ကျောက်မဲမြို့နယ်ထဲက ကျေးရွာတစ်ရွာကို ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ် ပေါင် ၅၀၀ ဗုံးကြဲ၊ ဘုန်းကြီး ၁ ပါး ပျံလွန်တော်မူပြီး ကိုရင် ၇ပါး ဒဏ်ရာရ

ကျောက်မဲမြို့နယ်ထဲက ကောပေါင်ကျေးရွာထဲက ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးတစ်ပါး ပျံလွန်တော်မူသွားခဲ့ပြီး ကိုရင် ၇ပါး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

သပိတ်ကျင်းနယ်ထဲ သန်ခေါင်ယံ လူအိပ်ချိန် စစ်ကောင်စီက ဗုံးထပ်ကြဲ၊ အမျိုးသမီး ၂ဦးနဲ့အမျိုးသား ၁ဦးသေဆုံးပြီး ၁၃ဦးထက်မနည်း ဒဏ်ရာရ

ဒီနေ့ အောက်တိုဘာ ၂၄ရက်နေ့ သန်ခေါင်ယံ လူအိပ်ချိန် သပိတ်ကျင်းနယ်ထဲက ရင်ခတ်ပင်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံ ၃ဦးပွဲချင်းပြီး သေဆုံးကာ ၁၃ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ကန်ပက်လက်မြို့က မင်္ဂဆောင်ပွဲတစ်ခုကို လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်မှု ၄ ဦးသေဆုံးပြီး ၁၀ ကျော် ဒဏ်ရာရ

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့၊ မြို့မရပ်ကွက်က မင်္ဂလာဆောင်ပွဲတစ်ခုကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ လူ ၄ ဦးသေဆုံးပြီး ၁၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ဖားကန့်၊ လန်ဆယ်၊ ဝိုင်းမော် မြို့နယ်တွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေ

ကချင်ပြည်နယ်၊ ဖားကန့်၊ လန်ဆယ်၊ ဝိုင်းမော် မြို့နယ်တွေကို ဒီရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဖားကန့်မှာ မြေစာပုံပြိုကျတာကြောင့် အမျိုးသား ၂ ဦး သေဆုံးပြီး ကလေးတစ်ဦး ဒဏ်ရာရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် နမ့်မှော်ကျေးရွာမှာ မြေစာပုံပြိုကျတာကြောင့် အမျိုးသား ၂ ဦး မြေပိသေဆုံးပြီး အသက် ၁၄ နှစ်အရွယ် ကလေးတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

လူထုတွေကို နည်းလမ်းမျိုးစုံနဲ့ အကြမ်းဖက်နေတဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို လက်မခံကြောင်း DPLA ပြော

ပြည်သူလူထုတွေကို နည်းလမ်းမျိုးစုံနဲ့ အကြမ်းဖက်နေတဲ့ စစ်ကောင်စီတပ် ပြုလုပ်မဲ့ ရွေးကောက်ပွဲကို လက်မခံကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) က ဒီနေ့ အောက်တိုဘာလ ၂၃ ရက်မှာ ထုတ်ပြန်ပြောဆိုထားပါတယ်။

မိုးမိတ်က ကိုရင်တစ်ပါး ရေသွားဆော့ကစားရာကနေ ပျောက်ဆုံးသွား

တအာင်းတပ် PSLF/TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မိုးမိတ်မြို့ မြောက်ပိုင်းရပ်ကွက်ရှိ နမိတ်ချောင်းမှာ ကိုရင်တစ်ပါးက ရေသွားဆော့ကစားနေရာကနေ ပျောက်ဆုံးသွားခဲ့ပါတယ်။

ဘားအံက ဖားဘော်ရွာလေးရွာမှာ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်လိုက်လို့ ဒေသခံ ၃ ဦး သေဆုံးပြီး ၁၇ ဦး ဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်ထားတဲ့ ဘားအံမြို့နယ် ဝံပျံကျေးရွာအုပ်စု ဖားဘော်ရွာလေးရွာမှာ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်လိုက်လို့ ဒေသခံ ၃ ဦး သေဆုံးပြီး ကလေးအပါအဝင် ၁၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်က သီပေါနဲ့ နမ္မတူမြို့နယ်အစပ် မိုးတေရွာအထိ ရောက်ရှိလာ၊ နမ္မတူဘက်ကို ထိုးစစ်ဆင်လာနိုင်

သီပေါမြို့ကို ပြန်လည်ထိန်းချုပ်နိုင်တဲ့ စစ်ကောင်စီတပ်ဟာ သီပေါ-နမ္မတူလမ်းပေါ်ရှိ နေရာတွေကို ထိုးစစ်ဆင်လာနေပြီး သီပေါနဲ့ နမ္မတူမြို့နယ်အစပ် မိုးတေရွာအထိ ရောက်ရှိလာတယ်လို့ သိရပါတယ်။

ကလေးမြို့နယ်မှာ စစ်ကောင်စီတပ်စစ်ကြောင်းထိုးလို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူ ၁ သောင်းကျော် အရေးပေါ် အကူအညီလိုအပ်

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ စစ်ကောင်စီ စစ်ကြောင်းထိုးတာကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူ ၁၀,၀၀၀ ကျော် အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။