လေယာဉ် အသုံးပြုပြီး ဗုံးအလုံး ၅၀ နီးပါး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်အခြေအနေ သိရှိသူတွေက ရွှေဖီမြေကို ပြောပါတယ်။

ကျုံဒိုးမြို့ဘက် စစ်ကူလာတဲ့ စစ်တပ်ကို ကရင်နဲ့မွန် တော်လှန်ရေးတပ် ပူးပေါင်းတိုက်ခိုက်၊ စစ်တပ်ဘက်က ၃၀ ဦး သေဆုံး

ကရင်ပြည်နယ် ကျုံဒိုးမြို့ဘက် စစ်ကူလာတဲ့ စစ်ကောင်စီတပ်ကို ကရင်နဲ့မွန် တော်လှန်ရေး ပူပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က ၃၀ ဦး သေဆုံးပြီး တပ်ရင်းမှူးနဲ့ 2IC အဆင့် ဗိုလ်မှူးအပါအဝင် ၁၀ ဦး ဒဏ်ရာ ရခဲ့တယ်လို့ မွန်တပ်တော်- MLA က မနေ့ ဇွန်လ ၂၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ပင်လယ်ဘူးမြို့နယ် အင်္ဂါးရွာက ဝန်ထမ်းအိမ်ရာကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်၊ ဆရာမတစ်ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း ပင်လယ်ဘူးမြို့နယ် အင်္ဂါးရွာက ဝန်ထမ်းအိမ်ရာကို စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆရာမတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီးတော့ ၈ ဦး ဒဏ်ရာ ရရှိခဲ့တယ်‌လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ကြောင့် နောင်ချိုမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် နောင်ချိုမြို့အနီးမှာ စစ်တပ်နဲ့ တအာင်းတပ်မတော်- TNLA တို့ တိုက်ပွဲ ဆက်လက် ပြင်းထန်နေတယ်လို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတွေက ရွှေဖီမြေကို ပြောပါတယ်။

နမ့်ခမ်းနဲ့ မူဆယ်ကြားမှာ တအာင်းလူငယ် ၅ ဦးကို SSPP က ဖမ်းဆီးထား

နမ့်ခမ်းနဲ့ မူဆယ်မြို့ကြားရှိ စစ်ဆေးရေးဂိတ်မှာ ရှမ်းပြည်တိုးတက်ရေးပါတီ- SSPP က တအာင်းလူငယ် ၅ ဦးကို ဖမ်းဆီးထားတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

လားရှိုးမြို့မှာ အမြှောက်ကားအပါအဝင် စစ်ကောင်စီတပ် အင်အား ထပ်ဖြည့်နေ

မနေ့ ဇွန်လ ၂၀ ရက်မှာ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ထဲ လက်နက်နဲ့အင်အားတွေ ထပ်မံ ဖြည့်တင်းနေပြီး အဲဒီထဲမှာ အမြှောက်ကားလည်း ပါဝင်တယ်လို့ မျက်မြင်တွေ့ရှိသူတွေက ရွှေဖီမြေကို ပြောပါတယ်။

ကွတ်ခိုင်နဲ့လားရှိုးမှာ လက်နက်နဲ့အတူ မူးယစ်ဆေးဝါးတွေ TNLA ဖမ်းမိ

တအာင်းတပ်- TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကွတ်ခိုင်နဲ့လားရှိုးမြို့နယ်မှာ လက်နက်ခဲယမ်းနဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းမိခဲ့တယ်လို့ TNLA က မနေ့ ဇွန်လ ၂၀ ရက် ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

မိုင်းဝီးဒေသမှာ စားဝတ်နေရေးခက်ခဲတဲ့ နေအိမ်တွေအတွက် TNLA က ဆန်ထောက်ပံ့ပေး

တအာင်းတပ် TNLA ထိန်းချုပ်နယ်မြေဖြစ်တဲ့ ရှမ်းမြောက် နမ့်ခမ်းမြို့နယ် မိုင်းဝီးဒေသဖက်မှာ စားဝတ်နေရေးခက်ခဲတဲ့ နေအိမ်တွေကို PSLF/TNLA ရဲ့ အထွေထွေအုပ်ချုပ်ရေးဌာနက ဆန်တွေ ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။