မိုင်းငေါ့ကို လေယာဉ်နဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်၊ စျေးတန်းမီးလောင်

တအာင်းတပ် ထိန်းချုပ်ထားတဲ့ မိုင်းငေါ့မြို့ကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ကျားဖြန့်မြို့တော်လို့ နာမည်ကျော်တဲ့ KK Park ကို စစ်ကောင်စီတပ်က ရုပ်ရှင်ဆန်ဆန် ဝင်စီးတဲ့ ဓာတ်ပုံကို ထုတ်ပြ

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ရှိ ကျားဖြန်မြို့တော်လို့နာမည်ကြီးနေတဲ့ KK Park ကို စစ်ကောင်စီတပ်က ရုပ်ရှင်ဆန်ဆန် ဝင်းရောက်စီးနင်းခဲ့တဲ့ ဓာတ်ပုံတွေကို စစ်ကောင်စီလက်အောက်ခံ သတင်းဌာနတွေမှာ ဒီနေ့ အောက်တိုဘာ ၂၀ ရက်မှာ ဖော်ပြလာပါတယ်။

လားရှိုးမှာ ကားဝယ်မယ်လို့ဆိုကာ ကားမောင်းပြေးပြီး ခိုးယူသွားတဲ့ သူခိုးကို မူဆယ်မှာ ဖမ်းမိ

စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ လားရှိုးမြို့မှာ ကားဝယ်မယ်လို့ဆိုကာ ကားမောင်းပြေးပြီး ခိုးယူသွားတဲ့ သူခိုးကို မူဆယ်မှာ ဖမ်းမိထားတယ်လို့ လားရှိုးဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မိုးကုတ်မြို့နယ် ကျောက်ဖားနဲ့ ရေအေးရွာကြားကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်၊ နာရီပိုင်းအတွင်း TNLA ထိန်းချုပ်ထားတဲ့ မြို့ ၄ ခုကို စစ်ကောင်စီဗုံးကြဲ

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့အနောက်ပိုင်း ကျောက်ဖားရွာကို စစ်ကောင်စီက ဒီနေ့အောက်တိုဘာ ၁၉ ရက် ၂ နာရီဝန်းကျင်မှာ ဂျက်ဖိုက်တာလေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

မန်တုံမြို့ထဲကိုလည်း စစ်တပ်က ထပ်မံ ဗုံးကြဲတိုက်ခိုက်ပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရပြီး နေအိမ်တွေ ပျက်စီး၊ မိုင်းငေါ့နယ် ဗုံးကြဲတိုက်ခိုက်ခံရမှု စုံစမ်းနေဆဲ

တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ မန်တုံမြို့ထဲကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ထပ်မံ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်သွားခဲ့တယ်လို့ သိရပါတယ်။

နမ့်ဆန်မြို့ကို စစ်ကောင်စီတပ်က ဗုံးကြဲလို့ နေအိမ်နဲ့ လူထိခိုက်မှုရှိ၊ မန်တုံ၊မိုင်းငေါ့မြို့တွေကိုလည်း ဗုံးကြဲသွားတယ်လို့ ဆို

တအာင်းတပ်-PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ့်ဆန်မြို့ မီးသတ်ရုံးအနီးကို စစ်ကောင်စီတပ်က ဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကလေးမြို့နယ်၊ ရာဇာဂြိုလ်ရွာမှာ တိုက်ပွဲဖြစ်ပြီး ရွာကို မီးရှို့၊ အရပ်သားတချို့ ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် ကလေး-ခမ်းပတ် ကားလမ်းမ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ အင်အား ၁,၀၀၀ ခန့်နဲ့ ဒေသခံကာကွယ်ရေးတပ်တို့ ရာဇဂြိုလ်ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကွမ်ဟယ်ရွာ ဗုံးကြဲခံရမှု သေဆုံးသူ အမျိုးသမီး ၃ ဦး ထပ်တိုး၊ သေဆုံးသူ ၆ ဦး ရှိလာ

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ့်ဆန်မြို့နယ် ကွမ်ဟယ်ကျေးရွာမှာ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ အမျိုးသမီး ၃ ဦး ထပ်တိုးလာတဲ့အတွက် သေဆုံးသူ ၆ ဦးအထိ ရှိလာတယ်လို့ အုပ်ချုပ်ရေး တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

သီပေါ-နမ္မတူလမ်းပေါ်ရှိ ခလရ ၂၃ အထိ စစ်ကောင်စီတပ် ရောက်ရှိလာ၊ ခမရ ၅၀၃ နဲ့ ၅၀၄ မှာ တအာင်းတပ် ဆက်ရှိနေ

စစ်ကောင်စီတပ်ဟာ သီပေါမြို့ကို ပြန်ထိန်းချုပ်ပြီးနောက် သီပေါ-နမ္မတူလမ်းပေါ်ရှိ ခြေလျင်တပ်ရင်း ၂၃ တပ်အထိ ရောက်ရှိလာတယ်လို့ မြေပြင်သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

UWSA အနေနဲ့ ဝ ပြည်နယ် လိုချင်ရင် ရွေးကောက်ပွဲဝင်ပြီး လွှတ်တော်ထဲ တောင်းဆိုဖို့ စစ်ကောင်စီပြော

“ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဝ ပြည်နယ် လိုချင်ရင် ရွေးကောက်ပွဲဝင်ပြီး လွှတ်တော်ထဲ တောင်းဆိုဖို့ စစ်ကောင်စီရဲ့ အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC)ရဲ့ ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ရာပြည့်က ပြောပါတယ်။