ညောင်ရွှေမြို့ဘက် စစ်ရှောင်သွားတဲ့ ကျောက်မဲက အမျိုးသမီးတစ်ဦး ပျောက်ဆုံးနေ

ရှမ်းမြောက် ကျောက်မဲမြို့ကနေ ရှမ်းတောင် ညောင်ရွှေမြို့ဘက် စစ်ဘေးရှောင်သွားတဲ့ အမျိုးသမီးတစ်ဦး ပျောက်ဆုံးနေတယ်လို့ ၎င်းနဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မိုးရွာသွန်းမှုကြောင့် မိုင်းလုံမြို့နဲ့ ပန်ဆန်းရွာကြားကလမ်း ပျက်စီး

ဒီရက်ပိုင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တအာင်းတပ် ထိန်းချုပ်ရာ ရှမ်းမြောက် ကျောက်မဲမြို့နယ် မိုင်းလုံမြို့နဲ့ ပန်ဆန်းရွာကြားမှာရှိတဲ့ ကားလမ်းတွေ ပျက်စီးနေတယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စဉ့်ကူးမြို့နယ်ထဲက ရွာ ၂ ရွာ ဗုံးကြဲတိုက်ခိုက်ခံရပြီး အမျိုးသမီး ၃ ဦး ဒဏ်ရာရ

မန္တလေးတိုင်း စဉ့်ကူးမြို့နယ်ထဲက ရွာ ၂ ရွာကို တိုက်ပွဲ ဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ်က ဗုံးကြဲချတိုက်ခိုက်ခဲ့လို့ အမျိုးသမီး ၃ ဦး ဒဏ်ရာရခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပကဖ သတင်းပြန်ကြားရေးတာဝန်ခံတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

မြစ်ကြီးနားမြစ်ရေ စိုးရိမ်ရေမှတ်ထက် ၂ လက်မခန့် ကျော်လွန်ကာ အိမ်ခြေ ၈၀၀ ကျော် ‌ရွှေ့ပြောင်းရ

မြစ်ကြီးနားမှာ ဒီနေ့ ဇွန်လ ၂ ရက် မနက် ၆ နာရီခွဲ တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်ထက် ၂ လက်မခန့် ကျော်လွန်နေပြီ ဖြစ်ပါတယ်။

SSPP နဲ့ MNDAA တိုက်ပွဲမှာ MNDAA တပ်သား ၁၀ ဦး ကျဆုံး

ရှမ်းမြောက် လားရှိုးမြို့နယ် ဟန်နားကျေးရွာအုပ်စု နားလိုင်နဲ့ နမ့်လုတ်ရွာကြား ရှမ်းတပ်မတော် SSPP နဲ့ ကိုးကန့်တပ်မတော် MNDAA တိုက်ပွဲမှာ MNDAA တပ်သား ၁၀ ဦး ကျဆုံးတဲ့အပြင် ထိခိုက်ဒဏ်ရာရတဲ့သူလည်း ရှိတယ်လို့ ဖြစ်စဉ်သိရသူ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ၄ မိုင်ရွာ စာသင်ကျောင်းကို စစ်ကောင်စီ ဗုံးကြဲလို့ နှစ်ထပ်ကျောင်းဆောင် ပျက်စီး

တိုက်ပွဲဖြစ်ပွားတာမရှိဘဲ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ၄ မိုင်ရွာက စာသင်ကျောင်းကို စစ်ကောင်စီက ဗုံးကြဲခဲ့လို့ နှစ်ထပ်ကျောင်းဆောင် တစ်ဆောင် ပျက်စီးခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပကဖ သတင်းပြန်ကြားရေးတာဝန်ခံတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် နမ့်ဖတ်ကာ-နမ့်ခမ်းလမ်းပိုင်း ပျက်စီးပြီး ကားတွေ ပိတ်မိနေ

ဒီရက်ပိုင်းမှာ မိုး အဆက်မပြတ်ရွာသွန်းမှုကြောင့် ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာနဲ့ နမ့်ခမ်းမြို့နယ်ကို ဆ​က်သွယ်ထားတဲ့ လမ်းပိုင်း ဆိုးရွားစွာ ပျက်စီးနေပါတယ်။

မိုးဆက်တိုက် ရွာသွန်းတာကြောင့် နမ့်ဆန်က နေရာတချို့မှာ မြေပြိုမှုဖြစ်၊ မြေနိမ့်ပိုင်းနဲ့ လျှိုမြောင်းအနီးမှာ နေထိုင်လို့ မသင့်ကြောင်း ပြော

မိုးဆက်တိုက် ရွာသွန်းတာကြောင့် နမ့်ဆန်မြို့ပေါ်က နေရာတချို့နဲ့ ကျေးရွာပိုင်းတွေမှာ မြေပြိုတာတွေ ဖြစ်ပွားနေတာကြောင့် လူထုတွေအနေနဲ့ မြေပြန့်ရာနေရာနဲ့ ခြောက်သွေ့တဲ့ နေရာတွေမှာ ရွေ့ပြောင်းနေထိုင်ကြဖို့ နမ့်ဆန်ဒေသခံတချို့နဲ့ တက်ကြွလူငယ်တွေက ပြောပါတယ်။

ဖမ်းမိထားတဲ့ PNLA တပ်သား ၄ ဦးကို စစ်ကောင်စီတပ်နဲ့ PNO က ပစ်ခတ်သတ်ဖြတ်

ရှမ်းတောင် ဆီဆိုင်မြို့နယ် ထီစုံရွာအနီးက တိုက်ပွဲအတွင်းမှာ ဖမ်းမိထားတဲ့ ပအိုဝ်းအမျိူးသား လွတ်မြောက်ရေးတပ်မတော် PNLA စစ်သုံ့ပန်း ၄ ဦးကို စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ် PNO ဘက်က ပစ်ခတ်တဲ့ ရုပ်သံရရှိထားကြောင်း PNLA က ထုတ်ပြန်လာပါတယ်။

မူဆယ်မြို့ရှိ ပုဂ္ဂလိက ဆေးရုံတချို့ကို လက်နက်ကိုင်တစ်စုက ပြန်ပေးဆွဲမယ်လို့ ကောလဟာလသတင်း ထွက်လာတဲ့အပေါ် သက်ဆိုင်ရာ ဆေးရုံတွေ စိုးရိမ်နေ

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ရှိ ပုဂ္ဂလိက ဆေးရုံတချို့ကို လက်နက်ကိုင်တစ်စုက ပြန်ပေးဆွဲဖို့ ပြင်ဆင်နေကြောင်း ထွက်ပေါ်လာတဲ့ ကောလဟလသတင်းတွေအပေါ် သက်ဆိုင်ရာဆေးရုံတွေက စိုးရိမ်နေကြကြောင်း ဆေးရုံတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။