ဒီးမော့ဆိုအနောက်ခြမ်းရှိ KSP ရုံး ဗုံးကြဲတိုက်ခံရပြီး ၅ ဦး သေဆုံး

ကရင်နီတော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ ကရင်နီပြည်ရဲဌာန (KSP) ရုံးကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခံရပြီး ၅ ဦး သေဆုံးခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

တောင်ကြီးတန်ဆောင်တိုင်ပွဲ ၄ ရက်အတွင်း လူ ၂ ဦး သေဆုံးပြီး ၃၀ ကျော်ထိခိုက်ဒဏ်ရာရရှိ

တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲ ၄ ရက်တာအတွင်း ၂ ဦးသေဆုံးပြီး လူပေါင်း ၃၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

တအာင်းပြည်လဝက နမ့်ခမ်းမှာ ဒေသခံနဲ့နေထိုင်ခွင့်ကဒ်ပြား လုပ်ပေးနေ

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့နယ်မှာ လူဝင်မှုကြီးကြပ်ရေးဌာန (လဝက)က နိုင်ငံခြားသားတွေအတွက်ပါ နေထိုင်ခွင့်ကဒ်ပြား လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။

ပင်းတယမှာ RCSS က မူးယစ်ဆေးဝါး သုံးစွဲတယ်ဆိုပြီး အမျိုးသား ၂၀ ကျော်ကို ဖမ်းဆီးသွား

ရှမ်းတောင် ဓနုဒေသ ပင်းတယမြို့နယ်မှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ- RCSS က မူးယစ်ဆေးဝါး သုံးစွဲတယ်ဆိုပြီး ဒေသခံ အမျိုးသား ၂၀ ကျော်ကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ကျိုင်းတုံ-တောင်ကြီးလမ်း စပယ်ရှယ်တောင်မှာ ကားမှောက်၊ ၂ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရ

ရှမ်းအရှေ့ ကျိုင်းတုံမြို့နယ်မှာ ကားတစ်စီး မှောက်ရာကနေ ခရီးသည် ၂ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာ ရခဲ့ကြောင်း ဖြစ်စဉ်သိရှိသူ အမျိုးသားရဲ့ ပြောပြချက်အရ သိရပါတယ်။

နမ့်ဖတ်ကာမှာ စစ်ကျန်လက်နက်ကျည် ကောက်ယူဖြုတ်ရာကနေ ပေါက်ကွဲပြီး အမျိုးသား ၂ ဦး သေဆုံး

ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာ မနောင်ယန် ရပ်ကွက် ၅ မှာ မနေ့ နိုဝင်ဘာ ၂ ရက် ညနေ ၅ နာရီခန့်က စစ်ကျန်လက်နက်ကျည် ကောက်ယူဖြုတ်ရာကနေ ပေါက်ကွဲပြီး ဒေသခံ အမျိုးသား ၂ ဦး သေဆုံးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ပေါက်မြို့နယ်ထဲက စစ်ရှောင်စခန်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေး ၂ ဦးအပါအဝင် ၅ ဦး ဒဏ်ရာရ

မကွေးတိုင်း ပေါက်မြို့နယ်ထဲက စစ်ရှောင်စခန်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေး ၂ ဦးအပါအဝင် ၅ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ရွာငံမှာ စစ်ကောင်စီတပ်နဲ့ DSNDA တိုက်ပွဲဖြစ်၊ စစ်တပ်ဘက် ၂ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရ

ရှမ်းတောင် ဓနုဒေသ ရွာငံမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်- DSNDA တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်တပ်ဘက်က ၂ ဦး သေဆုံးခဲ့ပြီး ၁ ဦး ဒဏ်ရာ ရခဲ့ကြောင်း DSNDA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဗန်းမော်ဘက် အလုပ်လုပ်ဖို့ ထွက်သွားတဲ့ မိုးမိတ်က အမျိုးသားတစ်ဦး ၂ နှစ်ကျော်ကြာ ပျောက်ဆုံးနေ

ရှမ်းမြောက် မိုးမိတ်မြို့က လူလတ်ပိုင်း အမျိုးသားတစ်ဦး အလုပ်လုပ်ဖို့ ထွက်သွားရင်း ၂ နှစ်ကျော်ကြာတဲ့အထိ ပျောက်ဆုံးနေပြီး မိသားစုနဲ့ အဆက်အသွယ် မရတော့ကြောင်း မိသားစုဝင်ဖြစ်သူရဲ့ ပြောပြချက်အရ သိရပါတယ်။

နတ်ရေကန်ဗျူဟာကုန်းဘက် စစ်ကူလာတဲ့ စစ်ကြောင်းကို ၂ လကြာ ခုခံတိုက်ခိုက်ပြီးနောက် စစ်သား ၂၆ ဦး အရှင်ဖမ်းမိ

မကွေးတိုင်း ငဖဲမြို့နယ် နတ်ရေကန်ဗျူဟာကုန်းဘက် စစ်ကူလာတဲ့ စစ်ကြောင်းကို ၂ လကြာ ခုခံတိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်သား ၂၆ ဦးကို အရှင်ဖမ်းဆီးရမိခဲ့ပါတယ်။