စဉ့်ကူးအနောက်ခြမ်းက ကြက်တူရွေးရွာကို စစ်ကောင်စီတပ် မီးရှို့

မန္တလေးတိုင်း စဉ့်ကူးမြို့နယ်အနောက်ခြမ်းက ကြက်တူရွေးကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ဟားခါးမြို့နယ် လေကြောင်း တိုက်ခိုက်ခံရမှုအတွင်း ဒဏ်ရာအပြင်းအထန်ရရှိခဲ့တဲ့ အမျိုးသား သေဆုံးသွားလို့ မိသားစုတစ်ခုလုံး သေဆုံးသွားခဲ့ခြင်းဖြစ်

ချင်းပြည်နယ်၊ ဟားခါးမြို့နယ် ဟားလ်တာကျေးရွာကို စစ်ကောင်စီတပ်ရဲ့ လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသားတစ်ဦး ထပ်မံ သေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

၁၀၅ မိုင်မှာ ညီနောင်မဟာမိတ်တပ်ဖွဲ့က ညသန်ခေါင်ယံ လူအိပ်ချိန် အိမ်တံခါးတွေ ရိုက်ချိုးပြီး လူဖမ်းတာတွေပြုလုပ်နေ၊ ဖမ်းသွားရတဲ့အကြောင်းအရင်းမပြောပြသလို ဖမ်းဆီးခံရသူတွေလည်း ရိုက်နှက်ခံနေရ

ညီနောင်မဟာမိတ် ၃ ဖွဲ့ ထိန်းချုပ်ထားတဲ့ မူဆယ် ၁၀၅ မိုင်မှာ ညီနောင်မဟာမိတ်တပ်ဖွဲ့က ညသန်ခေါင်ယံ လူအိပ်ချိန် အိမ်တံခါးကို ဖျက်ဆီးပြီး လူတွေ ဝင်ရောက်ဖမ်းဆီးနေတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

မြောင်မှာ စစ်ကောင်စီတပ်က ဂျိုင်ရိုကော်ပတာ ၃ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၂ ဦး သေဆုံး

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်မှာ အခြေစိုက်တဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ တက်လာတဲ့ စစ်ကောင်စီတပ်ရဲ့ ဂျိုင်ရိုကော်ပတာ ၃ စီးဟာ မြောင်မြို့နယ်မှာ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဟားခါးမှာ စစ်ကောင်စီ လေကြောင်း တိုက်ခိုက်မှုကြောင့် သားအမိ သုံးဦးသေဆုံး

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ Haltu နဲ့ Haiphai ကျေးရွာမှာ မနေ့ ဇန်နဝါရီလ ၄ ရက်နေ့ ည ၁၂ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးတိုက်ခိုက်မှုကြောင့် သားအမိသုံးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မူဆယ် နမ့်အွန်ရွာမှာ ကိုးကန့်တပ်က ဒေသခံတွေရဲ့ နွားခြံတွေကို ဖျက်ဆီးပစ်ပြီး မုံညင်းခင်းထဲကို ဆိတ်အများအပြားလွှတ်ထည့်နေ

မူဆယ်မြို့နယ်၊ နမ့်အွမ်ရွာမှာ မနေ့ ဇန်နဝါရီလ ၄ ရက်နေ့က ဒေသခံတွေရဲ့ နွားခြံတွေကို ကိုးကန့်တပ်က ဖျက်ဆီးပြီး မုံညင်းခင်းထဲကိုပါ ဆိတ်လွှတ်ထည့်နေကြောင်း ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ မိုးကုတ်က ဘုန်းကြီးတစ်ပါးနဲ့ အမျိုးသမီးတစ်ဦးသေဆုံး

‎စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း မိုးကုတ်အရှေ့ပိုင်းမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အမျိုးသမီး တစ်ဦးသေဆုံးပြီး ဘုန်းကြီးတစ်ပါး ပျံလွန်တော်မူသွားကြောင်း မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဘီးလင်းမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် ၃ ဦး သေဆုံးပြီး ၂ နှစ်အရွယ် ကလေးအပါအဝင် ၂ ဦးဒဏ်ရာရ

မွန်ပြည်နယ် ဘီးလင်းမြို့အခြေစိုက် စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း (ခမရ – ၃) မှ ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် အလူးကြီးကျေးရွာက ရွာခံအမျိုးသား ၃ ဦး သေဆုံးတယ်လို့ သိရပါတယ်။

မော်လူးက NUG စာသင်ကျောင်းကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်၊ ကျောင်းသူ ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် မော်လူးဒေသက အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကျောင်းသူ ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒီပဲယင်းက စစ်ရှောင်တွေ နေထိုင်တဲ့ စာသင်ကျောင်း ဗုံးကြဲခံရလို့ စစ်ရှောင် ၇ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်က စစ်ရှောင်တွေ နေထိုင်တဲ့ စာသင်ကျောင်းကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ရှောင် ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။