ဘုတလင်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၃၃ ဦး သေဆုံးပြီး ၂၀ ဦးကျော် ဒဏ်ရာရ
စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဘုတလင်မြို့နယ် တပ်ပေါင်းစုစစ်ကြောင်း မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၃၃ ဦး သေဆုံးခဲ့ပြီး ၂၀ ဦးကျော် ဒဏ်ရာရခဲ့တယ်လို့ ဘုတလင်မြို့နယ် တပ်ပေါင်းစုစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။