မတ္တရာ ရထားလမ်းဘေးက နေအိမ်ပေါင်း ၂၀၀ ကျော်ကို စစ်ကောင်စီက အဓမ္မဖယ်ရှား၊ ဒေသခံတွေ ဒုက္ခရောက်နေ

အောင်မြေသာစံမြို့နယ် ထန်းတောနဲ့ အိုးဘိုရပ်ကွက်မှာရှိတဲ့ မန္တလေး-မတ္တရာ ရထားလမ်းဘေးက နေအိမ်တွေကို စစ်ကောင်စီက အဓမ္မ ဖြိုဖျက်ဖယ်ရှားနေတာကြောင့် ဒုက္ခရောက်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်မှာ စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်လို့ ၃ ရက်အတွင်း ၁၂ ဦး သေဆုံး

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်လို့ ၃ ရက်အတွင်း ကလေး၊ အမျိုးသမီးအပါအဝင် ၁၂ ဦး သေဆုံးပြီး ၃၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ အာရက္ခတပ်တော်- AA က မနေ့ အောက်တိုဘာ ၃၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာလအတွင်း လေကြောင်းနဲ့ ဒရုန်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် အရပ်သား ၄၉ ဦး သေဆုံးပြီး ၇၁ ဦး ဒဏ်ရာရ

စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ ဒရုန်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် အောက်တိုဘာလအတွင်း အရပ်သား ၄၉ ဦး သေဆုံးပြီး ၇၁ ဦး ဒဏ်ရာရ ရရှိခဲ့ကြောင်း တအာင်းတပ်မတော်က ဒီနေ့ နိုဝင်ဘာ ၁ ရက်မှာ ထုတ်ပြန်လာပါတယ်။

လားရှိုးမြို့ ဆင်နှစ်ကောင်ဟိုတယ်မှာ စစ်ကောင်စီနဲ့ ကိုးကန့်တပ် ထပ်မံတွေ့ဆုံ

ဒီနေ့ အောက်တိုဘာလ ၃၁ ရက်မှာ ရှမ်းမြောက် လားရှိုးမြို့က ဆင်နှစ်ကောင်ဟိုတယ်မှာ စစ်ကောင်စီနဲ့ ကိုးကန့်တပ် MNDAA တို့ တွေ့ဆုံဆွေးနွေးနေတယ်လို့ သိရပါတယ်။

ပုလဲက ချင်ပြစ်ရွာကို စစ်တပ်ကလေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ချင်ပြစ်ရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ် ပန်းနီလာရွာကို စစ်ကောင်စီတပ်က ဗုံးကြဲလို့ ကလေးငယ်အပါအဝင် ၄ ဦးသေဆုံးပြီး ၉ ဦးဒဏ်ရာရ

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ကလေးငယ်အပါအဝင် ၄ ဦးသေဆုံးပြီး ၉ ဦးထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီကို ပြန်ပေးမယ့် မိုးကုတ်မှာ PSLF/TNLA ရဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေ ဆက်လည်ပတ်နေပြီး ဒေသခံတချို့ တိမ်းရှောင်နေ

စစ်ကောင်စီကို ပြန်လည်လွှဲပြောင်းပေးရမယ့် မန္တလေးတိုင်း မိုးကုတ်မြို့မှာ တအာင်းတပ်မတော်–PSLF/TNLA ရဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ ဆက်ရှိနေပြီး ဒေသခံတချို့ တိမ်းရှောင်နေကြတယ်လို့ မြို့ခံတွေက ရွှေဖီမြေ ကို ပြောပါတယ်။

ကသာမြို့နယ် ညောင်ခြေထောက်ရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ၁၀ နှစ်အရွယ် ကလေးငယ်အပါအဝင် ၅ ဦးသေဆုံး

စစ်ကိုင်းတိုင်း ကသာမြို့နယ် ညောင်ခြေထောက်ရွာကို စစ်ကောင်စီတပ်က‌ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ၅ ဦးသေဆုံးခဲ့တယ်လို့ ကသာမြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့မှ ထုတ်ပြန်ထားပါတယ်။

ကျောက်ဖြူမြို့နယ်မှာ လေကြောင်း တိုက်ခိုက်လို့ အရပ်သား ၅ ဦးသေဆုံးပြီး ၁၀ ကျော် ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းတိုက်နယ်၊ ကုန်ဘွေရွာကို စစ်ကော်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အမျိုးသမီးတွေအပါအဝင် ၅ ဦး သေဆုံးပြီး ၁၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

စဥ့်ကူးမြို့နယ်ထဲကို စစ်ကောင်စီ လေကြောင်း၊ဒရုန်းတွေနဲ့ ဗုံးဆက်တိုက်ကြဲနေ၊ အမျိုးသမီး ၂ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ

မန္တလေး-PDF နဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း စဥ့်ကူးမြို့နယ် လက်ပန်လှရွာကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အမျိုးသမီး ၂ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ရွှေဖီမြေ က စုံစမ်းသိရှိရပါတယ်။