စစ်ကိုင်းမြို့နယ် လင်းတလူးရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်၊ စစ်ရှောင် ကလေးငယ်အပါအဝင် ၃၀ ဦး ထက်မနည်းသေဆုံး၊ သေဆုံးမှု ထပ်မြင့်တက်လာနိုင်

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် လင်းတလူးကျေးရွာရှိ စစ်ရှောင်ဒေသခံတွေ နေထိုင်တဲ့ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင် ၃၀ ဦးထက်မနည်း သေဆုံးခဲ့ရတယ်လို့ ဒေသခံ သတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ကျောက်မဲ လေကြောင်းကနေ ထပ်မံဗုံးကြဲခံရ၊ နောင်ချိုစစ်ရှောင်အချို့ သေဆုံးမှုရှိတယ်လို့ ဆို

ဒီနေ့ ဇူလိုင် ၁၁ရက် မနက် ၃နာရီခန့်က တအာင်းတပ် ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဟားခါးမြို့နယ်မှာ ယင်းမာပင်ခရိုင် အမှတ် ၁၅ တပ်ရင်းမှူး ထောက်ခံချက်နဲ့ ရဲဘော် ၃ ဦး သယ်ဆောင်လာတဲ့ သန်းနဲ့ချီတဲ့ မူးယစ်းဆေးဝါးပမာဏကို CDF-Hakha ဖမ်းဆီးရမိ

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းမှာ ယင်းမာပင်ခရိုင်၊ အမှတ် (၁၅) တပ်ရင်းမှူး ထောက်ခံချက်နဲ့ ရဲဘော် ၃ ဦးတို့ သယ်ဆောင်လာတဲ့ မူးယစ်ဆေးဝါးတွေကို ချင်းကာကွယ်တပ်-ဟားခါးက ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

မော်ချီး‌ဒေသမှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်လို့ မိသားစု ၅ဦး အပါ ၆ ဦးသေဆုံး

ကရင်နီပြည် ဖာဆောင်းမြို့နယ် မော်ချီးဒေသကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်လို့ မိသားစု ၅ ဦးအပါ ၆ ဦးသေဆုံးသွားခဲ့တယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဖားကန့် လုံးခင်းမှာ အမျိုးသားတစ်ဦး သေနတ်နဲ့ ထပ်မံပစ်သတ်ခံရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်စီစာကျေးရွာမှာ ဒီနေ့ ဇူလိုင် ၁၀ ရက် နေ့လည် ၁၂ နာရီခွဲက အမျိုးသားတစ်ဦး သေနတ်နဲ့ ထပ်မံပစ်သတ်ခံရတယ်လို့ ဖားကန့်‌မြို့မှာ‌နေတဲ့ Tarlin Mgက ရွှေဖီမြေကို ပြောပါတယ်။

ရွှေညဝါဆရာတော်ပျံလွန်တော်မူ၊ စာရေးဆရာမောင်သာချိုလည်း ကွယ်လွန်

အာဏာသိမ်းစစ်ကောင်စီရဲ့ မတရားဖမ်းဆီးထောင်ချခံခဲ့ရတဲ့ ရွှေညဝါဆရာတော်ပျံလွန်တော်မူခဲ့ပြီး တနေ့ထဲမှာပဲ စာရေးဆရာမောင်သာချိုလည်းကွယ်လွန်ခဲ့တယ်လို့ နိုင်ငံရေးအသိုင်းအဝိုင်းက အတည်ပြုပြောဆိုပါတယ်။

နောင်ချိုမှာ တိုက်ပွဲဆက်လက်ပြင်းထန်နေ၊ ဂုတ်ထိပ်နဲ့ နောင်ချိုကွင်းလမ်း အသုံးပြုလို့ မရတော့ဘူးလို့ ဆို

တအာင်းတပ်- PSLF/TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာတာကြောင့် ဒီနေ့ ဇူလိုင် ၁၀ ရက်အထိ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေတယ်လို့ ရှေ့တန်းသတင်းရင်းမြစ် တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မူဆယ်မြို့မှာ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် တောင်ပြိုပြီး နေအိမ် ထိခိုက်ပျက်စီးမှုရှိ

ရှမ်းမြောက် မူဆယ်မြို့မှာရှိတဲ့ တော်ရွက်ရပ်ကွက်မှာ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် မနေ့ ဇူလိုင်လ ၉ ရက် မနက် ၆ နာရီဝန်းကျင်မှာ တောင်ပြိုမှုဖြစ်ပွားပြီး နေအိမ်တစ်လုံးထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

မိုးကုတ်မြို့ အရှေ့ပိုင်းကို စစ်ကောင်စီက လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ် ၂ဦး အနည်းဆုံးသေဆုံး

PSLF/TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ အရှေ့ပိုင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေးငယ် အနည်းဆုံး ၂ဦး ဦးသေဆုံးသွားခဲ့ရတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ရိဒ်ခေါဒါရ်မြို့မှာ တိုက်ပွဲဖြစ်ပွားပြီးနောက် နယ်စပ်မှာ အိန္ဒိယ လုံခြုံရေး တိုးမြှင့်ထား

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိဒ်ခေါဒါရ်မြို့မှာ တိုက်ပွဲဖြစ်ပွားပြီးနောက် မြန်မာ-အိန္ဒိယ နယ်စပ်တံတား ပိတ်ထားပြီး အိန္ဒိယဘက်က လုံခြုံရေး တိုးမြှင့်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။