ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

မိုးကုတ်မြို့နယ်ထဲကို စစ်ကောင်စီဗုံးကြဲ၊ အရပ်သား ၁ ဦး ထိခိုက်ဒဏ်ရာရ

တအာင်းတပ်မတော် – PSLF/TNLA ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့နယ် ရေထွက်ကြီးကျေးရွာကို စစ်ကောင်စီတပ်က ဒီနေ့ အောက်တိုဘာ ၁ ရက် မနက် ၁၁ နာရီဝန်းကျင်မှာ ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

လားရှိုးမှာ မဲစာရင်း လာမကြည့်လို့ဆိုပြီး ရပ်ကွက်က လူတွေကို ရဲစခန်းအထိခေါ်ကာ ပါးရိုက်ပြီး ဒဏ်ငွေပေးဆောင်ခိုင်းတာတွေ ရှိနေ

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ ရွေးကောက်ပွဲအတွက် မဲစာရင်း လာမကြည့်တဲ့ သူတွေကို ရဲစခန်းထိခေါ်ကာ ပါးရိုက်ပြီး ဒဏ်ငွေပေးဆောင်ခိုင်းတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူနဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကိုင်းတိုင်း ရေဦးမြို့နယ် ဖန်ခါးဇင်ရွာ ဘုန်းကြီးကျောင်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁ ဦးသေဆုံး

စစ်ကိုင်းတိုင်း ရေဦးမြို့နယ် ဖန်ခါးဇင်ရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁ ဦးသေဆုံးခဲ့တယ်လို့ ရေဦးမြို့နယ်အနောက်ခြမ်း သတင်းတာဝန်ခံ ထူးခန့်ဇော်(အမေ့သား) က ရွှေဖီမြေကိုပြောပါတယ်။

ကျောက်မဲမြို့တွင်းထဲ စစ်ကောင်စီတပ် ထိုးဖောက်ဝင်ရောက်နေပြီး ကျောက်မဲမြို့ထဲရှိ TNLAတပ် ခိုအောင်းနိုင်တဲ့နေရာတွေကို မီးလောင်ဗုံးသုံးပြီး ဒရုန်းနဲ့ကြဲချတိုက်ခိုက်နေ

ဒီနေ့ စက်တင်ဘာ ၃၀ ရက် နေ့လည်ပိုင်းမှာ စစ်ကောင်စီတပ်ဟာ ကျောက်မဲမြို့တွင်း ထိုးဖောက်ဝင်ရောက်နေပြီး ကျောက်မဲမြို့ထဲ မီးလောင်ဗုံးသုံးပြီး ဗုံးကြဲတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

ကျောက်မဲမြို့ အေးချမ်းသာသုဿန်ကုန်းမှာ အမျိုးသား၂ ဦး မိုင်းနင်းမိပြီး သေဆုံး

ရှမ်းမြောက် ကျောက်မဲမြို့ အေးချမ်းသာသုဿန်ကုန်းမှာ အမျိုးသားနှစ်ဦး မိုင်းနင်းမိပြီး သေဆုံးသွားခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ကျောက်မဲမြို့အနီး တိုက်ပွဲ ဆက်ပြင်းထန်နေ၊ မြို့တွင်းကို TNLA ဆက်လက်ထိန်းချုပ်ထားဆဲ

စစ်ကောင်စီတပ် ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ကျောက်မဲမြို့မှာ မြို့အနီးရှိ ခိုမုန်ကျေးရွာမှာ စစ်ကောင်စီနဲ့ တအာင်းတပ်မတော် TNLA အကြား တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး မြို့တွင်းကို TNLA ဘက်က ဆက်လက်ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။

လားရှိုးမှာ မဲဆန္ဒရှင် မဲစာရင်း လာကြည့်ဖို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က လော်စပီကာနဲ့ မြို့တွင်း လိုက်လံ ဆော်ဩနေ

စစ်ကောင်စီတပ်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ မဲဆန္ဒရှင် မဲစာရင်း လာကြည့်ဖို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က လော်စပီကာနဲ့ မြို့တွင်း လိုက်လံဆော်ဩနေတယ်လို့ လားရှိုးမြို့ခံတွေက ပြောပါတယ်။

ဒီးမော့ဆို-ဖရူဆိုလမ်းပိုင်းကို စစ်ကောင်စီထိန်းချုပ်၊ ဖရူဆို-ဘောလခဲလမ်းပိုင်းကို ဆက်လက်ထိုးစစ်ဆင်နေ

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်ကနေ ဖရူဆိုမြို့နယ်ဘက်ကို ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ စစ်ကောင်စီဟာ ဒီးမော့ဆို-ဖရူဆိုလမ်းပိုင်းကို ထိန်းချုပ်လိုက်ပြီး ဖရူဆို-ဘောလခဲလမ်းပိုင်းကို ဆက်လက်ထိုးစစ်ဆင်တိုက်နေတယ်လို့ KNDF ရဲ့ ဗဟိုသတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ကြံံ့ခိုင်ရေးအမတ်ဟောင်းမိသားစုဝင်တွေ ပါဝင်တဲ့ မြီမိသားစုကို တရုတ်က လိမ်လည်မှု ၊ လူသတ်မှုတွေနဲ့ သေဒဏ်ချမှတ်

ကိုးကန့်ဒေသမှာ အချမ်းသာဆုံးမိသားစုဝင်တွေထဲက ဖြစ်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးမတ်ဟောင်းတွေလည်း ဖြစ်ကြတဲ့ မြီမိသားစုကို လွန်ခဲ့တဲ့ ၂ဝ၂၃ခုနှစ် နိုဝင်ဘာ ၁၆ရက်နေ့မှာ စစ်ကောင်စီတပ်က ဖမ်းဆီးပြီး တရုတ်လက်ထဲ လွဲပေးလိုက်နောက် ၂နှစ်အကြာမှာ အဲမြီမိသားစုဝင်တွေကို တရုတ်က သေဒဏ်ချမှတ်လိုက်တယ်လို့ တရုတ်နိုင်ငံပိုင် သတင်းမီဒီယာတွေက ရေးသားဖော်ပြနေကြပါတယ်။