မဲဆောက်မှာ မြန်မာနိုင်ငံသားတစ်ဦးက ပစ်ခတ်လို့ ထိုင်း ရဲတပ်ကြပ်တစ်ဦး ပြင်းထန်ဒဏ်ရာရ

မြန်မာ-ထိုင်းနယ်စပ်၊ မဲဆောက်မြို့မှာ လက်နက်အရောင်းအဝယ်လုပ်တဲ့ မြန်မာလူငယ်နှစ်ဦးက ပစ်ခတ်လို့ ထိုင်းရဲတပ်ကြပ်တစ်ဦး ပြင်းထန်ဒဏ်ရာနဲ့ ဆေးကုသမှု ခံယူနေရတယ်လို့ ဒေသတွင်း ထိုင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။

ရွှေလီမှာ တရားမဝင် အလုပ် လုပ်နေတဲ့ အမျိုးသမီးတွေကို တရုတ်ရဲက ဝင်ရောက်ဖမ်းဆီး

တရုတ်နိုင်ငံ ရွှေလီမြို့မှာ တရားမဝင် အလုပ် လုပ်နေတဲ့ အမျိုးသမီး ၃၀ ကျော်ကို တရုတ်ရဲက ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ရွှေလီမှာ ဆောက်လုပ်ရေး အလုပ်လုပ်ကိုင်နေတဲ့ တအာင်းလူငယ်တစ်ဦး တိုက်ပေါ်ကနေ ပြုတ်ကျပြီး သေဆုံး

တရုတ်နိုင်ငံ ရွှေလီမြို့မှာ အလုပ်လုပ်ကိုင်နေတဲ့ တအာင်းလူငယ် တစ်ဦး တိုက်ပေါ်ကနေ ပြုတ်ကျပြီး သေဆုံးသွားခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ရွှေလီမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတစ်ဦး တံတားပေါ်ကနေ ခုန်ချပြီး အလောင်းရှာမတွေ့သေး

တရုတ်ပြည် ရွှေလီမြို့မှာ အလုပ်လုပ်နေတဲ့ အမျိုးသားတစ်ဦး ရွှေလီ-ကျယ်ဂေါင် ကူးပေါင်းတံတားပေါ် ကနေ ခုန်ချခဲ့ပြီး လက်ရှိအချိန်ထိ အလောင်းရှာမတွေ့သေးဘူးလို့ လှုမှုကူညီရေးအသင်းသမားတစ်ဦးက ပြောပါတယ်။

ရွှေ့ပြောင်းမြန်မာလုပ်သား ၁၀၀ ကျော်ကို မလေးရှားအစိုးရက ပြည်နှင်ဒဏ်ပေး

မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ်မှာ တရားမဝင် အလုပ် လုပ်ကိုင်နေကြတဲ့ ရွှေ့ပြောင်းမြန်မာလုပ်သား ၁၁၁ ဦးကို ပြည်နှင်ဒဏ် ပေးလိုက်တယ်လို့ မလေးရှားအစိုးရရဲ့ လူဝင်မှုကြီးကြပ်ရေးဌာနက ဒီနေ့ သြဂုတ် ၂၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်တွေကို ဇီဝအချက်အလက် ကောက်ယူနေ

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်အပါအဝင် ဘင်္ဂလားဒေ့ရှ်က စစ်ဘေးရှောင်တွေရဲ့ ဇီဝအချက်လက်ကို ဇူလိုင် ၂၉ ရက်ကစပြီး ကောက်ယူနေတယ်လို့ မြန်မာစစ်ဘေးရှောင်တွေဆီက သိရပါတယ်။

မီဇိုရမ်မှာ MDF ဒုဥက္ကဋ္ဌ စစ်ဘက်ဆိုင်ရာပစ္စည်းနဲ့အတူ ဖမ်းဆီးခံရ

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ဆိုင်ဟားခရိုင် Tipa ကျေးရွာမှာ ဇူလိုင် ၁၈ ရက် ည ၇ နာရီခန့်မှာ မရာကာကွယ်ရေးတပ်- MDF ရဲ့ ဒုဥက္ကဋ္ဌကို စစ်ဘက်ဆိုင်ရာပစ္စည်းနဲ့အတူ ဖမ်းဆီးရမိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မလေးရှားမှာ မြန်မာရိုဟင်ဂျာ ၃၅၅ ဦးအပါအဝင် နိုင်ငံခြားသား ၄၉၆ ဦး ဖမ်းဆီးခံရ

မလေးရှားနိုင်ငံ ဆလန်ဂေါပြည်နယ် ဆီရီကန်ဘာကန်မှာ မြန်မာ ရိုဟင်ဂျာ ၃၃၅ ဦးအပါအဝင် အထောက်အထားမဲ့ နိုင်ငံခြားသား ၄၉၆ ဦး ဖမ်းဆီးခံရတယ်လို့ မလေးရှားရောက် ရိုဟင်ဂျာလူမျိုးအသိုင်းအဝိုင်းဆီက သိရပါတယ်။

ရွှေလီမှာ ကျောက်စိမ်းလိမ်ရောင်းနေသူတွေကို တရုတ်ရဲတွေက လိုက်လံဖမ်းဆီး

တရုတ်ပြည် ရွှေလီမြို့မှာ ကျောက်စိမ်းလိမ်ရောင်းနေတဲ့သူတွေကို တရုတ်ရဲတွေက ဝင်ရောက်စစ်ဆေးဖမ်းဆီးထားတာ ရှိနေတယ်လို့ ရွှေလီမြို့မှာ အလုပ်လုပ်နေတဲ့ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မဏိပူရ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်တွေကို နာဂလက်နက်ကိုင်အဖွဲ့က ဆက်ကြေး ကောက်ခံနေ

မြန်မာ-အိန္ဒိယနယ်စပ် မဏိပူရ်ပြည်နယ်၊ ကမ်ဂျွန်ခရိုင်ရှိ ကျေးရွာတွေမှာ ခိုလှုံနေတဲ့ မြန်မာစစ်ဘေးရှောင်တွေကို နာဂလက်နက်ကိုင်တပ်ဖွဲ့က ဆပ်ကြေး ကောက်ခံနေတယ်လို့ စစ်ဘေးရှောင်အမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။