လောင်းကစားဝိုင်းနဲ့ ကျားဖြန့်ရုံပေါများတဲ့ မြန်မာ-ထိုင်းနယ်စပ်မြို့ဖြစ်တဲ့ တာချီလိတ်မှာ အမျိုးသမီးတစ်ဦး ပြန်ပေးဆွဲခံရ

ထိုင်း-မြန်မာ နယ်စပ်မြို့ဖြစ်တဲ့ ရှမ်းအရှေ့ တာချီလိတ်မြို့မှာ အမျိုးသား ၄ ဦးက အမျိုးသမီး တစ်ဦးကို ပြန်ပေးဆွဲခဲ့တယ်လို့ ရပ်ကွက်နေ အမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။

မူဆယ်မှာ သေနတ်ကိုင်ဆောင်ထားတဲ့ အမျိုးသား ၂ ဦးက သေနတ်ချိန်ပြီး ဆိုင်ကယ် ယူပြေးသွား

‎စစ်ကောင်စီတပ်ထိန်းချုပ်ထားတဲ့ မူဆယ်မြို့မှာ သေနတ်ကိုင်ဆောင်ထားတဲ့ အရပ်ဝတ်အမျိုးသား ၂ ဦးက ရပ်ထားတဲ့ ဆိုင်ကယ်ကို မောင်းပြေးသွားတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ အမျိုးသားရဲ့ ပြောပြချက်အရ သိရပါတယ်။

“ဝ” ပြည်မှာ အလုပ်လုပ်နေတဲ့ အလုပ်သမားတွေရဲ့ လုပ်အားခကို တရုတ်နှစ်သစ်ကူး မတိုင်ခင်အထိ အပြီးပေးရမယ်၊ လုပ်ငန်းရှင်တွေ ပျက်ကွက်မှုရှိရင် အလုပ်သမားတွေ တိုင်ကြားနိုင်

“ဝ”တပ်မတော် – UWSA ထိန်းချုပ်ထားတဲ့ နယ်မြေအတွင်းထဲမှာရှိတဲ့ လုပ်ငန်းရှင်တွေအနေနဲ့ အလုပ်သမားတွေရဲ့ လုပ်အားခကို တရုတ်နှစ်ကူးမတိုင်ခင်အထိ အကုန်လုံး ရှင်းပေးရမယ်လို့ “ဝ”တပ်ဘက်က ထုတ်ပြန်ထားပါတယ်။

လားရှိုးမှာ ကားတွေ ဆက်တိုက် ခိုးယူခံနေရပြီး စစ်ကောင်စီဘက်က အရေးယူပေးခြင်းမရှိဘူးလို့ဆို

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ မြို့ခံတွေ ကားဆက်တိုက် ခိုးယူခံနေရပြီး စစ်ကောင်စီဘက်က အရေးယူပေးခြင်းမရှိဘူးလို့ မြို့ခံတွေက ရွှေဖီမြေကို ပြောပါတယ်။

နမ့်ဆန်မြို့ ဇယန်ကြီးဘုန်းကြီးကျောင်း မီးလောင်မှုဖြစ်ပွား

ဒီနေ့ ဇန်နဝါရီ ၂၂ ရက် နေ့လည် ၃ နာရီဝန်းကျင်မှာ တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ့်ဆန်မြို့ပေါ်ရှိ ဇယန်းကြီးဘုန်ကြီးကျောင်းမှာ မီးလောင်မှု ဖြစ်ပွားခဲတယ်လို့ နမ့်ဆန်​မြို့ခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ချီဖွေလမ်းမှာ ကားတစ်စီးက မြစ်ကမ်းပါးဖက် ပြုတ်ကျသွားတာကြောင့် ကျောင်းသားတစ်ဦး ဒဏ်ရာရပြီး နောက်ထပ် ကျောင်းသားတစ်ဦးနဲ့ ဆရာတစ်ဦး သေဆုံး

ကချင်ပြည်နယ် ချီဖွေမြို့အဝင် ကားလမ်းမှာ မနေ့ ဇန်နဝါရီ ၂၀ ရက် မနက် ၆ နာရီ ဝန်းကျင်ခန့်က ကားတစ်စီး မြစ်ကမ်းပါးဖက် ပြုတ်ကျသွားတာကြောင့် ကျောင်းသားတစ်ဦး ဒဏ်ရာရပြီး ကျောင်းသားတစ်ဦးနဲ့ ဆရာတစ်ဦးလည်း သေဆုံးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။

မဲဆောက်မှာ မြန်မာနိုင်ငံသားတစ်ဦးက ပစ်ခတ်လို့ ထိုင်း ရဲတပ်ကြပ်တစ်ဦး ပြင်းထန်ဒဏ်ရာရ

မြန်မာ-ထိုင်းနယ်စပ်၊ မဲဆောက်မြို့မှာ လက်နက်အရောင်းအဝယ်လုပ်တဲ့ မြန်မာလူငယ်နှစ်ဦးက ပစ်ခတ်လို့ ထိုင်းရဲတပ်ကြပ်တစ်ဦး ပြင်းထန်ဒဏ်ရာနဲ့ ဆေးကုသမှု ခံယူနေရတယ်လို့ ဒေသတွင်း ထိုင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။

မူဆယ်ရှိ အနှိပ်ခန်းတစ်ခုမှာ တအာင်းအမျိုးသမီးတစ်ဦးက တရုတ်အမျိုးသားတစ်ဦးနဲ့ အတူမအိပ်ပေးလို့ဆိုပြီး မန်နေဂျာက (၃) ရက်ကြာ အခန်းပိတ်ပြီး ရိုက်နှက်နှိပ်စက်ခဲ့

စစ်ကောင်စီထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ ဟိုနားရပ်ကွက် မြို့ရှောင်လမ်းရှိ 68Spa အမည်ရှိ အနှိပ်ခန်းတစ်ခုမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ရက် ည ၁၀ နာရီခွဲအချိန်ခန့် အလုပ်သမားဖြစ်တဲ့ တအာင်းလူမျိုး အမျိုးသမီးတစ်ဦးဟာ ဆိုင်လာတဲ့ တရုတ်လူမျိုးတစ်ဦးနဲ့ မအိပ်ပေးလို့ဆိုပြီး ဆိုင်မန်နေဂျာက အခန်းပိတ် ရိုက်နှက်ခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွါးခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ပမူစယ် ဆီုက်ရဝ်အူအီးကွံင်ဖါ်ႈလာ်ဒါ ခံင်မဝ်းနီန် ပဴင်ယံမ်းဖါ်ႈ အီပ်ုန်အ်ုန် ဒါဆနာတ် စီႎီရ်ပဴင်ယံမ်းဘိုးအ်ုန်

ဘိူန်းအယ်နံပ် ဒီဘိူန်းတံပ်ကညာအာဏာဆီုင်ဇေဝ်ကဲတထိင်ခြဲ ပကပီုန်ဆျှံမ်ကဒါႇပိူည် ဒီကစာပ်ကုင်ခယ် ကာည်း ကုင်ကပိုမ်ဘြာန် ခေဲင်ကီုင်းမူစယ်နီန် ဆီုက်ရဝ်အူအီးနီန် ပဴင်ယံမ်းဟာဝ်းဖါ်ႈ အီပ်ုန်အ်ုန် ဒါဆနာတ် စီႎီရ်ပဴင်ယံမ်းဘိုးအ်ုန်အောႏ။

‎ပြင်ဦးလွင်မှာ နေအိမ်နဲ့ခြံဝန်းမဖျက်ဆီးစေလိုပါက ငွေကျပ် သိန်း ၅၀ ပေးဖို့ စစ်ကောင်စီနဲ့ဌာနဆိုင်ရာက မြေပိုင်ရှင်တွေထံ တောင်းဆို

မန္တလေးတိုင်း ပြင်ဦးလွင်မြို့က မြေပိုင်ရှင်တချို့ကို စစ်ကောင်စီနဲ့ဌာနဆိုင်ရာတွေက နေအိမ်နဲ့ခြံဝန်း မဖျက်စေလိုပါက ငွေကျပ် သိန်း ၅၀ ပေးဖို့ ပြောလာတာရှိကြောင်း စာပို့ခံရသူနဲ့နီးစပ်တဲ့ အမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။