မန္တလေးကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်သင်္ဘောဟာ ဝက်လက်နဲ့ စဥ့်ကူးမြို့နယ်အစပ်အထိ ရောက်လာ

မန္တလေးမြို့ ဂေါ်ဝန်ဆိပ်ကမ်းကနေ တက်လာတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်သင်္ဘောဟာ စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်နဲ့ စဥ့်ကူးမြို့နယ်အစပ်အထိ ရောက်လာတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ကျောက်မဲမြို့အနီးကို စစ်ကောင်စီတပ်က လေကြောင်းကနေ ထပ်မံ ဗုံးကြဲတိုက်ခိုက်

PSLF/TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့အနီးရှိ ကြူရှော​မြောက်ရွာထဲကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကိုပြောပါတယ်။

Generation Z Army (GZA) စစ်ဦးစီးချုပ်နဲ့ ယောကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ဦး ပါဝင်တဲ့အဖွဲ့ လုပ်ကြံပစ်ခတ်ခံရကြောင်း GZA ထုတ်ပြန်

Generation Z Army (GZA) ရဲ့ စစ်ဦးစီးချုပ်၊ တပ်ဖွဲ့ဝင် ၄ ဦးနဲ့ ယောကာကွယ်ရေးတပ်(YDF) တပ်ဖွဲ့ဝင် ၂ ဦးတို့ကို ဂန့်ဂေါခရိုင်တပ်ရင်း ယူနီဖောင်းဝတ်ထားသူတစ်စုက သေနတ်နဲ့ လုပ်ကြံပစ်ခတ်ခဲ့တယ်လို့ GZA က မနေ့ ဇူလိုင် ၁၇ ရက်မှာထုတ်ပြန်ထားပါတယ်။

ဝက်လက်နယ်မှာ စစ်ကောင်စီက လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်ခံရလို့ ဒေသခံ ၂၀ ဦးသေဆုံးပြီး ၃၀ ဦးဒဏ်ရာရ၊ သေဆုံးမှု ထပ်မြင့်တက်လာနိုင်

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်ခံရလို့ ဒေသခံ ၂၀ ဦးထက်မနည်း သေဆုံးခဲ့ရတယ်လို့ ဒေသခံသတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

သိန္နီမြို့နယ်မှာ အိမ်ထောင်စုလုပ်ဖို့ MNDAAက စာရင်းလိုက်ကောက်

ကိုးကန့်တပ်မတော်-MNDAA ထိန်းချုပ်ထားတဲ့ သိန္နီမြို့နယ်မှာ အိမ်ထောင်စုလုပ်ဖို့ MNDAA က စာရင်းလိုက်ကောက်နေတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ရေစကြိုမြို့နယ်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် PDF တွေအပါအဝင် ၄ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း ရေစကြိုမြို့နယ် ကမ္ဘဲ့ကျေးရွာမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် ပြည်သူ့ကာကွယ်ရေးတပ် PDF တွေအပါအဝင် ၄ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရေစကြိုမြို့နယ်ရဲ့ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဓားပြအဖွဲ့ဆီကနေ သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေကို ပိုင်ရှင်တွေထံ တအာင်းတပ် ပြန်လည်အပ်နှံ

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့က ဓားပြအဖွဲ့ဆီကနေ သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေကို တအာင်းတပ်က ပိုင်ရှင်တွေဆီ ပြန်လည် အပ်နှံခဲ့တယ်လို့ ဒီနေ့ ဇူလိုင် ၁၇ မှာ ထုတ်ပြန်လာပါတယ်။

ကျောက်မဲမှာ စစ်ကောင်စီတပ်ရဲ့အဆက်မပြတ် ဗုံးကြဲမှုကြောင့် လက်ဖက်ဝယ်သူမရှိ ဖြစ်လာတယ်လို့ ဆို

PSLF/TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးအဆက်မပြတ် ကြဲချခဲ့ပြီးနောက်ပိုင်း လက်ဖက်ဝယ်သူ မရှိဖြစ်လာနေတယ်လို့ လက်ဖက်တောင်သူတွေက ရွှေဖီမြေကို ပြောပါတယ်။

မူဆယ်မှာ မြို့မပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦး ပစ်သတ်ခံရ

ဒုစရိုက်မှုတွေ မကြာခဏဖြစ်ပွားနေတဲ့ စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မူဆယ်မြို့မှာ မြို့မပြည်သူ့စစ်အဖွဲ့ဝင် ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

နောင်ချိုမြို့ကို ပြန်လည် ထိန်းချုပ်နိုင်ပြီလို့ စစ်ကောင်စီ ပြော

တအာင်းတပ်မတော် TNLA နဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နောင်ချိုမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီလို့ စစ်ကောင်စီ​က ဒီနေ့ ဇူလိုင်လ ၁၆ ရက် ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။