ပဲခူးတိုင်းမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး နှစ်ဖက်တပ် ကျဆုံးမှုရှိ

ပဲခူးတိုင်း ကျောက်တံခါးမြို့နယ်မှာ စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး နှစ်ဖက်လုံး ကျဆုံးမှုတွေရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ် အမှတ် (၂) စစ်ဆင်ရေးနယ်မြေက ထုတ်ပြန်ထားပါတယ်။

၆၃ နှစ်ပြည့် တော်လှန်ရေးနေ့မှာ စစ်ကောင်စီတပ်သားအပါအဝင် ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း ၁၀၀ ကျော်ကို TNLA လွှတ်ပေး

မနေ့ ဇန်နဝါရီ ၁၂ ရက်မှာ ကျရောက်ခဲ့တဲ့ ၆၃ နှစ်ပြည့် တအာင်း​တော်လှန်ရေးနေ့မှာ စစ်ကောင်စီတပ်သားအပါအဝင် စစ်သုံ့ပန်း ၁၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တယ်လို့ တအာင်းတပ် (TNLA) ဘက်က ထုတ်ပြန်ပါတယ်။

တအာင်းတော်လှန်ရေးနေ့မှာ လေယာဥ်ပစ် သေနတ်အပါအဝင် သံချပ်ကာကား၊ ဟောင်ဝစ်ဇာလက်နက်ကြီးတွေကို TNLA ထုတ်ပြ

ဒီနေ့ ဇန်နဝါရီ ၁၂ ရက်မှာ ကျရောက်တဲ့ ၆၃ နှစ်မြောက် တအာင်းတော်လှန်ရေးနေ့မှာ တအာင်းတပ်မတော် PSLF/TNLA က လေယာဥ်ပစ်သေနတ်အပါအဝင် သံချက်ကာကား၊ ဟောင်ဝစ်ဇာလက်နက်ကြီးတွေကိုTNLA ထုတ်ပြခဲ့ပါတယ်။

ဖလမ်းက သီးဘွာလ်တိုက်နယ်ဆေးရုံ ဗုံးကြဲခံရပြီး ဆေးရုံအပါအဝင် အိမ်ရာတွေ ပျက်စီး

ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့နယ်၊ သီးဘွာလ်ကျေးရွာက တိုက်နယ်ဆေးရုံဟာ လေကြောင်းဗုံးကြဲခံရပြီး ဆေးရုံအပါအဝင် ဝန်ထမ်းအိမ်ယာ (၆) လုံးထက်မနည်း ပျက်စီးသွားတယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ချောင်းဦးမြို့နယ်မှာ စက်တပ်လေထီးနဲ့ ဗုံးကြဲခံရလို့ ၆ နှစ်နဲ့ ၁၁ ရွယ်ကလေး ၂ ဦးအပါဝင် ၄ ဦး သေဆုံး

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်မှာ စစ်ကောင်စီတပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ၆ နှစ်နဲ့ ၁၁ နှစ်အရွယ်ကလေး ၂ ဦးအပါအဝင် ၄ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ရွှေဘို မြို့ရှောင်လမ်းမှာ ငွေတောင်းတဲ့ ရဲတွေ ပစ်သတ်ခံရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ မြို့ရှောင်လမ်းမှာ မနေ့ ဇန်နဝါရီလ ၁၀ ရက် မနက်ပိုင်းမှာ ငွေတောင်းနေခဲ့တဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တချို့ ပစ်သတ်ခံရကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ပဲခူးနဲ့ မကွေးတိုင်းမှာ မဲရုံတွေ တိုက်ခိုက်ခံရပြီး ခရိုင်ထွေအုပ် လက်ထောက်ညွှန်ကြားရေးမှူး တစ်ဦးသေဆုံး၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်တချို့ ဒဏ်ရာရ

ပဲခူးတိုင်းနဲ့ မကွေးတိုင်းရှိ မြို့နယ်တချို့မှာ ရွေးကောက်ပွဲ ကျင်းပတဲ့ မဲရုံတွေ တိုက်ခိုက်ခံရပြီး ခရိုင်ထွေအုပ် ညွှန်ကြားရေးမှူးတစ်ဦး သေဆုံးကာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဂန့်ဂေါမှာ ရွေးကောက်ပွဲ ကျင်းပဖို့ တစ်ရက်အလိုမှာပဲ စစ်ကောင်စီရဲ့ ခလရ ၅၀ တပ်ရင်းအပါအဝင် ၄ နေရာ တိုက်ခိုက်ခံရ

အိုက်ပွီး၊ ဇန်နဝါရီ ၁၀ ရက်၊ ဂန့်ဂေါ မကွေးတိုင်း၊ ဂန့်ဂေါမြို့မှာ ရွေးကောက်ပွဲ ကျင်းပဖို့ တစ်ရက်အလိုမှာပဲ စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်း…

ကိုးကန့်ဒေသမှာ ခွေးရူးပြန်ရောဂါကာကွယ်ဖို့ လမ်းဘေးခွေးတွေကို ကိုးကန့်တပ်က လိုက်လံပစ်ခတ်ရှင်းလင်းနေ

ကိုးကန့်တပ်-MNDAA ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ ခွေးရူးပြန်ရောဂါကာကွယ်ဖို့ဆိုပြီး လမ်းဘေးရှိ လေလွှင့်ခွေးနဲ့ အိမ်မွေးခွေးတွေ ကိုးကန့်တပ်က သေနတ်နဲ့ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ကိုးကန့်ဒေသအတွင်းရှိ ဒေသခံ အမျိုးသား ၁ ဦးက ရွှေဖီမြေကို ပြောပါတယ်။

ယင်းမာပင်မြို့နယ်ထဲကို စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၄ ဦးသေဆုံးခဲ့ပြီး ၄ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ထဲကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၄ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။