ကျောက်မဲမြို့ ငြိမ်းချမ်းရေးကုန်းရှိ လူမနေတဲ့ တအာင်းနေအိမ်တွေကို စစ်ကောင်စီတပ်က နေအိမ်ထဲ ဝင်မွှေပြီး ပစ္စည်းတွေ သိမ်းယူနေ

စစ်ကောင်စီတပ် ပြန်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကျောက်မဲမြို့ ငြိမ်းချမ်းရေးကုန်းရှိ လူမနေတဲ့ တအာင်းလူမျိုးနေအိမ်တွေကို စစ်ကောင်စီတပ်က နေအိမ်ထဲ ဝင်မွှေပြီး ပစ္စည်းတွေ သိမ်းယူနေတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

MNDAA ကို လားရှိုး–သီပေါ ပြည်ထောင်စုလမ်းမကြီးကနေ နိုဝင်ဘာ ၂၀ ရက်နောက်ဆုံးထားပြီး စစ်ကောင်စီ ဖိအားပေး ဆုတ်ခိုင်းနေ

လားရှိုး–သီပေါ ပြည်ထောင်စုလမ်းမကြီးကနေ လာမယ့် နိုဝင်ဘာ ၂၀ ရက် နောက်ဆုံးထားပြီး တပ်ဆုတ်ပေးဖို့ စစ်ကောင်စီက ဖိအားပေးနေတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တချို့က ရွှေဖီမြေကို ပြောပါတယ်။

နမ့်လန် ကျောက်ဂူလမ်းနဲ့ မိုင်းရယ်အဝင်အထွက်ကို စစ်တပ်က ပိတ်

ရှမ်းမြောက် သီပေါမြို့နယ် နမ့်လန်မြို့နဲ့ ကျောက်ဂူလမ်းအပြင် ရှမ်းတောင် မိုင်းရယ်မြို့ အဝင်အထွက်ကိုလည်း စစ်ကောင်စီတပ်က ပိတ်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်က စစ်တပ်ရဲ့လုံခြုံရေးစခန်းကို PLA ဝင်ရောက်စီးနင်း

နေပြည်တော်၊ ဥတ္တရသီရိ တပ်ကုန်းမြို့နယ်ရှိ စစ်ကောင်စီတပ်ရဲ့ ရတနာမြေအခြေပြုလုံခြုံရေးစခန်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA က ၀င်ရောက်စီးနင်းခဲ့ပြီး ခဲယမ်းတချို့နဲ့ငွေသားတချို့ သိမ်းဆည်းမိခဲ့တယ်လို့ PLA က ဒီနေ့ နိုဝင်ဘာ ၁၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ထိုင်းနယ်စပ် စစ်တပ်အခြေစိုက်တဲ့ မောတောင်မြို့ကို KNU/KNLA က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့

ထိုင်းနယ်စပ် တနင်္သာရီတိုင်း မောတောင်မြို့ကို ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသားတပ်မတော် KNU/KNLA က ဦးဆောင်ပြီး အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ဒေသခံတစ်ဦးရဲ့ပြောပြချက်အရ သိရပါတယ်။

TNLA တပ်သားတွေ အွန်လိုင်းလောင်းကစားဂိမ်းဆော့ရင် အနည်းဆုံး ထောင်ဒဏ် ၃ လ ချမှတ်နိုင်မယ့် စည်းကမ်းချမှတ်

တအာင်းတပ်မတော် PSLF/TNLA ရဲ့ တပ်သားတွေအနေနဲ့ အွန်လိုင်းလောင်းကစားဂိမ်းတွေ မဆော့ဖို့ တားမြစ်ထားပြီး ဆော့ရင် အနည်းဆုံးထောင်ဒဏ် ၃ လ ကျနိုင်တဲ့ စည်းကမ်းသတ်မှတ်ချက် အဖွဲ့အစည်းကြားထဲမှာ ချမှတ်ထားတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

သီပေါ- လားရှိုးတံတားကို ကိုးကန့်နဲ့ စစ်တပ်က အပြန်အလှန် ပိတ်ထားတာကြောင့် ဖြတ်သန်းသွားလာလို့ မရသေး

ရှမ်းမြောက် သီပေါမြို့အထွက် သီပေါ-လားရှိုးတံတားကို ကိုးကန့်တပ်နဲ့ စစ်ကောင်စီတပ်က အပြန်အလှန် ပိတ်ထားတာကြောင့် ဖြတ်သန်းသွားလာလို့ မရဘူးလို့ သီပေါမြို့ခံ တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဖားကန့်မှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် ကျောင်းဆရာမ ၁ ဦးနဲ့ ၄ နှစ်အရွယ် မူကြိုကလေး ၁ ဦး ဒဏ်ရာရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဖဝါကျေးရွာမှာ စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ကျောင်းဆရာမ ၁ ဦးနဲ့ ၄ နှစ်အရွယ် မူကြိုကလေး ၁ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံ သတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ခင်ဦးဘက် စစ်ကြောင်း ထိုးလာတဲ့ စစ်တပ်အင်အား ၁၀၀ ကျော်ကို ပူးပေါင်းတပ်‌တွေ တိုက်ခိုက်၊ စစ်သား ဆယ်နဲ့ချီ သေဆုံး

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်ကနေ ခင်ဦးဘက် စစ်ကြောင်း ထိုးလာတဲ့ စစ်ကောင်စီတပ်ရဲ့ တပ်မ ၃၃ လက်အောက်ခံ ခြေလျင်တပ်ရင်း ၁၁၁ ကို တော်လှန်ရေး ပူးပေါင်းတပ်ဘက်က ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် ၅၀ ဦး သေဆုံးခဲ့တယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

လူသတ်မှု ကျူးလွန်သူ ၃ ဦးကို ကိုးကန့်တပ် သေဒဏ်ချ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မူဆယ်မြို့နယ် မုံးကိုးမြို့မှာ လူသတ်မှု ကျူးလွန်ခဲ့သူ ရာဇဝတ်သား ၃ ဦးကို MNDAA က လူမြင်ကွင်းရှေ့မှာ သေဒဏ် ချမှတ်ခဲ့ကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။