ထီးခီးဒေသကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်လို့ ပညာရေးဝန်ထမ်း ၂ ဦး ထိခိုက်ဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်ထားတဲ့ တနင်္သာရီတိုင်း မြိတ်-ထားဝယ်ခရိုင် ထီးခီးဒေသကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

မုံရွာမှာ ဆုတောင်းပြည့်ဘုရားပွဲက ပြန်လာတဲ့ လူငယ် ၃၀ ကျော်ကို စစ်ကောင်စီတပ်က ပေါ်တာဆွဲ

စစ်ကိုင်းတိုင်း မုံရွာမြို့ ဆုတောင်းပြည့်ဘုရားပွဲက ပြန်လာတဲ့ လူငယ် ၃၀ ကျော်ကို စစ်ကောင်စီတပ်က ပေါ်တာဆွဲပြီး ဖမ်းဆီးသွားတယ်လို့ သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မဘိမ်းမှာ သေနတ်ကိုင်တဲ့ လူတစ်စုက သိန်း ၂၀၀ တောင်း၊ မပေးနိုင်ပါက သတ်ပစ်မယ်လို့ ခြိမ်းခြောက်

ကချင်တပ်မတော် KIA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မဘိမ်းမြို့က နေအိမ်တစ်ခုမှာ သေနတ်ကိုင်ဆောင်ထားတဲ့ အမျိုးသား ၅ ဦးက ကျပ်ငွေ သိန်း ၂၀၀ တောင်းပြီး မပေးနိုင်ရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်ကြောင်း မိသားစုဝင်နဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

တာချီလိတ်နဲ့ တန့်ယန်းမှာ စစ်ကောင်စီက ရွေးကောက်ပွဲအတွက် လူဦးရေစာရင်း အတိအကျလာပေးဖို့ ဖိအားပေး

ရှမ်းမြောက် တန့်ယန်းမြို့နဲ့ ရှမ်းအရှေ့ တာချီလိတ်မြို့က ရပ်ကွက်တချို့က ဒေသခံတွေနဲ့ ရွေ့ပြောင်းအလုပ်သမားတွေရဲ့ လူဦးရေစာရင်း အတိအကျလာပေးဖို့ စစ်ကောင်စီက ဖိအားပေး ပြောဆိုနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းဗုံးကြဲမှုတွေကြောင့် ထိခိုက်ခံစားနေရတဲ့ ပြည်သူတွေကို ဝိုင်းဝန်းကူညီဖို့ TLC က တိုက်တွန်း

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ အဆက်မပြတ် လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုတွေကြောင့် ထိခိုက်ခံစားနေရတဲ့ ပြည်သူလူထုတွေကို ဝိုင်းဝန်းကူညီပေးဖို့ တအာင်းပြည်ကောင်စီ TLC က မနေ့ အောက်တိုဘာလ ၁၄ ရက်မှာ တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။

သီပေါမြို့နယ်ရှိ ကျေးရွာ ၅ ရွာထက်မနည်းကို စစ်ကောင်စီတပ်က Y-12နဲ့ ဗုံးအလုံးရေ ၄၀ ကျော်ကြဲချတိုက်ခိုက်ခဲ့

တအာင်းတပ် PSLF/TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့နယ်ရှိ ကျေးရွာ ၅ ရွာကို စစ်ကောင်စီတပ်က ပေါင် Y-12လေယာဉ်နဲ့ ဗုံးအလုံးရေ ၄၀ ကျော်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ရှေ့တန်းစစ်မြေပြင်မှာရှိနေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မိုးကုတ်-သပိတ်ကျင်း-စဉ့်ကူးလမ်း ဆုံရပ်ဖြစ်တဲ့ ဖော့တောလမ်းဆုံကို စစ်ကောင်စီပြန်ထိန်းချုပ်

မန္တလေးနဲ့မိုးကုတ်လမ်းအတွက် အရေးပါတဲ့ ဖော့တောလမ်းဆုံကို စစ်ကောင်စီတပ်ဘက်က ပြန်လည်ထိန်းချုပ်လိုက်ပြီလို့ ရှေ့တန်းသတင်းအရင်းမြစ်တွေက ရွှေဖီမြေကို ပြောပါတယ်။

လားရှိုးမှာ သေနတ်ကိုင်ဆောင်ထားတဲ့ လူတစ်စုက ကားအုပ်စုလိုက်စီးပြီး ကားတစ်စီးကို ဓားပြတိုက် လုယက်ခဲ့

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ သေနတ်ကိုင်ဆောင်ထားတဲ့ လူတစ်စုက ကားတစ်စီးကို ဓားပြတိုက်လုယက်ခဲ့ရတယ်လို့ လားရှိုးမြို့ခံ တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

နမ့်ဆန်နယ် ဗုံးကြဲတိုက်ခိုက်မှု ဒဏ်ရာရသူ ညီအစ်မ ၂ ဦးလုံး သေဆုံးသွား

တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ နမ့်ဆန်မြို့နယ် အုမ်းမစွမ်ကျေးရွာက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုမှာ ဒဏ်ရာရတဲ့ ညီအစ်မ ၂ ဦးလုံး သေဆုံးသွားခဲ့ပြီဖြစ်တယ်လို့ ရွှေဖီမြေက စုံစမ်း သိရှိရပါတယ်။

သီပေါမြို့အနီး နားခဲရွာအထိ စစ်ကောင်စီစစ်ကြောင်းတွေ ရောက်လာပြီး တအာင်းတပ် ထိန်းချုပ်ဒေသကို ဆက်တိုက်ဗုံးကြဲနေ

တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့ကို ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်ဟာ သီပေါမြို့ နားခဲကျေးရွာအထိ ရောက်ရှိလာနေတယ်လို့ ရှေ့တန်းစစ်မြေပြင်မှာရှိနေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။