သီပေါက အမျိုးသမီးတစ်ဦး မိုင်းထပ်နင်းမိပြီး ခြေတစ်ဖက် ပြတ်

တအာင်းတပ် TNLA ထိန်းချုပ်တဲ့ ရှမ်းမြောက် သီပေါမြို့နယ် စံဖိတ်ကျေးရွာမှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦး မိုင်းနင်းမိပြီး ခြေတစ်ဖက် ပြတ်သွားတယ်လို့ သိရပါတယ်။

သီပေါမှာ အမျိုးသားတစ်ဦး ရေနစ်သေဆုံး

တအာင်းတပ်-PSLF/TNLA ထိန်းချုပ်နယ်မြေဖြစ်တဲ့ သီပေါမြို့နယ်က အမျိုးသားတစ်ဦး ရေနစ်သေဆုံးသွားခဲ့တယ်လို့ နယ်စည်းမခြားပရဟိတအသင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မူဆယ်က အမျိုးသားတစ်ဦးကို SSPP တပ်က ခေါ်ဆောင်သွားပြီး သိန်း ၃၀၀ တောင်း

ရှမ်းမြောက် မူဆယ်မြို့ မန်မိုင်ရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးကို ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီး သိန်း ၂၀ နဲ့ ပြန်ရွေးခဲ့ရတယ်လို့ ဖမ်းဆီးခံရသူနဲ့ နီးစပ်သူတစ်ဦးက ရွှေဖီ‌မြေကို ပြောပါတယ်။

ကျားဖြန်လုပ်ကိုင်သူ ၁၂ ဦးကို တအာင်းတပ်ရဲတပ်ဖွဲ့က တရုတ်နိုင်ငံကို လွှဲပြောင်းပေး

တအာင်းတပ်မတော်-PSLF/TNLA ရဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိတဲ့ ကျားဖြန်လုပ်ကိုင်သူ ၁၂ ဦးကို တအာင်းတပ် ရဲတပ်ဖွဲ့က တရုတ်နိုင်ငံကို လွှဲပြောင်းပေးခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်ပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ထားတဲ့ သိန္နီမြို့ကို စစ်ကောင်စီထံ ပြန်ပေးမယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေ

ကိုးကန့်တပ်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် သိန္နီမြို့ကနေ စစ်ကောင်စီထံ ပြန်ပေးမယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေပါတယ်။

မိုးကုတ်မှာ သဲတင်ကား ဝင်တိုက်မိလို့ အသက် ၆၂ အရွယ် အဖွားတစ်ဦး သေဆုံး

မန္တလေးတိုင်း မိုးကုတ်မြို့မှာ သဲတင်တဲ့ကားတစ်စီးက ရပ်ကွက်ထဲက အသက် ၆၂ အရွယ် အဖွားကို တိုက်မိလို့ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဖြစ်စဉ်ကိုသိရသူ သတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။

တီးတိန်မြို့နယ်မှာ ကားလမ်းတွေ ပိတ်ထားတဲ့အတွက် ဆန်နဲ့ အခြေခံစားသောက်ကုန်တွေ ပြတ်လပ်နေ

ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်မှာ ကားလမ်းတွေ တစ်လကျော်ကြာ အသုံးပြုလို့ မရတော့တာကြောင့် ဆန်၊ ဆီ၊ ဆား၊ ငပိ၊ ငရုပ်သီး စတဲ့ အခြေခံစားသောက်ကုန်တွေ ဝယ်ယူလို့မရဘဲ ပြတ်လပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပုလဲမြို့နယ် ပစ်ချခံရတဲ့ ဂျက်ဖိုက်တာအပျက်အစီးဓာတ်ပုံ PLA ထုတ်​​ပြန်၊ စက်ချို့ယွင်းပြီး ပျက်ကျတာလို့ စစ်ကောင်စီ တုန့်ပြန်

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်မှာ ပစ်ချခံရတဲ့ ဂျက်ဖိုက်တာလေယာဉ်ရဲ့ အပျက်အစီးပုံကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLAက ထုတ်ပြန်ခဲ့ပြီး လေယာဥ်မှူး သေဆုံးနိုင်ခြေများကြောင်း PLA ရဲ့ အထွေထွေအတွင်းရေးမှူး ရဲဘော်နီနီကျော်က ရွှေဖီမြေကို ပြောပါတယ်။

ကော့ကရိတ်နယ်မှာ ဗုံးကြဲခံရလို့ ကလေး ၃ ဦးအပါအဝင် ၅ ဦး သေဆုံး၊ ၁၁ ဦး ဒဏ်ရာရ

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ ကော့ကရိတ်မြို့နယ်က နေအိမ်စာသင်ကျောင်းတစ်ခုကို စစ်ကောင်စီတပ်က ဗုံးကြဲလို့ ကလေး ၃ ဦး အပါအဝင် ၅ ဦး သေဆုံးခဲ့ပြီး နောက်ထပ် ကလေး ၁၁ ဦး ဒဏ်ရာရခဲ့ကြောင်း ကော့ကရိတ်ရှိ သတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။

မိုင်းဘော်မှာ TNLA တပ်သားတစ်ဦး ပစ်သတ်ခံရ

တအာင်းဒေသ မန်တုံမြို့နယ် မိုင်းဘော်(နမ့်ဟိုင်း)ကျေးရွာမှာ တအာင်းတပ်မတော် TNLA ရဲ့ တပ်ဖွဲ့ဝင်တစ်ဦး ပစ်သတ်ခံရပြီး သေဆုံးသွားတယ်လို့ မိုင်းဘော်ရွာခံတွေက ရွှေဖီမြေကို ပြောပါတယ်။