လားရှိုးမြို့အဝင်မှာ စစ်ကောင်စီဘက်က စစ်ဆေးမှုတင်းကြပ်လာ၊ လူငယ်တချို့ ဖမ်းဆီးခံရတာ ရှိနေ

စစ်ကောင်စီပြန်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ စစ်ကောင်စီတပ်ဘက်က စစ်ဆေးမှုတွေ ပိုတင်းကြပ်လာပြီး လူငယ်တချို့ ဖမ်းဆီးခံရတာရှိနေတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကျောက်မဲမြို့နယ် ပင်တိန်နဲ့ ခိုက်တုန်ဟုန်းရွာကြား တိုက်ပွဲပြင်းထန်နေ

တအာင်းတပ်ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို ဦးတည်ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် – TNLA အကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ရွေးကောက်ပွဲမလုပ်နိုင်တဲ့ နယ်မြေထဲ ရှမ်းမြောက်က ၁၇ မြို့နယ်ပါဝင်၊ TNLA ထိန်းချုပ်ထားတဲ့ သီပေါနဲ့ ကျောက်မဲကို ရွေးကောက်ပွဲကျင်းပမယ့် နယ်မြေထဲ ထည့်သွင်းထား

စစ်ကောင်စီက ဦးဆောင်ကျင်းပမယ့် ရွေးကောက်ပွဲမှာ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေထဲက မဲဆန္ဒနယ် ၁၂၁ ခုကို ရွေးကောက်ပွဲမကျင်းပနိုင်ကြောင်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က မနေ့ စက်တင်ဘာ ၁၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

မတ္တရာမြို့နယ် အင်းကြင်းမြိုင်အနီးကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဦးဇင်း ၁ပါးနဲ့ အမျိုးသား ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရ

မန္တလေးတိုင်း မတ္တရာမြို့နယ် အင်းကြင်းမြိုင်အနီးကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဦးဇင်း ၁ပါးနဲ့ အမျိုးသား ၁ဦးတို့ သေဆုံးခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကိုပြောပါတယ်။

သိန္နီမြို့ကို စစ်ကောင်စီပြန်ထိန်းချုပ်မယ်လို့ သတင်းထွက်ပေါ်နေပေမယ့် ရွေးကောက်ပွဲ မကျင်းပနိုင်တော့တဲ့ မြို့စာရင်းထဲ ပါနေ

ကိုးကန့်တပ် – MNDAA ထိန်းချုပ်ထားတဲ့ သိန္နီမြို့ထဲကို စစ်ကောင်စီက ပြန်လည်ဝင်ရောက်လာမယ်လို့ သတင်းတွေထွက်ပေါ်နေမယ့် သိန္နီမြို့နယ်ထဲမှာ ရွေးကောက်ပွဲ မကျင်းပနိုင်တော့တဲ့ မြို့နယ်စာရင်းထဲ ပါလာနေပါတယ်။

သပိတ်ကျင်းမြို့နယ် ကျောက်ဖြာရွာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား၂ ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ကျောက်ဖြာရွာကို စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တစ်ဦးနဲ့ အမျိုးသမီးသေဆုံးခဲ့တယ်လို့ မန္တလေး-PDFက သတင်း ထုတ်ပြန်ထားပါတယ်။

မိုးရွာသွန်းမှုကြောင့် မင်းကွန်းနဲ့မတ္တရာနယ်က စစ်ရှောင်တွေ စားရေးသောက်ရေး အခက်အခဲကြုံနေရ

မိုးရွာသွန်းမှုများပြားတာကြောင့် မင်းကွန်းဒေသနဲ့ မတ္တရာမြို့နယ်တွေက စစ်ဘေးရှောင်တွေအနေနဲ့ နေထိုင်စားသောက်ရေးအတွက် အခက်တွေ့နေရတယ်လို့ဒေသခံတွေကပြောပါတယ်။

တနင်္သရီမြို့နယ်မှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၁၀ ဦး ထိခိုက်ဒဏ်ရာရ

တနင်္သာရီမြို့နယ် မောတောင်နယ်စပ် ကုန်သွယ်ရေးလမ်းရှိ သိန်းခွန်ကျေးရွာအနီးကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး- ‌KNUမှ ထုတ်ပြန်ထားပါတယ်။

ကနီနယ် ချောင်းမကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ စစ်ကြောင်းကို တော်လှန်ရေးတပ်တွေ ဝင်တိုက်၊ စစ်ကောင်စီဘက် ၆ ဦးသေဆုံးပြီး ၄ ဦး အရှင်ဖမ်းမိ

စစ်ကိုင်းတိုင်း ကနီမြို့နယ် ချောင်းမကျေးရွာထဲမှာ တစ်ပတ်အကြာ တပ်လာစွဲထားတဲ့ စစ်ကောင်စီစစ်ကြောင်းကို ချင်းတွင်းနွေဦးတော်လှန်ရေးတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးသွားခဲ့ပြီး ၄ ဦးကို အရှင်ဖမ်းမိထားတယ်လို့ သိရပါတယ်။

ဗန်းမော်က KIA နဲ့ ပူးပေါင်းတပ်ဖွဲ့ သိမ်းထားတဲ့ တပ်စခန်း နေရာတချို့ ပြန်လက်လွှတ်ရ

ဗန်းမော်မြို့က ကချင်တပ်မတော်-KIA နဲ့ ပူးပေါင်းတပ်ဖွဲ့ သိမ်းထားတဲ့ တပ်စခန်း နေရာ ၂ခုကနေ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၁ ရက်နေ့ ညနေပိုင်းကစ ပြန်ဆုတ်ခွာထားရကြောင်း ရှေ့တန်းနဲ့ နီးစပ်သူတွေ ဆီက သိရပါတယ်။