လောင်တလိုင်ခရိုင်ဘက် တိမ်းရှောင်ကြတဲ့ ပလက်ဝ စစ်ရှောင်နေအိမ် ၁၀၀ ကျော် ရေနစ်မြှုပ်ပြီး ရေဘေးသင့်သူ ၆၀၀ ကျော်ရှိ

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင်မှာ မြစ်ရေ မြှင့်တက်မှုကြောင့် ပလက်ဝ ချင်းစစ်ဘေးရှောင်နေအိမ် ၁၀၀ ကျော် ရေထဲ နစ်မြှုပ်ပြီး စစ်ဘေးရှောင် ၆၀၀ ကျော်ဟာ ရေဘေးသင့်ခဲ့တယ်လို့ စစ်ဘေးရှောင်တွေဆီက သိရပါတယ်။

မီဇိုရမ်ပြည်နယ်မှာ မိုးရွာသွန်းပြီး မြေပြိုကျတာကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးအပါအဝင် မြန်မာစစ်ဘေးရှောင် ၃ ဦး သေဆုံး

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်ခရိုင်၊ ဗာဖိုင်းကျေးရွာမှာ မိုးရွာသွန်းပြီး မြေပြိုကျတာကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးအပါအဝင် မြန်မာစစ်ဘေးရှောင် ၃ ဦး သေဆုံးခဲ့တယ်လို့ မြန်မာစစ်ဘေးရှောင်တွေဆီက သိရပါတယ်။

မလေးရှားမှာ မြန်မာ ၁ထောင်ကျော် အပါအဝင် နိုင်ငံခြားသား ၁၄၀၀ကျော် ဖမ်းဆီးခံရ

မလေးရှားနိုင်ငံ၊ ဆလန်ဂေါပြည်နယ်၊ ဆလာယန်းမြို့မှာ မြန်မာနိုင်ငံသား ၁ထောင်ကျော်အပါအဝင် အထောက်အထားမဲ့ နိုင်ငံခြားသား ၁၄၀၀ကျော် ဖမ်းဆီးရမိတယ်လို့ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးဌာနက ဒီနေ့ မေလ ၃၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အိန္ဒိယရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ပါကစ္စတန်မှာ သေဆုံးသူ ၂၆ ဦးနဲ့ ဒဏ်ရာရရှိသူ ၄၆ ဦးရှိ

နှစ်နိုင်ငံ စစ်ရေး တင်းမာနေတဲ့ အခြေအနေမှာ အိန္ဒိယနိုင်ငံက ပါကစ္စတန်နိုင်ငံကို ဒီနေ့ မေလ ၇ ရက် မနက် ၁ နာရီ ၅ မိနစ်ကစပြီး ၂၅ မိနစ်ကြာ လေကြောင်း ပစ်ခတ်တိုက်ခိုက်မှု စတင်လုပ်ဆောင်လိုက်ပြီ ဖြစ်ပါတယ်။

တရုတ်နိုင်ငံ ရွှေလီမြို့မှာ ရည်းစားကိစ္စနဲ့ မြန်မာနိုင်ငံသား အမျိုးသမီး ၂ဦးက အမျိုးသမီး ၁ဦးကို လမ်းမပေါ် ညလုံးပေါက် အပြင်းအထန်ရိုက်နှက်ထိုးကြိတ်ခဲ့

တရုတ်နိုင်ငံ၊ ရွှေလီမြို့မှာ ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသား လူငယ်အရွယ် အမျိုးသမီးငယ် ၂ဦးက ရည်းစားကိစ္စနဲ့ပတ်သက်ပြီး အမျိုးသမီးငယ် ၁ဦးကို လမ်းမပေါ်မှာ ညလုံးပေါက် ပြင်းပြင်းထန်ထန်ရိုက်နှက်ထိုးကြိတ်ခဲ့တဲ့ ရုပ်သံဖိုင်ဟာ လူမှုကွန်ယက်မှာ ပြန့်နှံ့ခဲ့ပါတယ်။

ရိုဟင်ဂျာပြည်နယ် ပေါ်ပေါက်လာရေးအတွက် တရုတ်နဲ့ ဘင်္ဂလားဒေ့ရှ် အင်အားကြီးပါတီ ဆွေးနွေးခဲ့

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာလူမျိုးအတွက် သီးခြားလွတ်လပ်တဲ့ ပြည်နယ်တစ်ခု ပေါ်ပေါက်လာဖို့ တရုတ်နဲ့ ဘင်္ဂလားဒေ့ရှ် အင်အားကြီးပါတီနှစ်ခု ဆွေးနွေးခဲ့တယ်လို့ မနေ့ ဧပြီ ၂၇ ရက်က ဘင်္ဂလားဒေ့ရှ်သတင်းဌာနတွေမှာ ဖော်ပြနေပါတယ်။

အိန္ဒိယ မဏိပူရ်အကျဥ်းထောင်မှ ပြစ်ဒဏ်ကျပြီး ပြန်လွတ်လာသူများကို စစ်ကောင်စီက တစ်လကျော်ကြာထိ ဖမ်းဆီးထား

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်တွင် ဖမ်းဆီးထောင်ချ ပြစ်ဒဏ်ကျခံပြီး ပြန်လွတ်လာသူ ၂၇ ဦးကို စစ်ကောင်စီတပ်က ပြန်မလွတ်ပေးသေးဘဲ တစ်လကျော်ကြာထိ ဆက်လက် ဖမ်းဆီးထားတယ်လို့ မိသားစုဝင်တွေက ရွှေဖီမြေကို ပြောပါတယ်။

မလေးရှားမှာ မြန်မာလုပ်သား ၅၉ ဦးအပါအဝင် တရားမဝင် နိုင်ငံခြားသား ၂၈၈ ဦး ဖမ်းဆီးခံရ

မလေးရှားနိုင်ငံ ဆလန်ဂေါ့ပြည်နယ် ကာကျန်းမြို့မှာ မြန်မာ ၅၉ ဦးအပါအဝင် တရားမဝင် နိုင်ငံခြားသား ၂၈၈ ဦး ဖမ်းဆီးခံရတယ်လို့ မလေးရှားရောက် မြန်မာတွေက ရွှေဖီမြေသို့ ပြောပါတယ်။

မလေးရှားမှာ ၁၀ ရက်အတွင်း အထောက်အထားမဲ့ မြန်မာလုပ်သား ၁ ထောင်ကျော် ဖမ်းဆီးခံရ

မလေးရှားနိုင်ငံမှာ ဖေဖော်ဝါရီ ၁၈ ရက်ကနေ ဒီနေ့ ၂၈ ရက်နေ့အထိ ၁၀ ရက်အတွင်း အထောက်အထားမဲ့ ကလေးအပါအဝင် မြန်မာနိုင်ငံသား ၁ ထောင်ကျော် ဖမ်းဆီးခံရတယ်လို့ လူမှုကူညီရေး ဆောင်ရွက်ပေးသူတွေဆီက သိရပါတယ်။

ထိုင်းရဲချုပ် အမိန့်ကြောင့် ၆ ရက်အတွင်း ရွှေ့ပြောင်းမြန်မာလုပ်သား ၅၀၀ ကျော် ဖမ်းဆီးခံရ၊ အများစုကို စစ်မှုထမ်းအတွက် ပြန်ပို့နေ

အင်းငယ်၊ ဖေဖော်ဝါရီ ၂၃ ရက် ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်းမြန်မာလုပ်သားတွေဟာ ဖေဖော်ဝါရီ ၁၇ ရက်ကနေ ဒီနေ့ ဖေဖော်ဝါရီ ၂၃…