ပြင်ဦးလွင်မှာ ခွင့်ပြုချက်မရဘဲ မြေကွက်ရောင်းဝယ်ဖောက်ကားသူတွေကို အရေးယူမယ်လိုဆို၊ စစ်တပ်နီးစပ်သူတွေကသာ ရောင်းချနေခြင်းဖြစ်

‎မန္တလေးတိုင်း ပြင်ဦးလွင်မြိုမှာ သက်ဆိုင်ရာက ခွင့်ပြုချက်မရဘဲ တရားမဝင် မြေကွက်ရောင်းဝယ်ဖောက်ကားသူတွေကို ထိထိရောက်ရောက်အရေးယူသွားမယ်လို ပြင်ဦးလွင် ခရိုင်စီမံခန့်ခွဲရေးနဲ့ အုပ်ချုပ်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်တဲ့ သီပေါမြို့နယ်ထဲက ကျားဖြန်ရုံကို ပါဝင်ပတ်သက်ခြင်းမရှိကြောင်း SSPP ထုတ်ပြန်

မနေ့ ဇန်နဝါရီ ၉ ရက်မှာ စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ သီပေါမြို့နယ်ထဲက ကျားဖြန်ရုံနဲ့ ပါဝင်ပတ်သက်တာမရှိဘူးလို့ SSPP က ဒီနေ့ ဇန်နဝါရီ ၁၀ရက်ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

မိုးကုတ် – မိုးမိတ်လမ်းပိုင်းမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲဖြစ်ပွား

တရုတ်အကူအညီနဲ့ စစ်ကောင်စီပြန်ရခဲ့တဲ့ မိုးကုတ်-မိုးမိတ်မြို့နယ်ကြားရှိ ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲဆက်ဖြစ်နေတယ်လို့ မြေပြင်အခြေအနေသိရှိသူတွေက ရွှေဖီမြေကို ပြောပါတယ်။

ရန်ကုန် – မန္တလေး လမ်းဟောင်းပေါ်ရှိ တောကျွဲအင်းမြို့အပါအဝင် စစ်ကောင်စီရဲ့ တပ်စခန်း ၁၄ ခုကို PDF တပ်တွေ တိုက်ခိုက်ခဲ့

ရန်ကုန် – မန္တလေး လမ်းဟောင်းပေါ်ရှိ တောကျွဲအင်းမြို့အပါအဝင် စစ်ကောင်စီရဲ့ တပ်စခန်း ၁၄ ခုကို ပြည်သူ့ကာကွယ်ရေးတပ် – PDF တွေက တပြိုင်နက် တိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ – NUG က သတင်းထုတ်ပြန်ပါတယ်။

ပခုက္ကူ၊ ကံရပ်ကြီးရွာထဲက နေအိမ် ၂၀၀ ကျော်ကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး၊ သက်ကြီးပိုင်း အမျိုးသမီးတစ်ဦးလည်း သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့နယ် ကံရပ်ကြီးကျေးရွာက နေအိမ်တွေကို စစ်ကောင်စီတပ်က ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အညာမြေ အရပ်ဖက်လူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မိုင်းရယ်မြို့နယ်ထဲက ကျားဖြန်ရုံကို စစ်ကောင်စီဝင်စီးနင်း၊ လေယာဥ်နဲ့ပါ ဗုံးကြဲတိုက်ခိုက်ခဲ့

ဒီနေ့ ဇန်နဝါရီ ၉ ရက် မနက်ပိုင်းကစပြီး ရှမ်းမြောက်မိုင်းရယ်မြို့နယ်ထဲရှိ ကျားဖြန်ရုံကို စစ်ကောင်စီကဝင်ရောက်စီနင်းခဲ့ပြီး လေယာဥ်နဲ့ပါ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

KTLA ရဲ့ အစိုးရဖွဲ့စည်းတဲ့ ကြေညာချက်ကို ကန့်ကွက်ရှုတ်ချပြီး ကရင်အမျိုးသားတွေရဲ့ ဂုဏ်သိက္ခာကျဆင်းအောင် ပြုလုပ်နေတာလို့ KNUပြော

‎‌စော‌နယ်ဓါးမြ‌ ဦးဆောင်တဲ့ ကော်သူးလေအာမီ KTLA ရဲ့ ‌ ကော်သူးလေအစိုးရဖွဲ့စည်းပြီး ကော်သူးလေထူထောင်ကြောင်းနဲ့ ကော်သူးလေလွတ်လပ်ရေးနေ့ ကြေညာချက်ဟာ ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ ပတ်သတ်မှုမရှိကြောင်း KNU က မနေ့ ဇန်နဝါရီ ၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။

မုဒုံမှာ ရေနွေးအိုး တည်ရာကနေ မီးလောင်မှုတစ်ခု ဖြစ်ပွားပြီး နေအိမ် ၆၀ ခန့် မီးလောင်ပြာကျ

မွန်ပြည်နယ် မုဒုံမြို့နယ်မှာ ရေနွေးအိုး တည်ရာကနေ မီးလောင်မှုတစ်ခုဖြစ်ပွားပြီး နေအိမ် ၆၀ ခန့် မီးလောင်ပြာကျခဲ့တယ်လို့ သိရပါတယ်။

မန္တလေးမှာ ငလျင်လှုပ်ခတ်မှုဖြစ်ပြန်၊ ဒေသခံတွေ ထိတ်လန့်တကြား အိမ်ပြင်ထွက်ပြေးခဲ့ရ

မန္တလေးမြို့မှာ အင်အားအသင့်အတင့်ရှိတဲ့ ငလျင်လှုပ်ခတ်မှု ၂ ကြိမ် ဆက်တိုက်ဖြစ်ပွားခဲ့တာကြောင့် ထိတ်လန့်တကြားနဲ့ နေအိမ်အပြင်ဖက်ကို ထွက်ပြေးခဲ့ရတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

တီးတိန်မြို့မှာ စစ်ကောင်စီရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် လူနေအိမ်နှစ်လုံး ပျက်စီး

ချင်းပြည်နယ်၊ တီးတိန်မြို့မှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူနေအိမ်နှစ်လုံး ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။