စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် ဖားကန့်ဒေသခံတစ်ဦး ထပ်မံသေဆုံးပြီး ဒဏ်ရာရသူ ၁၀ ဦးအထိ ရှိလာ၊ စစ်တပ်နဲ့ KPDF အကြား တိုက်ပွဲပြင်းထန်ဆဲ

ကချင်ပြည်နယ် ဖားကန့်မြို့မှာ စစ်ကောင်စီတပ် ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဒေသခံတစ်ဦး ထပ်မံသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူလည်း ၁၀ ဦးအထိ ရှိခဲ့တယ်လို့ ဖားကန့်ဒေသခံတွေဆီက သိရပါတယ်။

မိုးကုတ်မှာ ပိုက်တင်တဲ့ကားတစ်စီး တိမ်မှောက်မှုဖြစ်လို့ ၂ ဦးသေဆုံး

တအာင်းတပ် PSLF/TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့မှာ ပိုက်တင်တဲ့ကားတစ်စီး တိမ်မှောက်မှုဖြစ်ခဲ့လို့ ၂ ဦးသေဆုံးခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူအမျိုးသားတစ်ဦး‌ ပြောပြချက်အရ သိရပါတယ်။

သပိတ်ကျင်းမြို့နယ်ထဲမှာ တိုက်ပွဲကြောင့် ကျေးရွာ ၅ရွာ ထက်မနည်းက ဒေသခံ ၅ ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရ

စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ကြောင့် မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ထဲက ဇရပ်ကွင်းကျေးရွာအပါအဝင် ကျေးရွာ ၅ ထက်မနည်းက ဒေသခံ ၅ ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ မြေပြင်အခြေအနေ သိရှိသူတွေက ရွှေဖီမြေကို ပြောပါတယ်။

MNDAA ထိန်းချုပ်ထားတဲ့ သိန္နီမြို့မှာ စစ်ကောင်စီရဲ့ ဌာနတချို့ စတင်ဝင်ရောက်လာမယ်လို့ သတင်းတွေပျံ့နှံ့နေ

ကိုးကန့်တပ် – MNDAA ထိန်းချုပ်ထားတဲ့ သိန္နီမြို့နယ်ဆိုင်ရာ ဌာနတချို့မှာ စစ်ကောင်စီရဲ့ ဝန်းထမ်းတွေ ပြန်လည်ဝင်ရောက် နေထိုင်သွားမယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကို လူမှုကွန်ယက်ပေါ်မှာ ဆန့်ကျင်ကြောင်း ရေးသားတယ်ဆိုတဲ့ အမျိုးသားတစ်ဦးကို အလုပ်နဲ့ ထောင်ဒဏ် ၇ နှစ် ချမှတ်

စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကို လူမှုကွန်ယက်ပေါ်မှာ ဆန့်ကျင်ကြောင်း ရေးသားတယ်ဆိုတဲ့ ရှမ်းတောင် တောင်ကြီးမှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးကို အလုပ်နဲ့ ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက်ကြောင်း စစ်ကောင်စီက မနေ့ စက်တင်ဘာ ၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။

မိုးကုတ်မှာ ဂတ်အိုးပေါက်ကွဲမှုကြောင့် အမျိုးသား ၄ ဦး ဒဏ်ရာရ

တအာင်းတပ်-PSLF/TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့မှာ ဂတ်အိုးပေါက်ကွဲမှုကြောင့် အမျိုးသား ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

လားရှိုး မန်ဆူကျောင်းမှာ အီလက်ထရောနစ် မဲပေးစနစ်နဲ့ ပတ်သက်ပြီး မဲပေးရမယ့်ပုံစံတွေ ပြသနေ

စစ်ကောင်စီတပ် ပြန်ထိန်းချုပ်နေတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ဦးဆောင်ပြီး ရွေးကောက်ပွဲအတွင်းအသုံးပြုမယ့် အီလက်ထရောနစ် မဲပေးစနစ်နဲ့ ပတ်သက်ပြီး မဲပေးရမယ့်ပုံစံတွေကို ပြသနေတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ဝက်လက်မြို့နယ်မှာ စစ်တပ်က ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်အပါအဝင် ၄ ဦးသေဆုံး၊ ၁၃ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ် ၁ ဦးအပါအဝင် ၄ ဦး သေဆုံးခဲ့တယ်လို့ Wetlet Informational Network မှ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ကျောက်မဲ နောင်ပိန်နဲ့ နောင်ပြစ်ရွာမှာ တိုက်ပွဲ ပြင်းထန်နေ၊ ဂုတ်တွင်းတံတားလည်း ပြုပြင်ပြီးပြီလို့ စစ်ကောင်စီပြော

စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် ရှမ်းမြောက် ကျောက်မဲမြို့နယ် နောင်ပိန်ရွာအနီးဝန်းကျင်နဲ့ ဂုတ်တွင်းအနီးရှိ နောင်ပြစ်ရွာမှာ စစ်တပ်နဲ့ တအာင်းတပ်- TNLA တို့ တိုက်ပွဲ ဆက်လက် ပြင်းထန်နေတယ်လို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတွေက ရွှေဖီမြေကို ပြောပါတယ်။

နမ့်ခမ်းက KTV ပိတ်တာကို လူထုတွေ ကြိုဆိုထောက်ခံ၊ PSLF/TNLA ထိန်းချုပ်ထားတဲ့ ဒေသမှာ KTV၊ အနှိပ်ခန်းအားလုံးပိတ်ဖို့ ဒေသခံတွေ လိုလားနေ

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ထဲက KTV ပိတ်တာကို လူထုတွေ ထောက်ခံပြီး ကျန်တဲ့ မြို့တွေမှာလည်း KTV၊ အနှိပ်ခန်းအားလုံး ပိတ်ပေးဖို့ ဒေသခံတွေက လိုလားနေကြပါတယ်။