မိုးမိတ်မြို့ကို စစ်ကောင်စီလက်အောက် မရောက်အောင် ခုခံကာကွယ်သွားမယ်လို့ မိုးမိတ်ခရိုင် ပကဖပြော

တအာင်းတပ်မတော်- PSLF/TNLA က စစ်ကောင်စီကို ပြန်ပေးမယ့် ရှမ်းမြောက် မိုးမိတ်မြို့ကို စစ်ကောင်စီလက်အောက် မရောက်အောင် ခုခံကာကွယ်သွားမယ်လို့ မိုးမိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က မနေ့ နိုဝင်ဘာ ၁၀ ရက်မှာ ထုတ်ပြန်ပါတယ်။

ဖားကန့်မြို့နယ် ကထန်ရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်၊ အမေဖြစ်သူ သေဆုံးပြီး ၃ နှစ်အရွယ် သားဖြစ်သူက ပြင်းထန်ဒဏ်ရာရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကထန်ရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၁ ဦး သေဆုံးပြီး ကလေးငယ် ၁ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံ သတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ကန့်ဘလူ ကျီကျင်းရွာက နေအိမ်တွေကို စစ်တပ်နဲ့ ပျူစောထီး မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ကျီကျင်းရွာက ဒေသခံရဲ့ နေအိမ်တွေကို စစ်‌ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က မနေ့ နိုဝင်ဘာ ၁၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။

မြစ်ကြီးနားက ပွဲဈေးတန်းရှေ့မှာ အမျိုးသားတစ်ဦး ပစ်သတ်ခံရ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ယုဇနရပ်ကွက်က ပွဲဈေးတန်းရှေ့မှာ အမျိုးသားတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ မျိုးဆက်သစ် လူမှုကယ်ဆယ်ရေးအသင်း အဖွဲ့ဝင်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

RCSS ဖမ်းဆီးသွားတဲ့ ပင်းတယက လူငယ်အမျိုးသား ၂၀ ကျော် ပြန်မလွှတ်သေး

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ- RCSS က ဖမ်းဆီးသွားတဲ့ ရှမ်းတောင် ဓနုဒေသ ပင်းတယမြို့နယ်ထဲက လူငယ်အမျိုးသား ၂၀ ကျော်ကို လက်ရှိအချိန်ထိ ပြန်မလွှတ်ပေးသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

ကိုးကန့်တပ်က ၄ မိုင် ရှည်လျားတဲ့ ကွမ်းလုံမြို့ရှောင်လမ်းအသစ် ဖောက်လုပ်မယ်

ကိုးကန့်တပ်- MNTJP/MNDAA ထိန်းချုပ်ထားတဲ့ ကွမ်းလုံမှာ ယဉ်ကြောပိတ်ဆို့မှုကို လျှော့ချနိုင်ဖို့ မြို့ရှောင်လမ်းအသစ် ဆောက်လုပ်သွားမယ်လို့ ကိုးကန့်တပ်က ထုတ်ပြန်ပါတယ်။

ဒီပဲယင်းမြို့နယ်က ကျေးရွာ ၂ ရွာကို လေကြောင်းကနေ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံတွေ ဒဏ်ရာရ

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်က ကျေးရွာ ၂ ရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားတွေ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

မိုးကုတ်လမ်းကနေ ကျောက်မဲအဝင်မှာ တအာင်းလူမျိုးကို စစ်တပ်ဘက်က ဖြတ်သန်းသွားလာခွင့်မပြု

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ကနေလာတဲ့ ခရီးသည်တွေထဲက တအာင်းလူမျိုးကို ကျောက်မဲမြို့အဝင်မှာ စစ်ကောင်စီတပ်က ဖြတ်သန်းသွားလာခွင့် မပြုဘူးလို့ ဖြစ်စဉ်သိရှိသူတစ်ဦးဆီက သိရပါတယ်။

စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း “ဝ”၊ မွန်နဲ့ တအာင်းလူငယ်အဖွဲ့ ထုတ်ပြန်

လာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာ ကျင်းပဖို့ ပြင်ဆင်နေတဲ့ စစ်ကောင်စီတပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို လက်မခံဘဲ ဆန့်ကျင်သွားမယ်လို့ မွန်ခမာမျိုးနွယ်ဖြစ်တဲ့ “ဝ”၊ မွန်နဲ့ တအာင်းလူငယ်အဖွဲ့က ဒီနေ့ နိုဝင်ဘာ ၁၀ ရက်မှာ ပူးတွဲထုတ်ပြန်လာပါတယ်။

သီပေါမှာ တအာင်းတပ်နဲ့ ဆက်စပ်မှု ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေသခံ ၃၅ ဦး ဖမ်းဆီးစစ်ဆေးခံရ

စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် သီပေါမြို့မှာ တအာင်းတပ်နဲ့ ဆက်စပ်မှု ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေသခံ ၃၅ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဖမ်းဆီးခံရသူနဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။