စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြာင့် ၆ လအတွင်း ရှမ်းမြောက်က အရပ်သား ၅၁ ဦး သေဆုံးပြီး ၉၂ ဦးဒဏ်ရာရ

စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီလကနေ ဇွန်လအထိ ၆ လအတွင်း ရှမ်းမြောက် ညီနောင်မဟာမိတ် ထိန်းချုပ်ဒေသက ကလေး ၄ ဦး အပါအဝင် အရပ်သား ၅၁ ဦး သေဆုံးခဲ့ပြီး ၉၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ရွှေဖီမြေက ရရှိထားတဲ့စာရင်းအရ သိရပါတယ်။

လားရှိုး-သိန္နီအထွက် အေတီတံတားမှာ ကုန်ကားတွေထံ စစ်တပ်က ငွေသိန်းချီ တောင်းတာတွေ ထပ်လုပ်နေ

စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့နဲ့ သိန္နီမြို့အထွက်ဖြစ်တဲ့ အေတီတံတားမှာ ကုန်ကားတွေထံ စစ်ကောင်စီတပ်က ငွေ သိန်းချီ တောင်းနေတယ်လို့ ပေးဆောင်ခဲ့ရတဲ့ ကုန်ကားမောင်းသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

နောင်ချိုအခြေစိုက် အမှတ် (၆၀၆) ဒုံးတပ်ရင်းကို ပြန်ရဖို့ စစ်ကောင်စီထိုးစစ်ဆင်နေ

တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့အနီး မျက်ချင်းနုကျေးရွာအထိ ရောက်ရှိလာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ အမှတ် (၆၀၆) ဒုံးတပ်ရင်းကို ပြန်ရဖို့ ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတွေက ရွှေဖီမြေကို ပြောပါတယ်။

ဖားကန့်မှာ အမျိုးသားတစ်ဦး သေနတ်နဲ့ ထပ်မံပစ်သတ်ခံရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ်က မရှီကထောင်ရပ်ကွက်မှာ အမျိုးသားတစ်ဦးက သေနတ်နဲ့ ထပ်မံပစ်သတ်ခံရတယ်လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

နောင်ချိုမြို့ သုံးဆယ်ရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံ ၃ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရ

တအာင်းတပ်မတော်-PSLF/TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ် သုံးဆယ်ရွာကိုစစ်ကောင်စီတပ်က ဗုံးကြဲချတိုက်ခိုက်ခဲ့လို့ ဒေသခံ ၃ဦး သေဆုံးပြီး ၁ဦး ဒဏ်ရာရရှိခဲ့တယ်လို့ စစ်မြေပြင်သိရှိသူ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မိုးဗြဲမြို့တွင်း လမ်းမကြီးကို မသုံးမပြုကြဖို့ ကရင်နီ တော်လှန်ရေးတပ်တွေ အသိပေးထားပြီး တိုက်ပွဲလည်း ဆက်ဖြစ်နေ

စစ်ကောင်စီတပ်က ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် ရှမ်းတောင် – ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ် မိုးဗြဲမြို့တွင်းက လမ်းမကြီးကို မသုံးမပြုကြဖို့ ကရင်နီ တော်လှန်ရေးတပ်တွေက မနေ့ ဇွန်လ ၃၀ ရက်မှာ အသိပေး ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲဖြစ်ပွားနေတဲ့ သပိတ်ကျင်းမြို့နယ် ၆ မိုင်က နေရာတချို့ တော်လှန်ရေးတပ်တွေ ပြန်ဆုတ်ပေးရ

စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲဖြစ်ပွားနေတဲ့ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ၆ မိုင်ကျေးရွာရွာက နေရာတချို့ကို တော်လှန်ရေးတပ်တွေက စစ်ကောင်စီတပ်ထံ ပြန်လက်လွှတ်ခဲ့ရတယ်လို့ ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်း နောင်ချိုမြို့အနီး မျက်ချင်းနုကျေးရွာအထိ ရောက်လာ၊ မျက်ချင်းနုနဲ့ နောင်သြကျေးရွာကို ထိန်းချုပ်နိုင်ပြီလို့ စစ်ကောင်စီ ဝါဒဖြန့်

တအာင်းတပ်မတော်-TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို ပြန်ရဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်ဟာ နောင်ချိုမြို့အနီး မျက်ချင်းနုကျေးရွာအထိရောက်လာပြီလို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

နမ္မတူ-မန်တုံကြားမှာ ကားတိမ်မှောက်မှုဖြစ်၊ ၁ ဦးသေဆုံး၊ ၁ ဦးပြင်းထန်ဒဏ်ရာရ

တအာင်းတပ်ထိန်းချုပ်ဒေသဖြစ်တဲ့ နမ္မတူမြို့နဲ့ မန်တုံမြို့အကြားမှာ ကားတိမ်မှောက်မှုဖြစ်ပွါးကာ ၁ ဦး သေဆုံးပြီး ၁ ဦး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ၎င်းတို့ကို ကူညီပေးခဲ့တဲ့ ကိုဖြူက ရွှေဖီမြေကို ပြောပါတယ်။

ဖားကန့် လုံးခင်းမှာ အမျိုးသား ၁ဦး ထပ်မံ ပစ်သတ်ခံရ

ကချင်ပြည်နယ်၊ ဖားကန့် မြို့နယ်၊ လုံးခင်း သုဿာန် အနီးမှာ ဇွန်လ ၃၀ ရက်နေ့ ညနေ ၄ နာရီကျော်ခန့်က အမျိုးသား ၁ဦး ထပ်မံ ပစ်သတ်ခံရကြောင်း ဒေသခံတွေဆီက သိရပါတယ်။