ငွေတောင်းကြမ်းနေတဲ့ တန့်ယန်းမြို့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ

စစ်ကောင်စီက ခန့်အပ်ထားတဲ့ ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့ပေါ်က အုပ်ချုပ်ရေးမှူးတွေဟာ ဒေသခံလူထုအပေါ် အကြောင်းအမျိုးမျိုးပြပြီး ငွေတောင်းကြမ်းနေကြပါတယ်။

နောင်ချို ဘုန်းကြီးကျောင်းမှာ TNLA စခန်းချ နေထိုင်တာကြောင့် ဗုံးကြဲခံရတယ်ဆိုတဲ့ သတင်းအမှား

ရှမ်းမြောက် နောင်ချိုမြို့ရှိ စိန်ရတနာ ပရိယတ္တိစာသင်တိုက် ဗုံးကြဲတိုက်ခိုက်ခံရမှုမှာ တအာင်းတပ်မတော်- TNLA က ဘုန်းကြီးကျောင်းထဲ ဝင်ရောက်စခန်းချ နေထိုင်တာကြောင့် စစ်ကောင်စီတပ်က အခုလို ဗုံးကြဲရှင်းလင်းခဲ့တယ်ဆိုတဲ့ သတင်းအမှားတွေ ပျံ့နှံ့နေပါတယ်။

မူးယစ်ဆေးဝါးလို စွဲလမ်းစေတဲ့ စလော့ဂိမ်း ခေါ် ကျွဲဂိမ်း

ကျွန်တော်တို့ ပတ်ဝန်းကျင်ရှိ အင်တာနက်လိုင်းရရာ နေရာတွေမှာ တွေ့မြင်လာရတာတစ်ခုက ဝိုင်းဖွဲ့ပြီး ဂိမ်းဆော့နေကြတဲ့ လူငယ်၊ လူကြီးတွေပဲ ဖြစ်ပါတယ်။ တချို့က အိပ်ရာထဲမှာ တနေကုန် တညလုံးမခွာ ဂိမ်းဆော့နေကြတာပါပဲ။ အဲဒီဂိမ်းဟာ ကျွဲဂိမ်းလို့ လူသိများတဲ့ စလော့ဂိမ်းတစ်ခုပဲ ဖြစ်ပါတယ်။

မိုးကုတ်မြို့ကို စစ်ကောင်စီတပ် ဝိုင်းပိတ်ထားတာကြောင့် TNLA က အရေးပေါ်အခြေအနေ ကြေညာလိုက်တယ်ဆိုတဲ့ သတင်းအမှား

တအာင်းတပ်- TNLA ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့ကို စစ်ကောင်စီတပ်က ဝိုင်းဝန်းပိတ်ဆို့ထားတာကြောင့် TNLA က မြို့လုံခြုံရေးအတွက် အရေးပေါ် အခြေအနေ ကြေညာလိုက်ရတယ်ဆိုတဲ့ သတင်းအမှား ထွက်ပေါ်နေပါတယ်။

တန့်ယန်းမြို့က ကျားဖြန့်နဲ့ လက်ဖြန့် – အပိုင်း ၂

ဒေသခံလူထုအနေနဲ့ အကြပ်အတည်းများစွာနဲ့ ရင်ဆိုင်နေကြရပါတယ်။ ကုန်စည်သယ်ဆောင်ရေးအပြင် ခရီးသွားလာရေးမှာ စစ်ကောင်စီရဲ့ ဂိတ်တွေမှာ ခြိမ်းခြောက်ခံရပြီး နည်းမျိုးစုံနဲ့ ငွေတောင်း ကြမ်းနေပါတယ်။

တန့်ယန်းမြို့က ကျားဖြန့်နဲ့ လက်ဖြန့် – အပိုင်း ၁

စစ်တပ် အာဏာသိမ်းပြီးနောက် တန့်ယန်းမြို့မှာ ချမ်းသာလာတဲ့ အဓိက လူတန်းစားနှစ်မျိုး ရှိပါတယ်။ အဲဒါကတော့ ကျားဖြန့်နဲ့ လက်ဖြန့်ပဲ ဖြစ်ပါတယ်။

လားရှိုး စစ်ရှောင်တွေရဲ့ နေအိမ်ကို MNDAA က သိမ်းယူပြီး ပြန်ငှားနေတယ်ဆိုတဲ့ သတင်းအမှား

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့က စစ်ရှောင်ရဲ့ နေအိမ်တွေကို MNDAA က သိမ်းယူပြီး အိမ်ငှားအဖြစ် ပြန်ငှားနေတယ်ဆိုတဲ့ သတင်းအမှား လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။

ရလဒ်မထွက်တဲ့ ဆွေးနွေးပွဲနဲ့ သတိထားရမယ့် စစ်ကောင်စီရဲ့ လေကြောင်းအန္တရာယ်

By မိုင်းရူပ၊ ရွှေဖီမြေ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ စစ်ကောင်စီနဲ့ တအာင်းတပ်မတော်-PSLF/TNLA ရဲ့ကိုယ်စားလှယ်တွေရဲ့ တွေ့ဆုံမှုဟာ ရလဒ်မထွက်ဘဲ…

ကူမင်း ဆွေးနွေးပွဲမှာ အရပ်သားတွေကို ပစ်မှတ်ထားနေတဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ရပ်တန့်ပေးနိုင်မလား

တရုတ်နိုင်ငံက စီစဉ်ပေးတဲ့ စစ်ကောင်စီနဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်-PSLF/TNLA တို့ တွေ့ဆုံမယ့် ကူမင်း ဆွေးနွေးပွဲမှာ ဒေသခံလူထုတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ အဖြေရှာသွားမယ်လို့ PSLF/TNLA ရဲ့ ပြောခွင့်ရသူ လွေးယေဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီက ဟန်ပြဖမ်းနေပေမယ့် မိုင်းရယ်က ကျားဖြန်လုပ်ငန်း အကြမ်းဖက်မှုတွေနဲ့ ဆက်လက်ကြီးထွားနေ

ကရင်ပြည်နယ်နဲ့ ထိုင်းနယ်စပ်ရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ တရုတ်နိုင်ငံက သရုပ်ဆောင် လူကုန်ကူးခံနေရလို့ နိုင်ငံတကာရဲ့ အာရုံစိုက်မှုကို ခံနေရချိန် စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မိုင်းရယ်မြို့နယ်မှာ ကျားဖြန်လုပ်ငန်းတွေ ဆက်လက်ကြီးထွားနေပါတယ်။