“အိုမ်တမာဝ်း လှည်‌လေ;” ပဲ့ကိုင်ရှင် ဝါရင့် တအာင်းတေးရေးဆရာ သိန်းတန် ကွယ်လွန်

ဝါရင့် ‎တအာင်းတေးရေးဆရာ သိန်းတန်ဟာ ဒီနေ့ နိုဝင်ဘာ ၁ဝ ရက် မနက်အစောပိုင်းက နေအိမ်မှာ ကွယ်လွန်သွားခဲ့တယ်လို့ နီးစပ်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

စစ်ကောင်စီ ပြန်ထိန်းချုပ်တဲ့ ကျောက်မဲမှာ နေအိမ်တစ်အိမ် ဓားပြတိုက်ခံရပြီး အိမ်ရှင်အမျိုးသမီး သတ်ခံရ

စစ်ကောင်စီ ပြန်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကျောက်မဲမြို့ထဲ အမျိုးသမီးတစ်ဦး သတ်ခံရပြီး တန်ဖိုးရှိတဲ့ ပစ္စည်း‌တွေကိုလည်း ယူဆောင်သွားခံခဲ့ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

တီးတိန်-သိုင်းငင်း ကားလမ်းကို ပြန်လည်ထိန်းချုပ်ထားတဲ့ စစ်ကောင်စီက သိုင်းငင်းရွာမှာ မိုင်းနင်းမိလို့ ၇ ဦး သေဆုံးပြီး ၁၇ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရ

ချင်းပြည်နယ် တီးတိန်မြို့နယ် တီးတိန်-သိုင်းငင်း ကားလမ်းကို ပြန်လည်ထိန်းချုပ်ထားတဲ့ စစ်ကောင်စီတပ်ဟာ သိုင်းငင်းရွာမှာ မိုင်းနင်းမိလို့ ၇ ဦး သေဆုံးပြီး ၁၇ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ရှေ့တန်းစစ်ရေးသတင်းအရင်းအမြစ်က ပြောပါတယ်။

စစ်ကောင်စီနဲ့ အပစ်ရပ်ပြီးနောက် တအာင်းတပ် ထိန်းချုပ်ထားတဲ့ နောင်တောင်း နယ်စပ်ဂိတ် တရုတ် ပြန်ဖွင့်ပေး

စစ်ကောင်စီနဲ့ အပစ်ရပ်ပြီးနောက် တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ် နမ့်ခမ်းမြို့ကနေ တရုတ်နိုင်ငံဘက် ဆက်သွယ်ထားတဲ့ နောင်တောင်း နယ်စပ်ဂိတ်ကို တရုတ်ဘက်က ပြန်ဖွင့်ပေးပြီလို့ သိရပါတယ်။

ရွာငံအခြေစိုက် ချိုးဖြူတပ်ဖွဲ့ DPLA ထံ ပူးပေါင်း၊ ဓနုတော်လှန်ရေးတပ် ၂ ဖွဲ့ ပူးပေါင်းတာဟာ တော်လှန်ရေးကို ပိုအားကောင်းစေတယ်လို့ DPLA ပြော

ရှမ်းတောင် ဓနုဒေသ ရွာငံမြို့နယ်မှာ အခြေစိုက်တဲ့ တော်လှန်ရေးတပ်ဖြစ်တဲ့ ချိုးဖြူ တော်လှန်ရေးတပ် (ရွာငံ PDF)- JPRF က ဓနုပြည်သူ့လွတ်မြောက်ရေး တပ်တော်- DPLA ထံ ပူးပေါင်းလိုက်ကြောင်း ချိုးဖြူတပ်ဖွဲ့က ထုတ်ပြန်လာပါတယ်။

စစ်ကောင်စီတပ်က သာလွန်အင်အားနဲ့ ထိုးစစ်ဆင်နေလို့ မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်း တိုက်ပွဲ ပိုမိုပြင်းထန်လာတာကြောင့် စစ်ရေးသတိ ရှိကြဖို့ မန္တလေး PDF တိုက်တွန်း

မန္တလေးတိုင်း မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်အကြား တစ်နေ့ထက်တစ်နေ့ တိုက်ပွဲ ပိုမိုပြင်းထန်လာတာကြောင့် လူထုအနေနဲ့ စစ်ရေးသတိ ရှိကြဖို့ လိုအပ်ကြောင်း မန္တလေး PDF က ဒီနေ့ ထုတ်ပြန်လာပါတယ်။

သပိတ်ကျင်းနဲ့ စဉ့်ကူးကို စစ်ကောင်စီတပ် ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်သေဆုံးမှုများ

တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း သပိတ်ကျင်းနဲ့ စဉ့်ကူးမြို့နယ်ထဲ စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ မြေပြင်အခြေအနေ သိရှိသူတချို့က ရွှေဖီမြေကို ပြောပါတယ်။

ကွတ်ခိုင်မှာ ဆိုင်ရှင်က ဝန်ထမ်းအမျိုးသမီးကို အဓမ္မပြုကျင့်ဖို့ ကြံစည်

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကွတ်ခိုင်မြို့က ဆံပင်ညှပ်ဆိုင်တစ်ဆိုင်မှာ ဆိုင်ရှင်ဖြစ်သူက ဝန်ထမ်းအမျိုးသမီးကို အဓမ္မပြုကျင့်ဖို့ ကြံစည်ခဲ့တယ်လို့ ဝန်ထမ်းနဲ့ နီးစပ်သူက ရွှေဖီမြေကို ပြောပါတယ်။

ပျက်စီးသွားတဲ့ တံတားတွေ မပြုပြင်သေးတာကြောင့် နမ္မတူ-မိုင်းဘော်လမ်းပိုင်း ကား ဖြတ်သန်းသွားလာလို့ မရသေး

ရေ တိုက်စားမှုကြောင့် ပျက်စီးသွားတဲ့ တံတားတွေကို ပြန်မပြုပြင်သေးတာကြောင့် တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ္မတူမြို့နယ်နဲ့ မန်တုံမြို့နယ် မိုင်းဘော်ကျေးရွာဘက် ဆက်သွယ်ထားတဲ့ တံတားတွေ မပြုပြင်ရသေးဘူးလို့ သိရပါတယ်။

လေကြောင်း စိုးရိမ်ချက်ကြောင့် လားရှိုးသို့ စစ်ဘေးရှောင်နေတဲ့ နမ္မတူမြို့ခံတွေ နေရပ်ပြန်လာ

စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ရှမ်းမြောက် လားရှိုးမြို့သို့ တိမ်းရှောင်နေကြတဲ့ နမ္မတူမြို့ခံတွေ နေရပ်သို့ ပြန်လာကြပြီလို့ သိရပါတယ်။