စစ်ကောင်စီ ထိန်းချုပ်တဲ့ လားရှိုးမြို့ ဘူတာဘက်ရှိ ရွှေဆိုင် ၁ ဆိုင်ဓားပြတိုက်ခံရ၊ ငွေ သိန်း ၂၀၀၊ ရွှေ ၇၅ ကျပ်သားပါသွား၊ လားရှိုးမြို့ထဲ ဓားပြအဖွဲ့ စိတ်ကြိုက်သောင်းကြမ်းနေ

စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ရှိ ရွှေဆိုင် ၁ ဆိုင် ဓားပြတိုက်ခံရပြီး ငွေ သိန်း ၂၀၀ နဲ့ ရွှေ ၇၅ ကျပ်သားပါသွားခဲ့တယ်လို့ လားရှိုးမြို့ခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ကျောက်မဲနဲ့ မိုးကုတ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄ ဦး သေဆုံးပြီး ၉ ဦးဒဏ်ရာရ

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့နဲ့ မိုးကုတ်မြို့မှာ စစ်ကောင်စီတပ်က ဒီနေ့ ဇူလိုင် ၈ ရက် မနက် ၉ နာရီနဲ့ ၉ နာရီခွဲခန့်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၄ ဦး သေဆုံးပြီး ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖယ်ခုံမြို့မှာရှိတဲ့ စစ်ရှောင်စခန်းတစ်ခုကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်လို့ ကလေးတစ်ဦးအပါအဝင် စစ်ရှောင် ၃ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

ရှမ်း‌တောင်-ကရင်နီနယ်စပ် ဖယ်ခုံမြို့အနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ရှောင်စခန်းတစ်ခုကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်လို့ ကလေးတစ်ဦးအပါအဝင် ၃ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သိန္နီပြန်ပေးရေး စစ်ကောင်စီနဲ့ကိုးကန့်တပ် ဆွေးနွေးမှု မအောင်မြင်၊ လားရှိုးမြို့အနီး ၂ဖက်တပ် အင်အားဖြည့်တင်းထား

သိန္နီမြို့ကို စစ်ကောင်စီတပ်ထံ ပြန်လည်လွဲပေးရေး ဆွေးနွေးပွဲကို တရုတ်က ဦးဆောင်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကိုးကန့်တပ်နဲ့စစ်ကောင်စီတို့ တွေ့ဆုံဆွေးနွေးခဲ့ပြီး ဆွေးနွေးမှု မအောင်မြင်ဘူးလို့ ရွှေဖီမြေရဲ့ သတင်းအရင်းမြစ်တွေထံက သိရပါတယ်။

ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်လို့ အနည်းဆုံး ၁ ဦးသေ၊ ၃ ဦး ဒဏ်ရာရ

PSLF/ TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အနည်းဆုံး ၁ ဦးသေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

မိုးကုတ်မှာ စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား အနည်းဆုံး ၃ ဦးသေဆုံး

တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ အနောက်ပိုင်းကို စစ်ကောင်စီတပ်က လေကြောင်း‌တိုက်ခိုက်လို့ အရပ်သား အနည်းဆုံး ၃ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

TNLA ထိန်းချုပ်တဲ့ ကျောက်မဲနဲ့မိုးကုတ်ကို စစ်ကောင်စီ ဗုံးကြဲ၊ ထိခိုက် သေဆုံးမှုရှိနေ

တအာင်းတပ်-PSLF/TNLA ထိန်းချုပ်တဲ့ ကျောက်မဲနဲ့မိုးကုတ်မြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တီးတိန်မြို့နယ်ဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် အထိအနာများပြီး ကလေးမြို့ဘက် တပ်ပြန်ဆုတ်

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ကို ချီတက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ချင်းကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားပြီး အထိနာများလို့ ကလေးမြို့ကို တပ်ပြန်ဆုတ်သွားတယ်လို့ ရှေ့တန်းချင်းစစ်ရေးသတင်းအရစ်မြစ်က ရွှေဖီမြေသို့ ပြောပါတယ်။

မိုးဗြဲမြို့ကို စစ်ကောင်စီတပ် ပြန်ထိန်းချုပ်၊ စစ်ကောင်စီတပ် ပြန်ဝင်ပြီးနောက် မိုးဗြဲထဲက နေအိမ် ၂၀ နီးပါး မီးရှို့ခံရ

ကရင်နီတော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ရှမ်းတောင်နဲ့ ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ စစ်ကောင်စီက မနေ့ ဇူလိုင်လ ၆ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

လယ်ဒိုမြို့နယ်မှာ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် အရပ်သား ၆ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်ထားတဲ့ လယ်ဒိုမြို့နယ်မှာ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် အရပ်သား ၆ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNUက ဒီနေ့ ဇူလိုင် ၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။