မြစ်ကြီးနားမှာ လိုင်စင်မဲ့ကားနဲ့ ကားပိုင်ရှင်ကို စစ်ကောင်စီ ဖမ်းဆီးနေ၊ လူကို ငွေနဲ့ပြန်ရွေးရပြီး ကားကို သိမ်းဆည်းသွား
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အောင်နန်းရပ်ကွက်မှာ စစ်ကောင်စီတပ်က လိုင်စင်မဲ့ကားတွေကို ဖမ်းစီးပြီး ကားကို ပြန်ရွေးခွင့်မပြုဘဲ သိမ်းဆည်းသွားခဲ့သလို လူကိုလည်း ဖမ်းဆီးသွားပြီး ငွေနဲ့ပြန်ရွေးခဲ့ရတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ဒေသခံအမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။