ဖားကန့်မှာ စစ်ကောင်စီတပ်ရဲ့ကား မိုင်းဆွဲတိုက်ခိုက်ချိန် အမျိုးသမီးတစ်ဦး မိုင်းစ ထိမှန်ပြီး သေဆုံး

ကချင်ပြည်နယ် ဖားကန်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်စီစာကျေးရွာက လမ်းမကြီးပေါ်မှာ အမျိုးသမီးတစ်ဦး မိုင်းစ ထိမှန်ပြီး သေဆုံးသွားခဲ့တယ်လို့ ဖားကန့်ဒေသခံ Tarlin Mg ဆီက သိရပါတယ်။

ပြင်ဦးလွင်မှာ ရောက်ရှိနေတဲ့ စစ်ရှောင်တချို့ နေထိုင်တဲ့အိမ်တွေကို စစ်ကောင်စီတပ်က စစ်ဆေးမေးမြန်းတာတွေ လုပ်နေ

မန္တလေးတိုင်း ပြင်ဦးလွင်မြို့သို့ ရောက်ရှိနေတဲ့ စစ်ရှောင်တွေ နေ‌ထိုင်တဲ့အိမ်တချို့ကို စစ်ကောင်စီတပ်က နေအိမ်အထိ ဝင်ရောက်စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့ကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ အမျိုးသမီးတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

မတ္တရာမြို့နယ်ထဲက ဆည်တော်ကြီး ရေလှောင်တမံကို စစ်ကောင်စီ ပြန်ထိန်းချုပ်၊ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နေရာအများစု ပြန်လက်လွှတ်နေရ

မန္တလေး PDF နဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း မတ္တရာမြို့နယ်ထဲက ဆည်တော်ကြီး ရေလှောင်တမံကို ပြန်ထိန်းချုပ်နိုင်ခဲ့ကြောင်း စစ်ကောင်စီက မနေ့ နိုဝင်ဘာ ၇ ရက်မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ် အဓမ္မပြုကျင့်ခဲ့တဲ့ အမျိုးသမီး ၁ ဦးအပါအဝင် ပြည်သူ ၁၄ ဦးကို ချင်းညီနောင်တပ်ဖွဲ့က ကယ်ထုတ်ခဲ့

ချင်းပြည်နယ် တီးတိန်မြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်က အဓမ္မပြုကျင့်ခဲ့တဲ့ အမျိုးသမီး ၁ ဦးအပါအဝင် ပြည်သူ ၁၄ ဦးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ ချင်းညီနောင်တပ်ဖွဲ့က မနေ့ နိုဝင်ဘာ ၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။

မူဆယ် နမ့်လောင်း‌ရွာမှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူကို ဖမ်းဆီးရမိရင် ဒဏ်ငွေ သိန်း ၁၀၀ အထိ ပေးဆောင်ရမှာဖြစ်ပြီး စစ်မှုထမ်းလည်း လုပ်ရမယ်လို့ SSPP အမိန့်ထုတ်

ရှမ်းမြောက် မူဆယ်မြို့နယ် နမ့်လောင်းကျေးရွာမှာ မူးယစ်ဆေးဝါး ရောင်းဝယ်သူနဲ့ သုံးစွဲသူတွေကို ဖမ်းဆီးရမိရင် ဒဏ်ငွေ သိန်း ၁၀၀ အထိ ပေးဆောင်ရမယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ- SSPP က ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်က အမိန့်ထုတ်ထားပါတယ်။

မင်းပြားမြို့ကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံ ၄ ဦး သေဆုံး၊ ၁၀ ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ် မင်းပြားမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံ ၄ ဦး သေဆုံးပြီး ၁၀ ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ မင်းပြားမြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဖြူးမြို့နယ်အတွင်း ဗုံးလာကြဲတဲ့ Gyrocopter ၂ စီးထဲကတစ်စီး ပြုတ်ကျပြီး စစ်သား ၂ ဦး သေ

ပဲခူးတိုင်း ဖြူးမြို့နယ်ထဲ ဗုံးလာကြဲတဲ့ စက်တပ်လေထီး ၂ စီးထဲကတစ်စီး ပြုတ်ကျပြီး စစ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနက ထုတ်ပြန်ထားပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်ထဲက ကျေးရွာ ၃ ရွာ လေကြောင်းအပြင် လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီး ၅ ဦး သေဆုံး

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်ထဲက ကျေးရွာ ၃ ရွာ လေကြောင်းအပြင် လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် ဒေသခံ ၅ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာ ရခဲ့ပါတယ်။

ရေနစ်မြှုပ်လို့ မိုင်းဘော်ရွာအပါအဝင် ကျေးရွာ ၇ ရွာထက်မနည်းက စပါးခင်းတွေ ပျက်စီး

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မန်တုံနဲ့နမ္မတူမြို့နယ်ကြားရှိ မိုင်းဘော်ကျေးရွာအပါအဝင် ကျေးရွာ ၇ ရွာထက်မနည်းက စပါးခင်းတွေ ရေနစ်မြုပ်လို့ ပျက်စီးသွားတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

၁ လအတွင်း စစ်ကောင်စီတပ်ကြောင့် အမျိုးသမီး ၇၀ ဦး သေဆုံး

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှု၊ မတရား သတ်ဖြတ်ခံရတာနဲ့ မြေမြှပ်မိုင်းတွေကြောင့် နိုင်ငံတစ်ဝှမ်းက အမျိုးသမီး ၇၀ ဦး သေဆုံးခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ- BWU က ဒီနေ့ နိုဝင်ဘာ ၇ ရက်မှာ ထုတ်ပြန်လာပါတယ်။