စစ်ကောင်စီထိုးစစ်ဆင်နေတဲ့ ကျောက်မဲနယ်မှာ TNLAနဲ့ အပြန်အလှန် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲဆက်လက် ပြင်းထန်နေ
တအာင်းတပ်ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို ဦးတည်ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ စစ်ကောင်စီနဲ့ တအာင်းတပ်မတော် – TNLA အကြား တိုက်ပွဲဆက်လက် ပြင်းထန်နေတယ်လို့ ရှေ့တန်း စစ်မြေပြင်မှာ ရှိနေသူ တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။