ရွှေဘိုမြို့မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးရမ်းသမ်း ပစ်ခတ်မှုကြောင့် ကိုရင် ၄ ပါး ပျံလွန်တော်မူပြီး ၇ ပါး ဒဏ်ရာရ

စစ်ကိုင်းတိုင်း ရွှေဘိုမြို့မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ရမ်းသမ်း ပစ်ခတ်မှုကြောင့် ကိုရင်လေး ၄ ပါး ပျံလွန်တော်မူခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

သီပေါမြို့ စံဖိတ်ကွက်သစ် ပေါင် ၅၀၀ ဗုံး ၂ လုံးတိုက်ခိုက်ခံရ၊ အဆောက်အဦးတချို့ ပျက်စီး

PSLF/TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၂ လုံး ထပ်မံ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သီပေါမြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ကင်းတား၊ ကြက်မောက်တောင်နဲ့ မုန်တိုင်ဆည်တွေ ရေကြီးရေလျှံမှုဖြစ်လာ၊ ကားလမ်းတွေ ရေကျော်လို့ လမ်းပိတ်နေ

မန္တလေးတိုင်း ကူမဲ၊ မိတ္ထီလာနဲ့ ကျောက်ပန်းတောင်းမြို့နယ်က ကင်းတား၊ မုန်တိုင်နဲ့ ကြက်မောက်တောင်ဆည်မှာ ရေကြီးရေလျှံမှု ဆိုးဆိုးရွားရွား ရှိနေတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ဗန်းမော်မှာ နှစ်ရက်ဆက်တိုက် တိုက်ပွဲ ပြင်းထန်နေပြီး KIA နဲ့ ပူးပေါင်းတပ်ဖွဲ့ ဆုတ်ခွာထားတဲ့ နေရာတချို့ ပြန်ရ

ကချင်ပြည်နယ် ဗန်းမော်မြို့မှာ ပြီးခဲ့တဲ့ နှစ်ရက်ဆက်တိုက် တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေပြီး KIA နဲ့ ပူးပေါင်းတပ်ဖွဲ့ ဆုတ်ခွာထားတဲ့ နေရာတစ်နေရာ ပြန်ရထားပြီဖြစ်ကြောင်း ရှေ့တန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

စာသင်ကျောင်းကနေ ပြန်လာတဲ့ ကွတ်ခိုင်မြို့က ကလေးငယ်တစ်ဦး လည်ပင်းမှာ ဓားဒဏ်ရာနဲ့ သေဆုံးနေ

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့မှာ စာသင်ကျောင်းကနေ ပြန်လာတဲ့ ကလေးငယ်တစ်ဦး လည်ပင်းမှာ ဓားဒဏ်ရာနဲ့ သေဆုံးခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။

ကျောက်မဲမြို့ပေါ်အားလုံးနီးပါး စစ်ကောင်စီတပ် ပြန်ထိန်းချုပ်၊ ကျောက်မဲတိုးဂိတ်အနီး တိုက်ပွဲ ဆက်လက် ပြင်းထန်နေ

ကျောက်မဲမြို့ကို ပြန်ရဖို့ ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်ဟာ မြို့ပေါ်အားလုံးနီးပါးကို ထိန်းချုပ်လိုက်ပြီလို့ ရှေ့တန်း စစ်မြေပြင်မှာ ရှိနေသူတွေက ပြောပါတယ်။

ဖားကန့်မှာ KIA ရဲ့ ပေါ်တာဆွဲမှုကြောင့် ထွက်ပြေးသူတစ်ဦး မြေစာပုံပေါ် ပြုတ်ကျပြီး သေဆုံး

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု နမ့်မှော်ရွာအနီးမှာ ကချင်တပ်မတော်- KIO/KIA က ပေါ်တာ လိုက်ဆွဲတာကြောင့် ထွက်ပြေးသူတစ်ဦး မြေစာပုံပေါ် ပြုတ်ကျပြီး သေဆုံးခဲ့တယ်လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

နမ့်ဖတ်ကာနဲ့ ၁၀၅ မိုင်ကြားရှိ နမ့်အွန်ရွာမှာ SSPP က ဂိတ်အသစ်ဖွင့်ပြီး ကားသမားတွေဆီကနေ ငွေကောက်

ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာ-မူဆယ်မြို့နယ် ၁၀၅ မိုင် ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ နမ့်အွန်ရွာမှာ ရှမ်းတပ်မတော်- SSPP က ဂိတ်အသစ်ဖွင့်ပြီး ကားသမားတွေဆီကနေ ငွေကောက်ခံနေတယ်လို့ ပေးခဲ့ရတဲ့ ကားသမားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဟိုပင်မှာ မီးလောင်မှု ဖြစ်ပွားပြီး နေအိမ် ၄ လုံး မီးလောင်ပြာကျ

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဟိုပင်မြို့မှာ မီးလောင်မှု ဖြစ်ပွားခဲ့တာကြောင့် နေအိမ် ၄ လုံး မီးလောင်ပြာကျသွားတယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

နမ္မတူ ဗုံးကြဲတိုက်ခိုက်မှု ၁ ဦး ထပ်မံ သေဆုံး၊ လသားအရွယ် ကလေးငယ် ပျောက်ဆုံးနေ

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ္မတူမြို့အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၁ ဦး ထပ်မံ သေဆုံးသွားပါတယ်။