Browsing Category
ပြည်တွင်းသတင်း
1368 posts
Stay informed with the latest local news from across the region. Get every update on community events, local politics, and important happenings in Myanmar.
AA ဖမ်းဆီးထားပြီး စစ်သင်တန်းသို့ ပို့ဆောင်ထားတဲ့ ချင်းလူငယ် ၆၀ ဦးကို ပြန်လွတ်ပေးဖို့ CPSC တောင်းဆို
အာရက္ခတပ်တော် (AA) က ဖမ်းဆီးထားပြီး စစ်သင်တန်းသို့ ပို့ဆောင်ထားတဲ့ ချင်းလူငယ် ၆၀ ဦးကို ပြန်လွတ်ပေးဖို့ ရခိုင်ပြည်နယ်အခြေစိုက် ချင်းနိုင်ငံရေးဦးဆောင်ကော်မတီ (CPSC) က မနေ့ မေလ ၂၈ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။
လားရှိုးမှာ ဆိုင်ကယ်စီးလာတဲ့ အမျိုးသားတစ်ဦးထံ ရဲဝတ်စုံဝတ်ဆင်ထားတဲ့ အမျိုးသားက ဆိုင်ကယ်လုယက်သွား
စစ်ကောင်စီတပ် ပြန်အုပ်ချုပ်နေတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ ဆိုင်ကယ်စီးလာတဲ့ လူတစ်ဦးထံ ရဲဝတ်စုံဝတ်ဆင်ထားတဲ့ အမျိုးသားက ဆိုင်ကယ်လုယက်သွားခဲ့တယ်လို့ ဖြစ်စဥ်ကို သိရှိထားတဲ့ လားရှိုးဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
UWSA ထိန်းချုပ်ဒေသမှာ မူးယစ်ဆေးဝါးတွေထုတ်လုပ်နေတယ်ဆိုတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်းရဲ့ ပြောကြားချက်ကို အခြေအမြစ်မရှိ စွပ်စွဲချက်သာဖြစ်တယ်လို့ “ဝ” တပ်တုန့်ပြန်
“ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်-UWSA ရဲ့ ထိန်းချုပ်ဒေသမှာ မူးယစ်ဆေးဝါးတွေထုတ်လုပ်နေတယ်ဆိုတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ ပြောကြားချက်ကို အခြေအမြစ်မရှိ စွပ်စွဲချက်သာဖြစ်တယ်လို့ “ဝ” တပ်က တုန့်ပြန်လိုက်ပါတယ်။
မူဆယ်မှာနေထိုင်တဲ့ အမျိုးသားတစ်ဦးကို TNLA တပ်သားလို့စွပ်စွဲပြီး စစ်တပ်က ဖမ်းဆီးရိုက်နှက်
တရုတ်-မြန်မာ နယ်စပ် ရှမ်းမြောက် မူဆယ်မြို့ ကောင်းမှုတုံရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသား တစ်ဦးကို တအာင်းတပ် – TNLA တပ်သားလို့ စွပ်စွဲပြီး စစ်ကောင်စီတပ်က ဖမ်းဆီးရိုက်ခဲ့တယ်လို့ ဖြစ်စဉ်တွေ့ခဲ့သူ တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။