Browsing Category
တိုက်ပွဲသတင်း
36 posts
ဖလမ်းမြို့သို့ စစ်ကူတက်လာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ဗိုလ်မှူးတစ်ဦးအပါအဝင် ၃၆ ဦး သေဆုံး
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကူအဖြစ် တက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး ဗိုလ်မှူးတစ်ဥဦးအပါအဝင် ၃၆ ဦး သေဆုံးခဲ့တယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်တွေက ရွှေဖီမြေသို့ ပြောပါတယ်။
ဖလမ်းမြို့နယ်က စစ်ကောင်စီ စခန်းကုန်းနှစ်ကုန်း သိမ်းပိုက်ရရှိပြီး နှစ်ဖက် ထိခိုက်မှုရှိ
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဆုမ်းရန်းရွာမှာ စစ်ကောင်စီတပ်မှ နေရာယူ တပ်စွဲထားတဲ့ စခန်းကုန်းနှစ်ခုကို ချင်းတော်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ရရှိထားပြီး နှစ်ဖက်ထိခိုက်မှုရှိတယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းက ရွှေဖီမြေကို ပြောပါတယ်။
စစ်ကောင်စီရဲ့ ထိုးစစ်ကြောင့် မိုးကုတ် – မိုးမိတ်လမ်းပိုင်းက ကျေးရွာတချို့ကို တော်လှန်ရေးတပ်တွေ လက်လွှတ်ရ
တရုတ်အကူအညီနဲ့ စစ်ကောင်စီပြန်ရခဲ့တဲ့ မိုးကုတ်-မိုးမိတ်မြို့နယ်ကြားရှိ ကျေးရွာတွေမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲဆက်ဖြစ်နေပြီး တော်လှန်ရေးတပ်တွေဘက်က ကျေးရွာတချို့ လက်လွှတ်ခဲ့ရတာရှိတယ်လို့ သိရပါတယ်။
ပဲခူးတိုင်းမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး နှစ်ဖက်တပ် ကျဆုံးမှုရှိ
ပဲခူးတိုင်း ကျောက်တံခါးမြို့နယ်မှာ စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး နှစ်ဖက်လုံး ကျဆုံးမှုတွေရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ် အမှတ် (၂) စစ်ဆင်ရေးနယ်မြေက ထုတ်ပြန်ထားပါတယ်။
ရန်ကုန် – မန္တလေး လမ်းဟောင်းပေါ်ရှိ တောကျွဲအင်းမြို့အပါအဝင် စစ်ကောင်စီရဲ့ တပ်စခန်း ၁၄ ခုကို PDF တပ်တွေ တိုက်ခိုက်ခဲ့
ရန်ကုန် – မန္တလေး လမ်းဟောင်းပေါ်ရှိ တောကျွဲအင်းမြို့အပါအဝင် စစ်ကောင်စီရဲ့ တပ်စခန်း ၁၄ ခုကို ပြည်သူ့ကာကွယ်ရေးတပ် – PDF တွေက တပြိုင်နက် တိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ – NUG က သတင်းထုတ်ပြန်ပါတယ်။