Browsing Category
ပြည်တွင်းသတင်း
2991 posts
Stay informed with the latest local news from across the region. Get every update on community events, local politics, and important happenings in Myanmar.
ဗန်းမော်က ကံကြီးရွာမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီက လေကြောင်းဗုံးကြဲလို့ အရပ်သားတွေ ထိခိုက်သေဆုံးတာနဲ့ နေအိမ်တွေ မီးလောင်ပျက်စီး
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်၊ ကမ္ဘနီကျေးရွာအုပ်စု၊ ကံကြီးကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၈ ရက် နေ့လည်ပိုင်းမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်လို့ အရပ်သားတွေ ထိခိုက်သေဆုံးကာ နေအိမ်တွေပါ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ကျောက်မဲအဝင်အထွက်တွေမှာ စစ်ကောင်စီတပ်က တောင်ပေါ်ဒေသခံတွေကို ပစ်မှတ်ထား ထောင်ချောက်ဆင် ငွေတောင်းကြမ်းနေပြီး မြို့ထဲမှာလည်း သူခိုးတွေ သောင်းကြမ်းနေ
စစ်ကောင်စီပြန်လည်ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့အဝင်အထွက်တွေမှာ တောင်ပေါ်ကျေးရွာကနေ ဆင်းလာတဲ့ ကားသမားနဲ့ဒေသခံတွေကို ပစ်မှတ်ထားပြီး ငွေတောင်းကြမ်းနေတယ်လို့ ကြုံခဲ့ရတဲ့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။
ခင်ဦးနယ်ထဲက စားသောက်ဆိုင်၊ ဆိုင်ခန်းနဲ့ ယာဉ်ကြောပိတ်ဆို့နေရာကို စစ်ကောင်စီတပ်က ဗုံးကြဲလို့ အနည်းဆုံး ၉ဦးသေဆုံးပြီး ၁၀ဦးထက်မနည်း ဒဏ်ရာရ
မနေ့ ဒီဇင်ဘာ ၂၇ရက်နေ့ နေ့လည်ပိုင်း ၁နာရီ ဝန်းကျင် ခင်ဦးမြို့နယ် အရှေ့ဘက်ခြမ်း၊ မြေနီလျှိုကျေးရွာအနီးကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ၁စီးနဲ့ MI 35 ၁စီးတို့နဲ့ လာရောက် ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၉ဦးထက်မနည်းသေဆုံးပြီး ၁၀ဦးနဲ့အထက်က ဒဏ်ရာရရှိခဲ့တယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။