Browsing Category
ပြည်တွင်းသတင်း
3112 posts
Stay informed with the latest local news from across the region. Get every update on community events, local politics, and important happenings in Myanmar.
နောင်ချိုအနီးမှာ တိုက်ပွဲပြင်းထန်နေတာကြောင့် ကွင်းလမ်းတချို့ ပိတ်ထား၊ ခရီးသွားယာဉ်နဲ့ ကုန်တင်ယာဉ်တချို့ သောင်တင်နေ
နောင်ချိုမြို့အနီးဝန်းကျင်အထိ စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ဆင် တိုက်ခိုက်လာတာကြောင့် တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲပြင်းထန်နေသလို လေကြောင်းနဲ့ပါ တိုက်ခိုက်နေတာကြောင့် မန္တလေး-လားရှိုး အတက်ကားတွေ ပြင်ဦးလွင်မြို့မှာ သောင်တင်နေကြောင်း ကားသမားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
နွားထိုးကြီးမြို့နယ် ဝက်လူးရဲစခန်းဘက် စစ်ကူလာတဲ့ စစ်တပ်ကို တော်လှန်ရေးတပ် တိုက်ခိုက်၊ စစ်တပ်ဘက်က ထိခိုက်ကျဆုံးသူတွေနဲ့ ဖမ်းဆီးခံရသူ ရှိ
မန္တလေးတိုင်း နွားထိုးကြီးမြို့ ဝက်လူးရဲစခန်းဘက် စစ်ကူလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၁၃ ဦးသေဆုံးခဲ့တယ်လို့ နွားထိုးကြီး PDF က ဇွန်လ ၂၃ ရက်က ထုတ်ပြန်ပါတယ်။
မြစ်ကြီးနားမှာ လိုင်စင်မဲ့ကားနဲ့ ကားပိုင်ရှင်ကို စစ်ကောင်စီ ဖမ်းဆီးနေ၊ လူကို ငွေနဲ့ပြန်ရွေးရပြီး ကားကို သိမ်းဆည်းသွား
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အောင်နန်းရပ်ကွက်မှာ စစ်ကောင်စီတပ်က လိုင်စင်မဲ့ကားတွေကို ဖမ်းစီးပြီး ကားကို ပြန်ရွေးခွင့်မပြုဘဲ သိမ်းဆည်းသွားခဲ့သလို လူကိုလည်း ဖမ်းဆီးသွားပြီး ငွေနဲ့ပြန်ရွေးခဲ့ရတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ဒေသခံအမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ကျောက်မဲ ဗုံးကြဲတိုက်ခိုက်မှုမှာ စံပြ ထမင်းဆိုင် သားအမိအပါအဝင် ဒေသခံ ၄ ဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရ
တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကျောက်မဲမြို့မှာ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စံပြထမင်းဆိုင် သားမိအပါအဝင် ဒေသခံ ၄ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၁၄ ဦးထဲမှာ နောင်ချိုကနေ ကျောက်မဲကိုစစ်ရှောင်လာတဲ့ သူတွေလည်းပါဝင်တယ်လို့ သိရပါတယ်။
ကျောက်မဲမြို့ လူစည်ကားရာနေရာကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်လို့ ၁ဦး အနည်းဆုံး သေဆုံးပြီး ၇ ဦးထက်မနည်းဒဏ်ရာရ
တအာင်းတပ်တော်-TNLAထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကျောက်မဲမြို့ထဲကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ၁ ဦး အနည်းဆုံး သေဆုံးပြီး ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသမီးတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
မိုးဗြဲတိုက်ပွဲ ဆက်လက်ပြင်းထန်၊ စစ်ကာင်စီတပ်က လက်နက်ကြီးနဲ့ ဒရုန်းတွေ အမြောက်အမြား အသုံးပြုတိုက်ခိုက်နေ
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကရင်နီပြည်အစပ်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ အနီးတစ်ဝိုက်မှာ တော်လှန်ရေး အင်အားစုတွေနဲ့ စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ် (PNA) ပူးပေါင်းတပ်တို့အကြား တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ မြေပြင်သတင်း အရင်အမြစ်တွေက ပြောပါတယ်။