မိုးကုတ်အနောက်ပိုင်းမှာ အရပ်သားတွေ မရှိတော့ဘဲ တော်လှန်ရေးတပ်သာ နေထိုင်လို့ ဗုံးကြဲတိုက်ခိုက်တယ်ဆိုတဲ့ သတင်းအမှား

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ အနောက်ပိုင်းကို ဗုံးကြဲတိုက်ခိုက်တာဟာ ဒေသခံ‌တွေ မရှိတော့ဘဲ တော်လှန်ရေးတပ်သာရှိလို့ ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ကြောင်း စစ်ကောင်စီကို ထောက်ခံတဲ့ လော်ဘီချန်နယ်တွေက ရေးသားဖော်ပြနေပါတယ်။

တရုတ်စီစဥ်ပေးတဲ့ လားရှိုးအုပ်ချုပ်သူ အပြောင်းအလဲဖြစ်ပြီးနောက် ဖြစ်လာနိုင်တဲ့ နယ်စပ်ကုန်သွယ်ရေး အလားအလာ

တရုတ်-မြန်မာ ကုန်သွယ်ရေးအတွက် အရေးပါတဲ့ ကိုးကန့်တပ်မတော် MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ကို စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းပြီးနောက် ရပ်တန့်နေတဲ့ တရုတ်-မြန်မာ ကုန်သွယ်ရေး ပြန်စနိုင်မလားဆိုတဲ့ သုံးသပ်မှုတွေ ရှိနေပါတယ်။

တရုတ်ရဲ့ ဖိအားကြားက စစ်အာဏာရှင် တော်လှန်ရေးမှာ TNLA ဆက်လက်ပါဝင်သွားမယ်

တော်လှန်ရေးအင်အားစုတွေအနေနဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းအောင် မလုပ်ဆောင်နိင်ရင် လာမယ့်မျိုးဆက်သစ်တွေမှာ စစ်ဘေးဒဏ်ကို ဆက်လက်ခံစားရမှာဖြစ်ပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းအောင် ဆက်လက်ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ TNLA က ထုတ်ပြောလာပါတယ်။

လူထုတွေကို ပိုပြီးသွေးစွန်းစေခဲ့တဲ့ စစ်ကောင်စီရဲ့ အပစ်ရပ်ခြင်း

လူပေါင်းထောင်နဲ့ချီ သေဆုံးစေခဲ့တဲ့ ငလျင်လှုပ်ခတ်မှုကြီး ဖြစ်ပွားခဲ့ပေမယ့် မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်မီးဟာ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုဒဏ်ကို နိုင်ငံတဝန်းက လူထုတွေ ဆက်လက်ခံစားနေရပါတယ်။

PSLA လက်နက်အပ်ပြီး နှစ် ၂ဝ အကြာ

အာဏာသိမ်း စစ်အစိုးရ ဖိအားပေးမှုကြောင့် တအာင်းလူမျိုးရဲ့ တော်လှန်ရေးသမိုင်း ခေတ္တ ရပ်တန့်လိုက်ရချိန်က ၂ဝဝ၅ ခုနှစ် ဧပြီ ၂၉ ရက်။

တရုတ်စီစဥ်ပေးတဲ့ လားရှိုးအုပ်ချုပ်သူအပြောင်းအလဲနဲ့ ဖြစ်လာနိုင်တဲ့ ရှမ်းမြောက်နိုင်ငံရေး အခင်းအကျင်း

ကိုးကန့်တပ်မတော်-MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ကို စစ်ကောင်စီတပ်က ပြန်မတိုက်ယူနိုင်ပေမယ့် တရုတ်နိုင်ငံရဲ့ အကူအညီနဲ့ ပြန်အုပ်ချုပ်ခွင့်ရတော့မှာ ဖြစ်ပါတယ်။

Facebook ပေါ် Mai Tea Land အကောင့်ပုံစံ ပြုလုပ်ထားပြီး ဗိုလ်ချုပ် တားဘုန်းကျော် ရေးထားတဲ့စာဆိုပြီး သတင်းအမှား ပျံ့နေ

မနေ့ ဧပြီ ၁၀ ရက်မှာ ဖေ့ဘုတ်စာမျက်နှာပေါ် ပျံ့နှံ့လာတဲ့ Mai Tea Land အကောင့်နဲ့ စာတို ရေးထားတာဟာ တအာင်းတပ်- PSLF/TNLA ရဲ့ အထွေထွေ အတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်ဖြစ်ကြောင်း ဖေ့ဘုတ်စာမျက်နှာတချို့နဲ့ စစ်ကောင်စီရဲ့ လော်ဘီချန်နယ်တွေမှာ ပျံ့နှံ့လာတာကို တွေ့နေရပါတယ်။

လက်လွတ်ခဲ့ရတဲ့ နယ်မြေတွေကို ပြန်မတိုက်ယူနိုင်ပေမယ့် တရုတ်ရဲ့ အကူအညီနဲ့ လားရှိုးကို စစ်ကောင်စီ ပြန်ရတော့မှာလား

ကိုးကန့်တပ်မတော် MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ဟာ လက်ရှိမှာ ပုံမှန်လည်ပတ်နေပေမယ့် လာမယ့် ရက်ပိုင်းတွေအတွင်းဖြစ်လာမယ့် အုပ်ချုပ်သူအပြောင်းအလဲကို လူထုတွေအပါအဝင် တော်လှန်ရေးအင်အားစုတွေကပါ စိတ်ဝင်စားနေကြပါတယ်။

ငလျင် လှုပ်ခတ်သွားတဲ့ ဒေသတွေမှာ အီလွန်မတ်စ်ရဲ့ Wi-Fi Free ရနေတယ်ဆိုတဲ့ သတင်းအမှား

ငလျင်ဒဏ်ကို အပြင်းအထန် ခံစားနေရတဲ့ မန္တလေးနဲ့ စစ်ကိုင်းအပါအဝင် တခြားမြို့နယ်တွေအတွက် အီလွန်မတ်စ်က စတားလင့်ခ် Wi-Fi အခမဲ့ ပေးနေပြီး သုံးလို့ ရနေပြီဖြစ်ကြောင်း သတင်းအမှားတွေ ထွက်ပေါ်လာပါတယ်။

ကပ်ဘေးမျိုးစုံဆိုက်နေတဲ့ မြန်မာပြည်

နိုင်ငံတဝန်း စစ်ဘေးဒဏ်အလူးအလဲခံနေရတဲ့ မြန်မာနိုင်ငံမှာ မနေ့ မတ်လ ၂၈ ရက် နေ့လည် ၁၂ နာရီ ၅၀ မိနစ်ကစပြီး ပြင်းအား ၇.၇ အဆင့်ရှိတဲ့ ငလျင်လှုတ်ခတ်မှုဖြစ်ပွားခဲ့ရာ သေဆုံး ဒဏ်ရာရသူ အများအပြားရှိနေပြီး အဆောက်အဦးအများအပြားလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။