Browsing Category
သတင်း
3128 posts
Stay informed with the latest breaking news and in-depth reporting on a wide range of topics, including local news, education, breaking news and more.
ကန့်ဘလူက ပြည်သူ ၇ ဦးကို စစ်တပ်က ဖမ်းဆီးပြီး ၆ ဦးကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်းပိုင်း၊ ဘူးကုန်းလမ်းခွဲ ဇရပ်အနီးရှိ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့က ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက် မနက် ၈ နာရီမှာ ဆိုင်ကယ် ၃ စီးနဲ့ ရွှေမှော်ကနေ ပြန်လာတဲ့ ငှက်ပျောတိုင်းရွာဟောင်းက ဒေသခံ ၇ ဦးကိို ဘူးကုန်းဘုန်းကြီးကျောင်းဘက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က မနေ့ စက်တင်ဘာ ၁၅ ရက်မှာ ထုတ်ပြန်လာပါတယ်။
မိုးကုတ်မြို့အရှေ့ပိုင်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ၊ နေအိမ် ၅လုံး ပျက်စီး
တအာင်းတပ်မတော်–PSLF/TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့အရှေ့ပိုင်းကို စစ်တပ်က လေကြောင်းကနေ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။