ကျောက်မဲမြို့ကို စစ်ကောင်စီတပ် ထပ်မံ ဗုံးကြဲတိုက်ခိုက်လို့ ၁ ဦး ဒဏ်ရာရ

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ထပ်မံ ဗုံးကြဲခဲ့တာကြောင့် ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီ ဦးဆောင်ကျင်းပမယ့် ရွေးကောက်ပွဲကို ကန့်ကွက်ကြောင်း တအာင်းပါတီ(TNP) ထုတ်ပြန်

စစ်ကောင်စီက ဦးဆောင်ပြီး ကျင်းပမယ့် ရွေးကောက်ပွဲကို လက်မခံဘဲ ကန့်ကွက်ကြောင်း တအာင်းအမျိုးသားပါတီ- TNP ရဲ့ ၆ လပတ် ဗဟိုကော်မတီမျက်နှာစုံညီ အစည်းအဝေးမှာ ထုတ်ပြန်လာပါတယ်။

မြစ်ကြီးနား-တနိုင်းကြား လီဒိုလမ်းမပေါ်က ခွန်စိုင်ယာန် စစ်ကောင်စီစခန်းကို KIAနဲ့ပူးပေါင်းတပ်တို့ သိမ်းပိုက်ရရှိပြီး စစ်သုံ့ပန်း ၃ ဦး ဖမ်းမိ

မြစ်ကြီးနား – တနိုင်းကြား၊ လီဒိုလမ်းမပေါ်ရှိ ခွန်စိုင်ယန် စစ်ကောင်စီ နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်စခန်းကို ပြီးခဲ့တဲ့ ဇူလိုင်လ ၁၀ ရက်နေ့က ကချင်တပ်မတော်-KIA နဲ့ ပူးပေါင်း တပ်ဖွဲ့သွားရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး စစ်သုံ့ပန်း ၃ ဦး လက်နက်နဲ့ အတူဖမ်းဆီး ရမိထားကြောင်း ရှေ့တန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

မူဆယ်မြို့ ဟိုနားရပ်ကွက်က အမှိုက်ပုံမှာ ပိုင်ရှင်မဲ့ အလောင်း ၁ လောင်းတွေ့ရှိ

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မူဆယ်မြို့ရှိ အမှိုက်ပစ်တဲ့နေရာမှာ ပိုင်ရှင်မဲ့ အလောင်း ၁ လောင်းတွေ့ရှိထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖားကန့်မှာ တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများနေ

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ မနေ့ ဇူလိုင်လ ၁၁ ရက်က စစ်ကောင်စီတပ်နဲ့ KIA၊ပူးပေါက်းတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများခဲ့တယ်လို့ ရှေ့တန်းနဲ့ နီးစပ်သူတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။

နောင်ချိုမြို့ပေါ်ကို စစ်ကောင်စီဗုံးကြဲ၊ နောင်ချိုမြို့ ဒုံးတပ်အနီး တိုက်ပွဲဆက်ပြင်းထန်နေ

ဒီနေ့ ဇူလိုင် ၁၁ရက်နေ့ နေ့လည် ၃နာရီ ၁၀မိနစ်ခန့်မှာ စစ်ကောင်စီတပ်က နောင်ချိုမြို့ပေါ်ကို ဂျက်ဖိုက်တာလေယာဉ်နဲ့ ပေါင် ၂၅၀ဗုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

ရခိုင်ပြည်နယ်မှာ မိုးအဆက်မပြတ် ရွာသွန်းမူကြောင့် ၆ မြို့နယ်မှာ ရေကြီးရေလျှံမူဖြစ်၊ ထောင်နဲ့ချီဒေသခံတွေ နေရာရွှေ့ပြောင်းရ

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း ၆ မြို့နယ်ခန့်မှာ မိုးအဆက်မပြတ် ရွာသွန်းပြီး မြစ်၊ ချောင်းရေ မြင့်တက်မှုကြောင့် ရေကြီးရေလျှံမူဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။

ကျောက်မဲမြို့မှာ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ရှောင် ၁ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ၊ နေအိမ် ၄ လုံး ထိမှန်ပျက်စီး

တအာင်းတပ် – PSLF/TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို ဒီနေ့ ဇူလိုင် ၁၁ ရက် မနက် ၃ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နောင်ချိုကနေ စစ်ရှောင်လာတဲ့ အမျိုးသား ၁ ဦး သေဆုံးခဲ့ပြီး ၅ ဦးထိမှန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

တရုတ်ဖိအားပေးလို့ မူဆယ်က ကျားဖြန်လုပ်ငန်းအချို့ကို စစ်ကောင်စီက ဖမ်းပြပြန်

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် တရုတ်- မြန်မာနယ်စပ် မူဆယ်မြို့မှာ တရုတ်ဖိအားကြောင့် စစ်ကောင်စီတပ်က ကျားဖြန်တွေကို ဖမ်းဆီးမှုတွေ လုပ်ပြနေတယ်လို့ မူဆယ်မြို့ခံ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဝက်လက်မှာလည်း စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတာကြောင့် ဒေသခံ ၂ ဦး သေဆုံး၊ ၇ ဦး ထိမှန် ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ရေလည်မော်ရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ဒေသခံ ၂ ဦး ပွဲချင်းပြီးသေဆုံးကာ ၇ ဦး ထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။