ဗန်းမော်မြို့နယ် ထီးလင်း(ကောင်ဂျာ)မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံပြည်သူ ၁၈ ဦး ဝန်းကျင် သေဆုံးပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ ဧရာဝတီမြစ်ရဲ့ အနောက်ဘက်ကမ်းက ထီလင်း(ကောင်ဂျာ)ရွာမှာ မနေ့ ဇန်နဝါရီလ ၂၂ ရက်နေ့ ညနေပိုင်းက နာရေးလုပ်နေတဲ့ အိမ်ကို စစ်ကောင်စီ ဗုံးကြဲလို့ ဒေသခံပြည်သူ ၁၈ ဦး ဝန်းကျင် သေဆုံးပြီး ၂၀ ကျော် ထိခိုက် ဒဏ်ရာရကြောင်း ဒေသခံတွေဆီက သိရပါတယ်။

တမူးမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက စစ်မှုထမ်းဖို့ စာရင်းကောက်ခံမှုတွေရှိနေ

စစ်ကိုင်းတိုင်း တမူးမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက ၎င်းတို့ထိန်းချုပ်ထားတဲ့ ကျေးရွာတွေမှာ စစ်မှုထမ်းဖို့ တစ်အိမ်တစ်ဦးနဲ့ စာရင်းကောက်ခံမှုတွေ ရှိနေတာကြောင့် ဒေသခံတွေက စိုးရိမ်နေကြတယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။

ဘုရားသုံးဆူမြို့မှာ အသက်အပြည့်သေးတဲ့ ၁၅ နှစ်အရွယ်အမျိုးသမီးတစ်ဦးကို ချစ်သူ‌ကောင်လေးနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါ အမျိုးသား ၄ ဦးက အဓမ္မပြုကျင့်ပြီး အလောင်းဖျောက်၊ ကျူးလွန်သူတွေကို KNU ဖမ်းဆီးထား

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့မှာ အသက်အပြည့်သေးတဲ့ ၁၅ နှစ်အရွယ်အမျိုးသမီးတစ်ဦးကို ချစ်သူကောင်လေးနဲ့ ရပ်ကွက်အုပ်ရေးမှူးအပါ အမျိုးသား ၄ ဦးက အဓ္ဓမ္မပြုကျင့်ခဲ့တယ်လို့ သိရပါတယ်။

ဆောမြို့နယ် လယ်ကြီးအိုင့်ကျေးရွာကို ဗုံးကြဲတိုက်ခိုက်လို့ ၁ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာ

မကွေးတိုင်း ဆောမြို့နယ် လယ်ကြီးအိုင့်ကျေးရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံ ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ယောအလင်းတန်းက ကိုအောင်ကြီးက ရွှေဖီမြေကို ပြောပါတယ်။

ဒီပဲယင်းမြို့နယ်က ပျံကျရွာကို စစ်ကောင်စီတပ်က ဗုံးကြဲလို့ အမျိုးသမီးတစ်ဦး သေဆုံး

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ပျံကျကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တာကြောင့် ဒေသခံ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

မူဆယ်ရှိ အနှိပ်ခန်းတစ်ခုမှာ တအာင်းအမျိုးသမီးတစ်ဦးက တရုတ်အမျိုးသားတစ်ဦးနဲ့ အတူမအိပ်ပေးလို့ဆိုပြီး မန်နေဂျာက (၃) ရက်ကြာ အခန်းပိတ်ပြီး ရိုက်နှက်နှိပ်စက်ခဲ့

စစ်ကောင်စီထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ ဟိုနားရပ်ကွက် မြို့ရှောင်လမ်းရှိ 68Spa အမည်ရှိ အနှိပ်ခန်းတစ်ခုမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ရက် ည ၁၀ နာရီခွဲအချိန်ခန့် အလုပ်သမားဖြစ်တဲ့ တအာင်းလူမျိုး အမျိုးသမီးတစ်ဦးဟာ ဆိုင်လာတဲ့ တရုတ်လူမျိုးတစ်ဦးနဲ့ မအိပ်ပေးလို့ဆိုပြီး ဆိုင်မန်နေဂျာက အခန်းပိတ် ရိုက်နှက်ခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွါးခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ဒီပဲယင်းမြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်လို့ တစ်‌ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်လို့ ဒေသခံတစ်ဦး သေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

မူဆယ်မှာ ဆေးကြောင်တဲ့ ပြည်သူ့စစ်တစ်ဦးက သူ့အမျိုးသမီးကို သေနတ်နဲ့ ပစ်သတ်ပြီး သူ့ကိုသူကိုလည်း ပြန်ပစ်သတ်ခဲ့

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ တရုတ် – မြန်မာနယ်စပ် ရှမ်းမြောက် မူဆယ်မြို့မှာ ပြည်သူ့စစ်တစ်ဦးက သူ့ရဲ့အမျိုးသမီးဖြစ်သူကို သေနတ်နဲ့ပြန်ပစ်သတ်ခဲ့တာကြောင့် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

သီပေါမှာ TNLA ထိန်းချုပ်စဉ်က အုပ်ချုပ်ရေးမှူးလုပ်ခဲ့တဲ့ အမျိုးသား ၄ ဦး ထောင်ဒဏ် ၇ နှစ်နဲ့ တစ်သက်တစ်ကျွန်းချမှတ်ခံရ

စစ်ကောင်စီတပ်ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် သီပေါမြို့မှာ တအာင်းတပ်-TNLA ထိန်းချုပ်စဉ်ကာလက အုပ်ချုပ်ရေးမှူးလုပ်ခဲ့တဲ့ အမျိုးသား ၄ ဦး ထောင်ဒဏ် ၇ နှစ်နဲ့ တစ်သက်တစ်ကျွန်းချမှတ်ခံရတယ်လို့ ထောင်ဒဏ်ချမှတ်ခံရတဲ့သူနဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မန်တုံမှာ တအာင်းရဲတပ်ဖွဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဆောင်ရွက်ချိန် သေနတ်နဲ့ပစ်ခတ်လို့ သေဆုံးသွားသူအတွက် နစ်နာကြေး သိန်း ၂၀ ပေး၊ ပစ်ခတ်တဲ့ရဲတပ်ဖွဲ့​ကို အပြစ်ပေးအရေးယူဖို့ တောင်းဆိုထား

တအာင်းတပ် ထိန်းချုပ်ထားတဲ့ မန်တုံမြို့နယ် နမ့်ဟိုင်း(မိုင်းဘော်) ကျေးရွာမှာ တအာင်းရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်း ဆောင်ရွက်နေတဲ့အချိန် သေနတ်နဲ့ပစ်ခတ်လို့ သေဆုံးသွားတဲ့သူအတွက် နစ်နာကြေး သိန်း ၂၀ နဲ့ ဆန်တစ်အိတ်ထောက်ပံ့ပေးခဲ့တယ်လို့ ရဲတပ်ဖွဲ့ဝင်တစ်ဦးဆီကနေ သိရပါတယ်။