ဝက်လက်မြို့နယ် ရေလည်မော်ရွာထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်လို့ ဒေသခံ ၃ ဦး သေဆုံး

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ရေလည်မော်ရွာထဲကို စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်လို့ ဒေသခံ ၃ ဦး သေဆုံးခဲ့တယ်လို့ Wetlet Informational Network က ထုတ်ပြန်ထားပါတယ်။

ပွဲငှါးဖို့ဆိုပြီး အဆိုတော် ရှင်မင်းမြတ်နဲ့ မိတ်ဆွေဖြစ်သူတို့ မူဆယ်အရောက်မှာ ပြန်ပေးဆွဲခံရပြီး ငွေကျပ်သိန်း ၃ ထောင်ကျော် ပေးခဲ့ရ

စစ်ကောင်စီထိန်းချုပ်တဲ့ ရှမ်းမြောက်၊ မူဆယ်မြို့မှာ မင်္ဂလာဆောင်ဖျော်ဖြေဖို့အတွက်ဆိုပြီး အဆိုတော် ရှင်မင်းမြတ်နဲ့ ၎င်းရဲ့သူငယ်ချင်းဖြစ်သူကို လိမ်လည်ဖိတ်ခေါ်ခဲ့ပြီး ပြန်ပေးဆွဲကာ ငွေကျပ်သိန်း ၃ ထောင်ကျော် ပြန်ပေးခဲ့ရတယ်လို့ အဆိုတော် ရှင်မင်းမြတ်က သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ စစ်ကောင်စီရဲ့ မှုခင်းရဲတပ်ဖွဲ့ထံ ဖြစ်စဉ်အသေးစိတ်ပါ တိုင်ကြားထားတဲ့ တိုင်ကြားစာနဲ့ ရေးသားထားပါတယ်။

ဆက်ကြေးကောက်ပြီး ပြန်လာတဲ့ ကပစ ၁၈ က စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၄ ဦး သေဆုံး

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်မှာ ဆက်ကြေးကောက်ပြီး ပြန်လာတဲ့ အမှတ် (၁၈) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) က စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၄ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်နေတဲ့ ကျောက်ဖြူမှာ စစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့် စစ်ဘေးရှောင်နှစ်ဦး သေဆုံး

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ အာရက္ခတပ်တော် (ULA/AA) နဲ့ စစ်ကောင်စီတပ်တို့ ဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်က စစ်ဘေးရှောင် နှစ်ဦးကို ထိမှန်ပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မူဆယ်မှာ မှတ်ပုံတင်အသစ်လျှောက်တဲ့ သွေးနှောတွေ သိန်း (၃၀) အထိ ပေးဆောင်ရ

တရုတ်-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မူဆယ်မြို့မှာ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန (လဝက) မှာ နိုင်ငံသားစီစစ်ရေးကတ်ပြားအသစ် လာရောက်လျှောက်ထားတဲ့ သွေးနှောတွေ ကျပ်ငွေ သိန်း (၃၀) အထိ ပေးဆောင်နေရတယ်လို့ သိရပါတယ်။

ကျောက်မဲမြို့အဝင် ပါပုတ်ရွာမှာ စစ်တပ်နဲ့ SSPP တပ်က ပူးပေါင်းပြီး ဖြတ်သန်းသမျှ ကုန်ကားတွေထံ ငွေသိန်းဆယ်ချီ တောင်းခံနေ

စစ်ကောင်စီ ပြန်ထိန်းချုပ်တဲ့ ရှမ်းမြောက်က မိုင်းငေါ့ကနေ ကျောက်မဲမြို့အဝင် ပါပုတ်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တပ်က ပူးပေါင်းပြီး ဖြတ်သန်းသမျှ ကုန်ကားတွေကို ငွေ ၅ သိန်းက‌နေ ၁ဝ သိန်းအထိ တောင်းခံနေတယ်လို့ ကြုံခဲ့ရတဲ့ ကားသမားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

တအာင်းလူငယ်ဖိုရမ်ကျင်းပပြီး တအာင်းလူငယ်နေ့ သတ်မှတ်

တအာင်းလူငယ်ဖိုရမ်ကို တအာင်းကျောင်းသားနဲ့ လူငယ်များအဖွဲ့ TSYU က ဦးဆောင်ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်နဲ့ ၂၉ ရက်တုန်းက နမ့်ခမ်းမြို့မှာ ၂ ရက်သာ ကျင်းပခဲ့ပြီး ဒီဇင်ဘာ ၂၉ ရက်ကို တအာင်းလူငယ်နေ့အဖြစ် သတ်မှတ်နိုင်ခဲ့ပါတယ်။

လစာအများကြီးရတဲ့ “ဝ”ပြည် မက်မန်းရှိ သတ္ထုတွင်းမှာ မကြာခဏမြေပြိုလို့ လူသေဆုံးမှု မြင့်တက်နေ

‘ဝ’တပ် UWSA ထိန်းချုပ်တဲ့ ရှမ်းမြောက် မက်မန်းမြို့မှာရှိတဲ့ သတ္ထုတွင်းမှာ မြေပြိုမှု မကြာခဏဖြစ်ပွားတာကြောင့် လူသေဆုံးမှု မြင့်တက်လာနေတယ်လို့ သတ္ထုတွင်းမှာ အလုပ်လုပ်နေတဲ့ သတင်းရင်းမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

၁၀၅ မိုင် မိုင်းယုမှာ မီးဖိုကနေတဆင့် မီးလောင်ပြီး အမျိုးသမီး ၁ ဦး သေဆုံး

ရှမ်းမြောက် မူဆယ်မြို့နယ် ၁၀၅ မိုင် မိုင်းယုမှာ မီးဖိုကနေတဆင့် မီးလောင်မှုဖြစ်ပွါးပြီး နေအိမ်ရှိ အမျိုးသမီး ၁ ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံ အမျိုးသမီး ၁ ဦးက ရွှေဖီမြေကို ပြောပါတယ်။

ခလရ – ၁၄၈ တပ်အပါအဝင် မိုးကုတ်- သပိတ်ကျင်းလမ်းပိုင်းနေရာအများစုကို စစ်ကောင်စီ ပြန်ထိန်းချုပ်

မိုင်းရူပ၊ ဇန်နဝါရီ ၁၅ ရက် မန္တလေးတိုင်း မိုးကုတ်- သပိတ်ကျင်းလမ်းပေါ်ရှိ ခြေလျင်တပ်ရင်း ခလရ – ၁၄၈ တပ်အပါအဝင်…