စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဖားကန့်က ၂ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံး၊ ၇ ဦး ဒဏ်ရာရ

ကချင်ပြည် ဖားကန့်မြို့မှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် အသက် ၂ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဖားကန့်မြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ရွှေကုက္ကိုမှာ ကျားဖြန့်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသား ၆ ရာကျော် ဖမ်းမိတယ်လို့ စစ်ကောင်စီပြော

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုရှိ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်)တွေကို စစ်ကောင်စီတပ်နဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) တို့ ဝင်ရောက်ရှင်းလင်းရာမှာ နိုင်ငံခြားသား ၆၁၁ ဦးနဲ့ ငွေလိမ်ရာမှာ အသုံးပြုတဲ့ကွန်ပျူတာ (၂,၆၅၃) လုံးနဲ့ ဖုန်း (၁၉,၆၅၀) လုံး သိမ်းဆည်းခဲ့တယ်လို့ စစ်ကောင်စီတပ်က ထုတ်ပြန်ပါတယ်။

မြို့သစ်မှာ လက်ဖက်လှန်းပြီး ပြန်လာတဲ့ကားတစ်စီး ချောက်ထဲကျလို့ ၁ ဦးသေ၊ ၃ ဦး ဒဏ်ရာရ

တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ နမ့်ဆန်မြို့နယ် မြို့သစ်ရွာမှာ လက်ဖက်လှန်းပြီး ပြန်လာတဲ့ ကားတစ်စီးက ချောက်ထဲကျလို့ ၁ ဦး သေဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာရခဲ့ကြောင်း ရွာခံအမျိုးသားရဲ့ ပြောပြချက်အရ သိရပါတယ်။

လားရှိုးမှာ တက္ကသိုလ်ကျောင်းတွေကို စစ်ကောင်စီ ပြန်ဖွင့်မယ်

စစ်ကောင်စီတပ် ပြန်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ စစ်ကောင်စီက တက္ကသိုလ်ကျောင်းကို ပြန်ဖွင့်မယ်လို့ လားရှိုးမြို့ခံတွေဆီက သိရပါတယ်။

သိန္နီမြို့မှာ ရှမ်းနှစ်သစ်ကူးပွဲတော် စည်စည်ကားကား ကျင်းပ

ဒီနေ့ နိုဝင်ဘာ ၂၀ ရက်မှာ ကျရောက်မယ့် ရှမ်းနှစ်သစ်ကူးကို ကြိုဆိုတဲ့အနေနဲ့ ကိုးကန့်တပ်မတော်–MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် သိန္နီမြို့မှာ ရှမ်းနှစ်သစ်ကူးပွဲတော်ကို စည်စည်ကားကာ ကျင်းပခဲ့တယ်လို့ ကိုးကန့်တပ်က ထုတ်ပြန်ပါတယ်။

မြိုင်နယ်မှာ စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၅ ဦးထက်မနည်း သေဆုံး

မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၅ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ အညာမြေအရပ်ဖက်လူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဂန့်ဂေါနဲ့ ဒီပဲယင်းမှာ အ‌ကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီး အရပ်သား ၁ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရ

မကွေးတိုင်း ဂန့်ဂေါမြို့နယ်နဲ့ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၁ ဦး သေဆုံးခဲ့ပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့တယ်လို့‌ ရွှေဖီမြေမှ စုံစမ်းသိရှိရပါတယ်။

သပိတ်ကျင်းက လက်ပံပြန့်ကျေးရွာကို စစ်ကောင်စီဗုံးကြဲလို့ အရပ်သား ၂ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာပြင်းထန်

မန္တလေး PDF ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် လက်ပံပြန့်ကျေးရွာကို စစ်ကောင်စီတပ် ဗုံးကြဲလို့ အရပ်သား ၂ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ မန္တလေး PDF က ထုတ်ပြန်ပါတယ်။

ကလေး၊ ဂန့်ဂေါ၊ ဖလမ်းနဲ့ တီးတိန်တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သားတချို့နဲ့ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိ

ချင်းပြည်နယ် ကလေးမြို့နယ်၊ ဂန့်ဂေါမြို့နယ်၊ ဖလမ်းမြို့နယ်နဲ့ တီးတိန်မြို့နယ်တွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများပြီး စစ်သုံ့ပန်းတချို့နဲ့ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းမိခဲ့တယ်လို့ ချင်းပြည် (Chinland) အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်က မနေ့ နိုဝင်ဘာ ၁၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဖားကန့်က ကျောက်လုပ်ကွက်တစ်ခုမှာ ဗုံးကြဲခံရပြီး ၂ ဦး ဒဏ်ရာရ

ကချင်ပြည် ဖားကန့်မြို့က ကျောက်လုပ်ကွက်တစ်ခုမှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၂ ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဖားကန့်မြို့ခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။