မိုင်းရယ်မှာ ဖမ်းမိတဲ့ တရုတ်နိုင်ငံသား ကျားဖြန်တွေကို စစ်ကောင်စီတပ် လားရှိုးဘက်သို့ ပို့ဆောင်ထား
စစ်ကောင်စီလက်အောက်ခံ မိုင်းဟပြည်သူ့စစ် ထိန်းချုပ်နယ်မြေ ရှမ်းမြောက် မိုင်းရယ်မြို့နယ်ထဲမှာ ဖမ်းဆီးရမိတဲ့ တရုတ်နိုင်ငံသား ကျားဖြန်တွေကို စစ်ကောင်စီတပ်ဘက်က လားရှိုးမြို့ဘက်ကို ပို့ဆောင်ထားလိုက်ပြီလို့ ဒေသခံတွေဆီက သိရပါတယ်။