Browsing Category
သတင်း
3128 posts
Stay informed with the latest breaking news and in-depth reporting on a wide range of topics, including local news, education, breaking news and more.
ကချင်ပြည် လာဟီဆယ်ဘက်က ကုန်းတကုန်းပေါ် ရောက်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က ရှင်းလင်း
ကချင်ပြည်နယ် မြစ်ကြီးနားခရိုင်၊ ဆော့လော်မြို့နယ်၊ လန်ဆယ်ကျေးရွာအုပ်စု၊ တထုံကျင်အနီးရှိ လာဟီဆယ်ဘက်က ကုန်းတကုန်းပေါ် ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့ မနေ့ စက်တင်ဘာလ ၂၃ ရက်နေ့ ၁၂ နာရီခွဲဝန်းကျင်ခန့်က ရှင်းလင်းနိုင်ခဲ့ကြောင်း ရှေ့တန်းနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေ ဆီက သိရပါတယ်။
ခင်ဦးမှာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်သုံ့ပန်း ၂ ဦးနဲ့ လက်နက်ခဲယမ်း သိမ်းဆည်းရမိ
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်မှာ မနေ့ စက်တင်ဘာ ၂၂ ရက်က စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းနဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်သုံ့ပန်း ၂ ဦး ဖမ်းဆီးရမိသလို လက်နက်ခဲယမ်းတချို့လည်း သိမ်းဆည်းရရှိကြောင်း ခင်ဦးမြို့နယ် ပကဖအဖွဲ့က ထုတ်ပြန်ထားပါတယ်။
ရှမ်းမြောက်မှာ စစ်ကောင်စီ ထောက်လှမ်းရေးတွေ ခြိမ်းခြောက်ခံရပြီး သတင်းပေးနေရ၊ သတင်းမပေးနိုင်သူတွေအနေနဲ့ မြို့သိမ်းပြီးရင် ဖမ်းဆီးအရေးယူမယ်လို့ဆို
ရှမ်းမြောက်ရှိ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေအတွင်း စစ်ကောင်စီတပ်ဘက်က တော်လှန်ရေးတပ်ရဲ့ လှုပ်ရှားမှုကို သတင်းရယူနိုင်ဖို့ ထောက်လှမ်းရေး စေလွှတ်ထားပြီး သတင်းမပေးနိုင်သူဟာ မြို့သိမ်းပြီးရင် ဖမ်းဆီးအရေးယူမယ်ဆိုပြီးတော့ ခြိမ်းခြောက်ခံထားရတယ်လို့ ဖမ်းဆီးခံရတဲ့ ထောက်လှမ်းရေးတွေက ထွက်ဆိုထားကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။
ကန့်ဘလူမြို့နယ် ကျီစုရွာ လေကြောင်း တိုက်ခိုက်မှုမှာ ဒေသခံတစ်ဦး သေဆုံးပြီး ၁၇ ဦး ဒဏ်ရာရ
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ကျီစုကျေးရွာထဲ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံး အကြောင်းမဲ့ လာရောက် ကြဲချမှုကြောင့် ဒေသခံတစ်ဦး သေဆုံးပြီး ၁၇ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က မနေ့ စက်တင်ဘာ ၂၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။