ညောင်ရွှေမှာ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် စစ်ရှောင် ၃ ထောင်ကျော် နေရပ်မပြန်နိုင်သေး

အင်းလေး၊ ဖေဖော်ဝါရီ ၁၉ ရက်၊ ညောင်ရွှေ ရှမ်းတောင် ညောင်ရွှေမြို့နယ် အင်းလေးဒေသမှာ စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ်- PNA ပူးပေါင်းတပ်ရဲ့…

စစ်ကောင်စီနဲ့ တွေ့ဆုံပွဲမှာ တအာင်းတပ်ဘက်က အချက် ၃ ချက် ဆွေးနွေးခဲ့ပြီး ပြေလည်မှုမရဘဲ ပြီးဆုံး

ရွှေဖီမြေ၊ ဖေဖော်ဝါရီ ၁၉ ရက် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ ရက်နဲ့ ၁၇ ရက်က တရုတ်မှာ နှစ်ရက်တာ…

မူဆယ်မှာ နေအိမ်တစ်အိမ်က ပစ္စည်းတက်ခိုးဖို့ ကြိုးစားတဲ့ အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံး

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ ရှမ်းမြောက် မူဆယ်မြို့ ဟိုနားရပ်ကွက်မှာရှိတဲ့ ရွှေစင်မင်း KTV လမ်းကြားမှာ သေဆုံးနေတဲ့ အမျိုးသားအလောင်း တွေ့ရှိခဲ့တယ်လို့ လက်ဖက်ညွန့် လူမှုကူညီရေးအသင်းတစ်ဦးက ပြောပါတယ်။

တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်ထားတဲ့ စဥ့်ကူးမြို့နယ်မှာ လေကြောင်းနဲ့ တိုက်ခိုက်ခံရ၊ ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း စဥ့်ကူးမြို့နယ် လက်ပန်လှရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ရာ အရပ်သား ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာ ရခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

မိုင်းရယ်က ကျားဖြန် လုပ်ကိုင်သူတချို့ကို မိုင်းနောင်ဘက် နေရာပြောင်းရွှေ့၊ မိုင်းဟဒေသမှာလည်း ကျားဖြန်ရုံ ဆက်ရှိနေ

ရှမ်းမြောက် မိုင်းရယ်မြို့နယ်မှာ မိုင်းဟပြည်သူ့စစ်က ဖွင့်လှစ်ထားတဲ့ ကျားဖြန်ရုံတွေကို စစ်ကောင်စီက စီးနင်းပြီးနောက် ကျားဖြန် လုပ်ကိုင်သူတချို့ကို ရှမ်းတောင် မိုင်းနောင်မြို့နယ်ဘက် နေရာပြောင်းရွှေ့ထားပေးတယ်လို့ သိရပါတယ်။

မုံးစီးမှာ ကလေးငယ် ၂ ဦး ဗုံး ယူဆော့ကစားရာကနေ ပေါက်ကွဲမှုဖြစ်၊ ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရ

ကွတ်ခိုင်မြို့နယ် မုံးစီးဒေသ ဆိုင်းခေါင်ကျေးရွာမှာ ကလေးငယ် ၂ ဦး ဗုံး‌ ယူဆော့ကစားမိရာကနေ ပေါက်ကွဲမှုဖြစ်ပြီး တစ်ဦး သေဆုံးကာ တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မုံရွာ-ချောင်းဦး လမ်းပိုင်းတစ်နေရာမှာ စစ်ကောင်စီတပ်ရဲ့ ယာဥ်တန်း တိုက်ခိုက်ခံရပြီး ၂ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း မုံရွာ-ချောင်းဦး လမ်းပိုင်းတစ်နေရာမှာ မုံရွာအခြေစိုက် စစ်ကောင်စီရဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ)ကနေ ထွက်လာတဲ့ ယာဥ်တန်းကို ပြောက်ကျားတပ်ဖွဲ့- Royal Tiger Force နဲ့ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့က ပဒေသာမိုင်း ၁၅ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာ ရခဲ့တယ်လို့ မနေ့ ဖေဖော်ဝါရီ ၁၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။

တန့်ယန်းမြို့နယ်က မူးယစ်ဆေး သုံးစွဲသူကို SSPP က ဖမ်းဆီးပေမဲ့ ငွေပေးရင် ပြန်လွှတ်ပေးနေ

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ တန့်ယန်းမြို့နယ်ထဲက ကျေးရွာအုပ်စုတချို့မှ အမျိုးသားအများစုဟာ မူးယစ်ဆေး သုံးစွဲနေကြပြီး ရှမ်းတပ်မတော်- SSPP/SSA ကို တိုင်ကြားရင် လာရောက် ဖမ်းဆီးတာ ရှိပေမဲ့ ငွေပေးရင် ပြန်လွှတ်ပေးနေတယ်လို့ ဖြစ်စဥ္သိရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။

ကနီမြို့နယ် ချောင်းမရွာကို စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်၊ လူ ၅ ဦး သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရ

စစ်ကိုင်းတိုင်း ကနီမြို့နယ် ချောင်းမကျေးရွာကို စစ်ကောင်စီတပ်က စက်တပ်လေထီး (Paramoter)နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူ ၅ ဦး သေဆုံးပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တွေမြို့နယ်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်၊ စစ်သုံ့ပန်း ၂၀၀ ခန့်ကို AA က ပြန်လွှတ်ပေး

ရခိုင်ပြည်နယ်ရဲ့မြို့တော် စစ်တွေမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော်- AA တို့ အပြန်အလှန် လက်နက်ကြီး ပစ်ခတ်မှု ဖြစ်ပွားပြီး စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ရခိုင်စစ်ရေးအခြေအနေသိရှိသူ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။