ဝမ်ဟိုင်းအနီးရှိ ကျားဖြန်ရုံက ရိုက်နှက်နှိပ်စက်ခံနေရတဲ့ လူငယ်တွေကို ဆေးကုသပေးခဲ့ရတဲ့ သူနာပြု မနန်းပြောပြတဲ့ ကျားဖြန်ရုံတွေရဲ့ ရက်စက်မှုများ
သူနာပြုပညာတတ်ထားတဲ့ အသက် ၃၀ နှစ်ဝန်းကျင်ရှိ မနန်း(အမည်လွှဲ)တစ်ယောက် ရှမ်းမြောက် တန်ယန်းမြို့မှာ သူနာပြုအလုပ်ခေါ်စာ အွန်လိုင်းစာမျက်နှာပေါ်ကနေ တွေ့ခဲ့ပြီး အလုပ်ခေါ်စာထဲမှာပါတဲ့ ဖုန်းနံပါတ်ကို ဆက်ပြီး သူနာပြုအလုပ်လုပ်ဖို့ လျှောက်ခဲ့ပါတယ်။